Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Biography



နေခြည်ရဲ့ နာမည်အရင်းသည် သီတာနွယ်ဖြစ်ပါသည်။  အွန်လိုင်းဝဘ်ဆိုဒ် တစ်ချို့တွင် “နေခြည်သစ်နွယ်(ပြည်)” ကလောင်အမည်နာမဖြင့် ကဗျာ၊ ရသအက်ဆေး၊ ရသ၀တ္ထုတို၊ ဆောင်းပါးများ ရေးသားလျှက်ရှိနေပါသည်။
နေခြည်ကို အဖ ဦးခင်မောင်ညို  + အမိ ဒေါ်ဋ္ဌေးလင်းတို့မှ မွေးဖွားခဲ့ပြီး
မွေးချင်း(၃)ဦးအနက် အကြီးဆုံးဖြစ်ပါသည်။
အထက်တန်းပညာကို ၂၀၀၀ပြည့်နှစ်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့၊
(အ.ထ.က-၃)တွင် အောင်မြင်ခဲ့ပြီး၊  အသက်(၁၇)နှစ်အရွယ်မှစ၍ ယခုအချိန်အထိ မိမိဝါသနာပါရာဖြစ်သော ကွန်ပျူတာလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရင်း ၂၀၀၅ခုနှစ်၊ မေလတွင် (LL.B)ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။
၂၀၀၈ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မြို့နယ်တရားသူကြီးရုံးနှင့် ခရိုင်တရားသူကြီး ရုံးများတွင် ဆရာ/ဆရာမများဖြစ်ကြသူ
တရားလွှတ်တော်ရှေ့နေ ဦးစိုးနိုင်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မြတ်သူ တို့ ထံပါးတွင် ဥပဒေပညာရပ်များနှင့်သက်ဆိုင်သော ပညာရပ်များကို အလုပ်သင်(၁)နှစ်ခန့် လေ့လာသင်ကြားဆည်းပူးခဲ့ပြီး
၂၀၀၉ခုနှစ်၊ဒီဇင်ဘာလ(၁)ရက်နေ့ တွင် နေပြည်တော်တရားလွှတ်တော်ချုပ်မှ အမှုလိုက်ပါ ဆောင်ရွက်ခွင့်ပြုမိန့်ပေးထားသော အထက်တန်းရှေ့နေတစ်ဦး ဖြစ်လာခဲ့ပါသည်။
မိမိဝါသနာပါရာဖြစ်သော ကွန်ပျူတာလုပ်ငန်းများကိုလည်း ယခုအချိန်အထိ  ဆက်လက်လုပ်ကိုင်နေလျှက်ရှိပါသည်။
လက်ရှိအချိန်တွင် ရှေ့နေလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားပြီး မိမိဝါသနာပါရာဖြစ်သော ကွန်ပျူတာလုပ်ငန်းများကို ဆက်လက်ကြိုးစားလုပ်ကိုင်ရင်း ၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်မြို့တွင် မိသားစုနှင့် အတူ ကျန်းမာပျော်ရွှင်စွာနေထိုင်လျှက်ရှိပါသည်။
ကွန်ပျူတာသင်တန်းများတက်ရောက်ချင်သူများအတွက်လည်း Application Softwareများဖြစ်သော ‘Desktop Publishing(DTP)” Microsoft words, Microsoft Excel, Microsoft Powerpoint, Adobephotoshop, Coreldraw
Internet & Emailအခြေခံသင်တန်းများကို လူကြီးမင်းတို့အိမ်အရောက်
ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးနေလျှက် ရှိပါသည်။
နေခြည့်ကို ဆက်သွယ်ရန် လိပ်စာကတော့ admin@naychithitnwe.comပါ။

No comments: