လူတိုင်းရဲ့
နှလုံးသားကိုယ်စီဟာ ချစ်တတ်ခြင်းတွေနဲ့ စတင်လာကြပါတယ်၊ ချစ်တဲ့သူတွေတိုင်း
ချစ်တတ်ဖို့ကတော့ လွယ်ကူနိုင် မယ့်အလုပ်မျိုးမဟုတ်ပါဘူး၊ လူတစ်ယောက်ကို
ချစ်ဖို့ဆိုတာ လုပ်ယူလို့လည်းမရသလို၊ ဖန်တီးယူပိုင်ခွင့်လည်းမရှိပါ၊
မွေးရာပါ ဘယ်ဘက်ရင်အုံမှာရှိတဲ့ နှလုံးသားရဲ့ ရင်ခုန်သံနှုန်းနဲ့သာ
သက်ဆိုင်နေပါတယ်နော်၊ အချစ်ဆိုတာကို ဖွင့်ဆိုရခက်ခဲတဲ့
အနက်တွေအမျိုးမျိုးကြားမှာ အဓိပ္ပါယ်တစ်ခုချင်းစီတော့
သက်ရောက်မှုရှိနိုင်ပါတယ်လေ၊ အချစ်ဆိုတဲ့အနက်ဟာ လူသားတိုင်း
တစ်ဦးချင်းစီရဲ့ ခံစားခဲ့ရမှု၊ တွေ့ကြုံရမှုဆိုတာတွေရဲ့အောက်မှာ
မွေးဖွားရှင်သန်လာခဲ့ကြတဲ့ ခေါင်းစဉ်လေးတွေပါပဲ… ထို့ကြောင့်လည်း
အချစ်ဆိုတဲ့ စကားလေးနှစ်လုံးကို ဖွင့်ဆိုရခက်ခဲနေကျပြန်တာပေါ့..။
လူတိုင်းကိုယ်စီ
ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အရာလေးတွေတော့ ရှိနေကြမှာပါဘဲ…အချို့ကလည်း
ချစ်ခဲ့ဖူးလို့ အချစ်ကို စိုးရွံ့ထိတ်လန့် သွားကြတယ်၊ အချို့ကလည်း
ရူးရူးမူးမူးပေါ့၊ ခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့..မိုက်ရူးရဲလေးတွေပေါ့၊
တကယ်ဆိုတော့ အချစ်ကို မိုက်မဲတယ်လို့ မခေါ်ဆိုချင်ပါဘူး၊ ချစ်တတ်တဲ့
နှလုံးသားလေးကသာ မိုက်မဲနေခဲ့တာပါ..။
အချစ်နဲ့အတူ ရှင်သန်လာမယ့်
ဒုက္ခတွေကို ရင်ဆိုင်ရမှာစိုးသူတွေ၊ အချစ်က ဒုက္ခပေးခဲ့တယ်လို့ဆိုကြသူတွေလည်း
တပုံတပင်နဲ့ ပါပဲ..တကယ်ဆိုတော့ အချစ်မှာ အပြစ်မရှိပါဘူး…အချစ်ကြောင့်
မဟုတ်ပါဘဲလျက်နဲ့ ဘ၀ရဲ့အချိုးအကွေ့၊ အကောက်၊ အဖြောင့် များစွာတွေကလည်း
ဒုက္ခဆင်းရဲခြင်းတွေပါပဲလေ..၊ လူသားဆိုတာတွေဖြစ်လာခဲ့မယ်ဆိုရင် သာဓကတစ်ခုကို
ပုံသေယူလို့မရ သလို၊ ပုံသေယူထားမိတဲ့ သာဓကကိုလည်း နေရာတိုင်းမှာ
သုံးယူဖို့ အဆင်မပြေလှပါဘူး..။