Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 29, 2012

ရွှေမြို့တော် ရသစုံ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ၀ယ်နိုင်သည့်ဆိုင်များ


ချစ်ခင်လေးစားရသော စာရေးသူများနှင့် မန်ဘာများအပေါင်းတို့ခင်ဗျာ…
ရွှေမြို့တော် ရသစုံ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်နေပြီဖြစ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရန်ကုန်မြို့တွင် အောက်ပါ ဆိုင်များတွင် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၂)ရက်(တနင်္လာနေ့)တွင် စတင်ရောင်းချပေးမည်ဖြစ်ပါသည်-
(၁) စာပေလောက(၅) ပန်းဆိုးတန်းလမ်း
(၂) အမေ့အိမ်           ပန်းဆိုးတန်းလမ်း
(၃) ပညာရွှေတောင်   ပန်းဆိုးတန်းလမ်း