Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, January 16, 2013

“ပုံပြင်ထဲက..ဖေဖော်ဝါရီတမ်းချင်း”

ချစ်သူများနေ့မှာ ထုတ်ဝေမယ့်ကဗျာစာအုပ်လေးထဲက... ကဗျာတစ်ပုဒ်ပါ....

“ပုံပြင်ထဲက..ဖေဖော်ဝါရီတမ်းချင်း”
ပူနွေးပြင်းရှရှ လေပြည်က
ဆောင်းအကုန် နွေအကူးတို့နဲ့အတူ
ညင်သာစွာ တိုးဝှေ့တိုက်ခတ်လာတယ်..။
ငါရှုရှိုက်ခဲ့တဲ့ လေပြေရနံ့တွေက
အောက်ဆီဂျင်မပါတော့သလို
ရင်ခုန်သံနှုန်းတွေကို ရပ်တန့်စေခဲ့တယ်…။

ဟိုး…အဝေးခပ်ရေးရေးလေးမှာ
ခြေလှမ်းတွေက နီးကပ်စွာလာခဲ့တယ်
ငါ့ရင်အစုံမှာခိုနားဖို့အတွက်…
လှမ်းလာခဲ့လေရောသလား..သခင်ရယ်..။

“တောင်ပံခတ်သံ”



“တောင်ပံခတ်သံ”

ဘ၀အတွက် ခက်ခက်ခဲ

လျှောက်ရတဲ့လမ်းတွေမှာ

ကြေမွနေတဲ့ ဖိနပ်တစ်ရံကလည်း

ပါးလှပ်လှပ်ဖြစ်နေခဲ့ပါပြီ…။

အံဝင်ခွင်ကျမရှိသေးတဲ့..ဘ၀တစ်ခုဟာ…

နွေလေပြေကြွေနေတဲ့

ရွက်ခြောက်လေးတွေလိုပါပဲ

ဟိုဟိုဒီဒီ..လူးလွင့်ဝဲပျံနေလို့ပေါ့…။