Wednesday, December 26, 2012
“လမင်းသာတဲ့ညက….ငိုကြွေးတမ်းတချစ်သ၀ဏ်လွှာ”
“လမင်းသာတဲ့ညက….ငိုကြွေးတမ်းတချစ်သ၀ဏ်လွှာ”
ကောင်လေးရေ…ရင်ထဲမှာ
ဖြစ်ပေါ်လာတဲ့ အလိုလိုလွမ်းတသသစိတ်တွေက ကောင်မလေးရဲ့ရင်ကို ပူလောင်စေခဲ့ပါတယ်၊ ဒါပေမယ့်လေ
အလွမ်းတွေကိုပဲ ကျေနပ်စွာနဲ့ခံယူနေမိတယ်…တိတ်ဆိပ်တဲ့ဆောင်းညမှာ ကောင်မလေးကတစ်ယောက်တည်း..
လမင်းကြီးကို မော့ကြည့်နေမိခဲ့တယ်၊ လမင်းကြီးရဲ့ဘေးမှာ..ကြယ်ဖြူလေးနှစ်လုံးရှိနေတယ်။
အရင်ညတွေကလောက် ကြယ်တွေမစုံခဲ့ပေမယ့် လမင်းကိုကြည့်ရင်း ကောင်မလေး ပြုံးနေခဲ့မိတယ်…ကောင်လေးရော..ငေးကြည့်နေမလားဟင်..။
(၅၂၈)ချစ်ခြင်းရဲ့ကောင်းကင်အောက်မှာ
ကောင်လေးနဲ့ကောင်မလေးဟာ သုခုမလိပ်ပြာနှစ်ကောင်အဖြစ် တောင်ပံခတ်သံတွေက နာရီမှန်စည်းချက်တွေနဲ့အတူ
ဟာမိုနီစီးမျောဖွဲ့ဆိုခဲ့ရင်း..တဒင်္ဂအချစ်တွေက အထင်ကရအချစ်တွေနဲ့ တိုးလို့သာနေခဲ့ပြန်ပါတယ်၊
မြန်မာပြည်ကြီးရဲ့တစ်နေရာမှာ ကောင်လေးရယ်…ကောင်မလေးရယ် ဆုံဆည်းခဲ့ကြပေမယ့်…မရေမရာအလွမ်းတွေက
အချိန် တိုင်း တမ်းတမိရပါတယ်။ ကောင်လေးချစ်တဲ့ ပင်တိုင်စံကောင်မလေးက တစ်နေ့နေ့မှာ မေ့မသွားခဲ့ပါဘူး…အချိန်တိုင်း
သတိရနေ ခဲ့တာမို့ ကောင်လေး ထာဝရ၀မ်းသာနေရမှာပါ….။
ကောင်လေးနဲ့ကောင်မလေးတို့ရဲ့
ဖြူစင်ခြင်းအချစ်တွေရဲ့ ပန်းချီကားတစ်ချပ်ရဲ့တန်ဘိုးကို ကောင်လေးနဲ့ကောင်မလေးတို့ရဲ့
နှလုံးသားပြတိုက်မှာ မော်ကွန်းထိုးခဲ့လိုက်ပါပြီ…ရင်ခုန်သံစစ်စစ်တွေနဲ့…လမင်းသာသောညတစ်ညမှာ
ကုမဒြာပန်းလေးတွေက လမင်းရဲ့အလင်းရောင်ကို ခံယူလို့….လမင်းဖြူက ကုမုဒြာတို့ရဲ့ရနံ့ကို
ကောင်းကင်ကနေ ခေါင်းငုံ့နမ်းရှိုက်လို့..ကောင်းကင်နဲ့မြေ လွှာ နေရာချင်းမနီးစပ်ပေမယ့်
လမင်းနှင့်ကုမုဒြာတို့ရဲ့ ရှင်သန်မှုမှာ ထိတွေ့ခွင့်မနီး..ပေါင်းစည်းခွင့်မကြုံ…ခိုင်မြဲသောသစ္စာနဲ့
ဝေးကွာသောနီးစပ်မှုတွေက ကမ္ဘာတည်စေခဲ့ပြီလေ…။
Subscribe to:
Posts (Atom)