Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, December 9, 2012

“စိတ္တဇညဒီဇင်ဘာ”



အလွမ်းပိုခဲ့ရသလို

အချမ်းလည်းပိုခဲ့ပြီ

မင်းလက်နှစ်ဖက်ကို ဆုပ်ကိုင်ဖို့အရေး

ငါတွေးကြည့်မိတယ်

ဘယ်တော့များမှလဲ…..

ဒီဇင်ဘာရယ်…နှင်းစက်လေးတွေရယ်က

အချစ်ကို အထီးကျန်စေခဲ့ပြီ…။

ပုံရိပ်တွေက ငါ့ကမ္ဘာမှာ

နှင်းတွေဝေတဲ့ ညချမ်းနဲ့အတူ

မှုန်ရီလို့ေ၀၀ါး အခါခါပဲလေ….။

ပြုံးရယ်နေတဲ့ ချစ်သူက

ငါ့ရှေ့ကိုရောက်လာခဲ့တယ်

ကမ်းလက်ကို ဆုပ်ကိုင်ဖို့အရေး

ပျောက်ကွယ်သွားတယ်…

ဆောင်းအိပ်မက်ရှည်တွေထဲပေါ့…။

ရင်ခွင်တစ်ခုက ထွေးပိုက်ထားတယ်

အနွေးလှိုက်စေတဲ့ နှလုံးသားတစ်စုံက

ခုန်ဆွခုန်ဆွနဲ့…ငါ့ရင်ဘတ်မှာ

သြော်…အထိမှာငြိမိတော့…

ချစ်သူက…ဒီဇင်ဘာမှာရောက်မလာတော့ဘူးပေါ့…..။


နေခြည်သစ်နွယ်(ပြည်)