Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, April 30, 2013

“ဆည်းဆာနေ၀င်ချိန်”

“ဆည်းဆာနေ၀င်ချိန်”
ဆည်းဆာဟာ..အလှဆိုပေမယ့်
ဘ၀အတွက်တော့…နေ၀င်ချိန်
တိမ်တွေဖုံးလွှမ်းတဲ့..ကောင်းကင်ရဲ့အောက်မှာ
လရောင်တွေကလည်း ၀ိုးတ၀ါး…
ပူပြင်းတဲ့ သဲကန္တာရတွေက
နွေတစ်ရာမက…ပူပြင်း
ခရီးကြမ်းတဲ့…လမ်းတွေမှာ
အပန်းဖြေစရာ…သစ်ရိပ်အိုရယ်…
နွမ်းခြောက်တဲ့…ပင်ကိုင်းထက်ဆီက
ဥသြငှက်ငယ်..တေးဆိုသံတွေက
နေ၀င်သောဆည်းဆာချိန်နဲ့အတူ
ကြည်နူးမဆုံးရှိကြပေမယ့်လည်း..
ခရီးဆုံးရဲ့နားခိုရာ…နေရာလွတ်တစ်ခုကတော့
ဘယ်ဆီမှာပျံသန်း…လှမ်းထွက်ခဲ့…အဝေးဆီမှာ…။

နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com

“ကြင်သူခင်အတွက်”

“ကြင်သူခင်အတွက်”
ကိုယ်နဲ့မင်းနဲ့..မခွဲမြဲတူပင်
ကြည်ကြည်နူးနူး..တို့အစဉ်
ရင်ခွင်ဦးသို့..တိုးဝင်ခင်…။
ကြင်နာသက်လျာ…ရင်မှာတစ်မျက်နှာ
စဉ်သာမေတ္တာ…ခင့်စေလိုရာ…။
မကြွေစမ်းနဲ့…မြေလမ်းလေးမှာ
ကိုယ်တေးဆိုကာ…ရည်ရွယ်တာ
ခင့်အတွက်ပါ…။
မေတ္တာကမ္ဘာ…မပျက်ပြယ်တာ
သက်ထားကညာ…အလှဆုံးပါ..။

“ငြိမ်းအေးကြစေဓမ္မဖြင့်သာလေ”


“ငြိမ်းအေးကြစေဓမ္မဖြင့်သာလေ”

အို…မြန်ပြည်တခွင်
ငြိမ်းချမ်းသာယာ…ဘေးရန်ကွာ၍
လန်းဖြာစေသော်…။
လူ့ဘောင်လောက..ခဏတာဝယ်
ဒုက္ခဆင်းရဲ..ကြုံရတွေ့ရ
အနတ္တလည်း..အတ္တဖြစ်၍
မင်းထက်သူငါ…တော်တတ်ပါ၏
မပြတ်ခိုက်ရန်…ငြှိုးရန်ပွားလည်း
အမျက်မပြေ…နေ၍သာလေ
ခဏတာဝယ်…စိတ္တတွင်းမှ
ပူလောင်မီးများ..လျှမ်းလျှမ်းတက်လာ