Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, December 31, 2012

“ပြာရီမိုးသားထက်က..ရေပြင်ကျယ်”

“ပြာရီမိုးသားထက်က..ရေပြင်ကျယ်”

ညှို့မှိုင်းပြာရီ၊ တိမ်စိုင်တွေဟာ
ဟိုဒီပြေးလွှား၊ စစ်ခင်းနေတာ
ဝေဟင်ယံတင့်၊ ကောင်းကင်ပြင်ကြယ်မှာ…။
စိမ်းစိုပြာလဲ့၊ ရှမ်းတောင်တန်းလည်း
မြူခြေအုံ့ဆိုင်း၊ ပင်တိုင်းညီညာ
အလှဝေဖြာ၊ သဘာဝရယ်ပါ…။
ကျယ်ပြောအလျင်၊ မြေပြင်တစ်ခွင်
အင်းလေးကန်သာ၊ နှလုံးသားမှာ
ကဗျာဖွဲ့ချင်တာ…။
ကန်ရေပတ်လည်၊ အင်းလေးပြင်ကျယ်
လှေလှော်တောင်သား၊ မျှော်ကြည့်မိရာ
တောင်တန်းဆီမှာ၊ အဖော်ရယ်မပါ….။

“နှုတ်ဆက်ပါတယ်.....ဒီဇင်ဘာရယ်..”

“နှုတ်ဆက်ပါတယ်.....ဒီဇင်ဘာရယ်..”

ညနေ (၆)နာရီထိုးခဲ့ပြီ
နှစ်သစ်ကိုရောက်ဖို့အတွက်
နာရီပေါင်း (၆)နာရီစောင့်ရအုံးမည်
မွန်းကျပ်ကျပ်..အခန်းကျဉ်းလေးထဲ
တစ်ယောက်တည်း...အဖော်တွေမပါခဲ့လဲ
ရင်ဘတ်ထဲကဆန္ဒ...
Happy New Yearရယ်လို့
တစ်ယောက်တည်း..ဟစ်ကြွေး
ဘေးဘေးဘီ..လှည့်ကြည့်မိတယ်
ရင်ဘတ်ထဲကဆန္ဒ...
ယောင်ယောင်တမ်းတလိုက်မိတာပါ...
ဟော..ဟိုမှာ...
လမင်းကလည်း..သာနေပြီ
ကြယ်တွေကလည်း..စုံနေပြီ...
မီးရှုးမီးပန်းတွေက...
ကောင်းကင်ပေါ်..ပြန်ကျဲ့လာခဲ့
ပြုံးရိပ်တစ်ခုက..
ကောင်းကင်ကလမင်းနဲ့အပြိုင်..
ဝါး....ဆိုတဲ့..အံ့သြသံတစ်စုံက
နှုတ်ဖျားကထွက်လာမိတယ်..
ကမ်းလင့်နေတဲ့လက်တစ်စုံက..
မြေပြင်လွှာပေါ်...သက်ဆင်းကြွေကျတယ်