“ချစ်ခြင်းဖွဲ့သော…လွမ်းချင်း”
ကောင်လေးရေ..ဂိမန္တနွေဦးကာလတွေကိုတောင်
ရောက်လာပြန်တော့မယ်နော်…နံနက်ခင်းမိုးလေးအလင်းမှာ.. အေးအေးစက် စက်လေးနဲ့၊ ညချမ်းချိန်ခါသမယလေးမှာ
အေးအေးနွေးနွေးလေပြေတွေက ကျွန်မနှလုံးသားကို ပြုစားလိုက်ပြန်ပြီနော်… သတိရခြင်းဆိုတာ..
နီးခြင်း၊ ဝေးခြင်း မဟုတ်ဘဲ..ချစ်တတ်တဲ့နှလုံးသားတွေနဲ့သာ သက်ဆိုင်တယ်ဆိုတာကို ကောင်လေးလည်း
သိနေမှာပေါ့၊ အတူတူပျော်ခဲ့ကြတဲ့နေ့ရက်တွေနဲ့အတူ၊ ကြည်နူးခဲ့ကြတဲ့အပြုံးတွေက..နွေဦးလေပြေတွေနဲ့ထပ်တူ
တိုက်ခတ်လို့ လာခဲ့ပြန်ပြီနော်။ မွေးဖွားခြင်းဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ တို့နှစ်ယောက်အတူ
ရှင်သန်လာခွင့်ရပေမယ့်.. သေဆုံးခြင်းဆိုတဲ့ ခေါင်းစဉ်တွေကိုတော့ တို့တတွေ ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး…။
ကောင်လေးရေ..ရှင်သန်ချိန်တိုင်းမှာ
အချစ်တွေနဲ့ပဲ ကုန်စေချင်တယ်…၊ အမုန်းတရားဆိုတာ တို့နှစ်ယောက်ကြားမှာ မရှိစေရဘူးနော်၊
ဘ၀ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့ ခေါင်းစဉ်တွေအောက်မှာ တို့တတွေ ဘယ်ချိန်ထိ ဝေးနေရအုံးမလဲ၊
ဘယ်ချိန်တွေ ထိ ငိုနေရအုံးမလဲ၊ ဘယ်ချိန်တွေထိရော ကြေကွဲနေရအုံးမလဲ၊ ပြက္ခဒိန်တွေကိုသာ
လက်ချိုးရေတွက်ကြည့်နေခဲ့ရပေမယ့်၊ ဆုံနိုင် ခွင့်ရှိမယ့်နေ့ရက်တွေကတော့ မတွေးရဲသေးတော့ပါဘူးနော်။
ကောင်လေးရေ…ရင်အခုန်ရဆုံးနေ့ရက်တွေ..၊
အချိုသာဆုံးစကားတွေနဲ့အတူ၊ ဟန်ဆောင်ခြင်းကင်းမဲ့သော ဖွင့်ဟပြောဆိုမှု၊ ကြည်လင်သောအပြုံးတွေဟာ..လှပသောကောင်းကင်ကြီးရဲ့အောက်မှာ
အသက်ဝင်နေခဲ့လို့ပေါ့။ စစ်ပွဲတွေက အကြိမ်ကြိမ်ဖြစ် တယ်၊ ဒါပေမယ့် တို့နှစ်ယောက်ရဲ့
နှလုံးသားကမ္ဘာလေးဟာ ဘယ်တော့မှ ပျက်ဆီးမသွားခဲ့သေးပါဘူး၊ နောင်နှစ်များစွာတိုင် အောင်လက်တွဲလို့..ခရီးဆက်ကြတာပေါ့နော်..။
သဘာဝတရားကြီးဆိုတာ ရှိနေခဲ့သေးရင် ကောင်းကင်ကြီးလည်း ရှိနေမှာပေါ့နော် ကောင်းကင်ကြီးရှိနေသရွေ့လည်း
တစ်မိုးအောက်မှာ အတူတူနေရဖို့ ဆုတောင်းကြတာပေါ့။