Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, October 7, 2012

“၀ိညာဉ်”

ငါတစ်ယောက်တည်း
စွန့်စားခဲ့တယ်
ဝေးသောခရီး
မနီးသော နေရာလေးမှာ
အရောက်လာခဲ့မိတယ်
ယုံမှတ်စရာမရှိတယ်
တကယ်ပင်ဟုတ်ရဲ့လားလို့
ငါ့ကိုလေ…နင်ကြိုနေမလား
အတွေးစိတ်က ယောက်ယတ်ခတ်
လမ်းတ၀က်က မျက်ရည်စက်က
အမှတ်တမဲ့နဲ့ ကျလာ
ရွာချလာတဲ့ မိုးတွေက
အတိုးတွေနဲ့ ပါလာခဲ့တယ်
ငါလာခဲ့ပါတယ်…
မင်းနဲ့အတူပျော်ဘို့
နောက်ဆုံးခရီး..မညည်းစတမ်း
ခရီးလမ်းမှာ..အဖြစ်တွေကဆိုး
ညစ်သိုးသိုး အ၀တ်အထည်တွေက
ဖြေးညင်းစွာ ခေါ်ဆောင်ခဲ့သည်
အသင်ဝိညာဉ်..။