Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, August 5, 2012

“အဝေးဆုံးမှာရှိနေလည်း..ကျေနပ်နေပါတယ်”

“အဝေးဆုံးမှာရှိနေလည်း..ကျေနပ်နေပါတယ်”

ချစ်သူရေ…မင်းကိုချစ်မိသွားခဲ့တဲ့ ကျွန်မနှလုံးသားလေးကတော့ ခုချိန်ဆို အရမ်းလွမ်းတတ်နေပြီပေါ့နော်။ အလွမ်းတွေက သင်ပေးမယ့်သူမရှိလည်း နှလုံးသားက အလိုလိုဖြစ်ပေါ်လာတတ်တာပဲလေ….။
ဟိုးအရင်အချိန်တွေက စကားလေးတွေအတူပြော….ထမင်းတွေအတူတူစား…သီချင်းတွေလည်း အတူတူဆို ညည်းခဲ့ကြတော့ လွမ်းရမယ့်အချိန်တွေကိုတောင် မေ့နေခဲ့ပါပြီ…ခုတော့လည်း အဲ့ဒီအချိန်လေးတွေကို နှမြော နေမိပြန်ပြီကွယ်….။