Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, August 22, 2012

“အချစ်ကို…ကျောခိုင်းခြင်း”

နေ့သစ်တစ်နေ့လေးမှာ သူမ သူ့ရဲ့စာလေးတစ်စောင်ကို မျှော်နေမိခဲ့သည်။ သူမကို သူကသိပ်ချစ်ခဲ့ပါတယ်… သူချစ်တာကို သူမလည်းအသိပင်။ သူမအတွက် စာကလေးတစ်စောင်ဟာ နေ့တစ်နေ့၏ ခွန်အားတစ်ခုပင်..။
သူမထံသို့ စာလေးတွေ မရောက်သည့်နေ့များဆို သူမစိတ်တွေ ယောက်ယက်ခတ်နေခဲ့သည်.. ဒါပေမယ့် သူမ၏ နားလည်မှုတစ်ခုသည် နက်ရှိုင်းလွန်းခဲ့သည်..သူမ သူ့ကို သိပ်ချစ်ခဲ့ပါသည်..ချစ်ခြင်းကို ဘယ်လိုပြောရ ပါ့မလဲ သူမအကြိမ်ကြိမ်စဉ်းစားမိခဲ့ဘူးသည်.. သူမ ချစ်တယ်ဆိုတာကို မရှက်မ၀ံ့ပင် ပြောပြချင်မိသည်..။
သူသိပါစေဆိုတဲ့အတွေးတစ်ခုပေါ့….တာဝန်တွေကြားကနေ စွန့်စွန့်စားစားချစ်ခဲ့တဲ့ သူက သူမအတွက်ဆို အဆင်သင့်တဲ့လေ… သူ့ရဲ့အချစ်တွေက သူမထက်ပိုနိုင်မည်လား..အချစ်မှာ မေးခွန်းမရှိ..ဘာကြောင့်ချစ်သလဲ ဆိုသည့်အဖြေမျိုးလည်းမရှိခဲ့…သူမ သူ့အပေါ်တွင်ချစ်ခဲ့သည်က ပကာသန၊ အသိုင်းအ၀ိုင်း..အို..ဘာဆိုဘာမှ မရှိ…ဘာဆိုဘာတစ်ခုမှ မသိခဲ့တဲ့ သူ့အပေါ်ချစ်တဲ့ အချစ်တွေကို..သူသိနိုင်အောင်..ဘယ်လိုပြောရပါ့မလဲ….။

“စိတ်ဝယ်”

တစ်နေကုန်အတွေးပျော်

ရေးရေးသော်မမြင်

ကြင်ကြင်နာမင်းတစ်ပါးက

ရင်ခွင်မှာပျောက်ရှခဲ့လို့….။

စားပွဲထိုင်တမှိုင်မှိုင်

ယိုင်တိုင်တိုင်စိတ်တွေက

ဟိုဒီရောက်ပျောက်ဆုံးသွားတယ်

ကွယ်..တစ်ခန်းရပ်နေ့တိုင်း….။


နေခြည်သစ်နွယ်(ပြည်)