Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, June 6, 2012

“လွမ်းနေတာ…သိပါစေ”

အလွမ်းဆိုတဲ့ မနက်ခင်းမှာ
ငှက်ကလေးတွေ တေးဆိုနေလို့
ငါလည်း မင်းကိုလွမ်းနေခဲ့တယ်….။
အလွမ်းဆိုတဲ့ နေ့လယ်မှာ
ဥသြတွေက တွန်သံကျူးတော့
ငါလည်း မင်းကိုလွမ်းနေခဲ့တယ်…။
အလွမ်းဆိုတဲ့ ညတွေမှာ
ပိုးစုန်းကြူးတွေ အော်မြည်လို့
ငါလည်း မင်းကိုလွမ်းနေခဲ့တယ်..။
လွမ်းနေတာတွေဟာ
အပန်းဖြေစရာတွေ…ရှိခဲ့ပေမယ့်
ငါ့နားမှာ..မင်းရှိနေတာထက်
ပြည့်စုံခြင်းမရှိခဲ့ဘူးဆိုတာ
မင်း…သိပါစေနော်…..။

နေခြည်သစ်နွယ်(ပြည်)

No comments: