“နှလုံးလှပိုင်ရှင်”
နှစ်ကာလတွေက အတော်ပင်ကြာခဲ့လေပြီ..တာဝန်တွေ၊
ဝတ္တရားတွေကိုယ်စီကိုယ်ငှဖြင့် ရုန်းကန်လှုပ်ရှားနေခဲ့ကြပေမယ့် တစ်နေရာရာမှာတော့ ဆုံတွေ့ကြရလိမ့်မယ်လို့
မျှော်လင့်မထားခဲ့ကြပါဘူး…ဒါပေမယ့်လည်း ဆုံတွေ့ခဲ့ကြရပြန်သေးသည်။ ကျွန်မအတွက် လွန်ခဲ့သော
လေးနှစ်ကျော်ကာလကို ရောက်ရှိသွားသလိုပါပဲ..မနေ့တစ်နေ့ကလို ပီတိတွေက လက်ရှိအချိန်မှာ
ပြီးပြည့်စုံတဲ့ပီတိတစ်ခုကို ရခဲ့မိတာကြောင့်လည်း ပို၍ပင် ၀မ်းသာကြည်နူးခဲ့ရပြန်သည်။
ကျွန်မ၏၀မ်းသာခြင်းပီတိအပြုံးသည် ငွေကြေးထက်ပင် သာလွန်မြင့်မြတ်သည်ဟု ဆိုနိုင်ပေမည်။
လွန်ခဲ့သောလေးနှစ်တာကာလအချိန်လေးက ကျွန်မ၏အသက် အရွယ်က (၂၃)နှစ်မျှသာရှိသေးသည်၊ ကျွန်မ၏
သူငယ်ချင်းဖြစ်သူ ယဉ်ကြည်နှင့် ကွန်ပျူတာဆိုင်လေးတစ်ဆိုင်တွင် အတူတူ အလုပ်လုပ်ခဲ့ဘူးကြသည်…
ယဉ်ကြည်က ကျွန်မ၏ သူငယ်ချင်းဆိုပေသည့် ကျွန်မထက်အသက်အရွယ်အရ (၅)နှစ်မျှကွာသည်.. ထို့ကြောင့်လည်း
ကျွန်မက မယဉ်ကြည်ဟုပင်ခေါ်သည်။ တစ်နေ့တော့..မယဉ်ကြည်၏ သူငယ်ချင်းများဖြစ်သူ သိန်းဇံနှင့်
ဇော်ကိုဆိုသော လူနှစ်ယောက် ကျွန်မတို့၏ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။ မယဉ်ကြည်၏ သူငယ်ချင်းများသည်
ကျွန်မထက်ပင် အသက်အရွယ်ကွားခြားလှသည်..ကျွန်မအား ညီမလိုတစ်မျိုး.. သူငယ်ချင်းလိုတဖုံ
ချစ်ခင်ခဲ့ကြသည်…
“ညီမလေး မြတ်ပန်းနွယ်..ဒါ…အစ်မရဲ့..သူငယ်ချင်းတွေလေ”
“သူ့နာမည်က သိန်းဇံ…သူ့နာမည်ကတော့
ဇော်ကိုတဲ့..မှတ်ထားနော်”
“ဟုတ်ကဲ့ပါအစ်မ…အော်..ဒါနဲ့…အစ်ကိုတို့က…အစ်မယဉ်ကြည်နဲ့
အသက်အတူတူပဲဆိုတော့…အစ်ကိုသိန်းဇံ… အစ်ကိုဇော်ကိုလို့ ပဲ ခေါ်မယ်နော်”
“ရပါတယ်ဟာ…ငါတို့က
ယဉ်ကြည်နဲ့ဆို ပြောမနာဆိုမနာ..ငယ်သူငယ်ချင်းတွေလေ…”
ထိုနေ့မှစ၍ပင် ကျွန်မနှင့်
မယဉ်ကြည်..အစ်ကိုသိန်းဇံ…အစ်ကိုဇော်ကိုတို့သည် ပြောမနာဆိုမနာ သူငယ်ချင်းမိတ်ဆွေများပင်
ဖြစ်ခဲ့ကြလေသည်။ ကျွန်မတို့လေးယောက်ထဲတွင်မူ အစ်ကိုသိန်းဇံသည် ချူချာသည်၊ အင်ဂျင်နီယာတစ်အယောက်အဖြစ်
လုပ်ငန်း ခွင်တွင်ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့သော်လည်း ကျန်းမာရေးတွင်တော့ ဆေးခန်းကပင်
အရှုံးပေးထားရလောက်အောင် ပင်ဖြစ်သည်။ သူတို့အကြောင်းတွေကိုတော့ဖြင့် မယဉ်ကြည်မှ ကျွန်မကိုပြောပြ၍သာ
အကြောင်းစုံသိရသည်။ ထိုသို့ပင် ကျွန်မတို့(၄)ဦး၏ ခင်မင်မှုသည် ပို၍ပင်နက်ရှိုင်းလာခဲ့ကြသည်။
တစ်နေ့ ဇန်န၀ါရီလရဲ့ နေ့လယ်(၁၀)နာရီအချိန်ခန့်လောက်ပေါ့… အစ်ကိုသိန်းဇံနှင့် အစ်ကိုဇော်ကိုတို့
ရောက်ရှိလာခဲ့ကြပြီး…