Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, November 30, 2012

အိပ်မက်တစ်ခုအစပြုခြင်း”

ဘ၀တွေမှာ လျှောက်လှမ်းခဲ့ရတဲ့အချိန်ကာလတွေက များလွန်းနေခဲ့ပါပြီ၊

သာယာလှပတဲ့နေ့ရက်လေးတွေနဲ့ ကြုံတွေ့နိုင်ကြသလို၊ ၀မ်းနဲစရာကောင်းတဲ့ နေ့ရက်လေးတွေကလည်း

အများအပြားပါပဲ၊ မည်သို့ပင်အကြောင်းတရားမျိုးစုံတွေ ရှိနေခဲ့ကြပါစေ၊ ရရှိလာမှုရဲ့

အကျိုးတရားတွေကတော့ အတူတူပင်ဖြစ်နေပါလိမ့်မည်။ ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊

ခံစားချက်တွေ၊ အေးချမ်းခြင်းတွေ၊ ပူလောင်ခြင်းတွေဟာ နောက်ဆုံးရှင်သန်နေချိန်ထိတိုင်

ဆက်ကာဆက်ကာ ဖြစ်နေ၊ ကြုံနေကြရအုံးမှာပါ၊ ပြောင်းလဲလာခဲ့တဲ့..ပြောင်းလဲခြင်းတရားတွေနဲ့ထပ်တူ၊

အသိဥာဏ်တွေကလည်း ရင့်ကျက်လာချိန်တန်ပြီထင်ကြပါရဲ့…။

ထိုနည်းတူပါပဲ…ဘ၀ဆိုတဲ့ လောကဓံအဆိုးအကောင်းတွေရဲ့ကြားမှာ အထွေထွေသော လူတို့၏ နှုတ်မှု၊

ကိုယ်မှုတို့သည်လည်း အကျင့်စရိုက်မျိုးစုံတို့နှင့် တွေ့ထိနေကြရအုံးမှာပါ၊ မည်သို့ပင်ဖြစ်ပါစေ…လူတို့၏

အားသာချက်တစ်ခုသည် အသိဥာဏ်ရှိနေ သည်သာပင်၊

မတူညီသောဘ၀တွေမျိုးစုံမှာ..မတူညီသောလူတို့၏ ပေါင်းစပ်ဖန်တီးရမှုတို့သည်လည်း သဘာဝ

အတိုင်းသာလျှင် ဖြစ်သည်၊ မေတ္တာတရားများနှင့် နှောင်ဖွဲ့နေကြသော လူသားတို့

အဘယ်သို့များဖြစ်ကုန်ကြသနည်း…။

မေတ္တာတရားဟူသည် အအေးမြဆုံးသောလက်နက်တစ်ခုပင်ဖြစ်သည်မဟုတ်ပါလား၊

သူတစ်ပါးအတွက်ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ဆိုသည့် ဒါနဟူရယ်မှမဟုတ်ပေ၊

မိမိတို့တွင်ပိုင်ဆိုင်ထားကြကုန်သော အစိုးမရနိုင်သောစိတ်နှလုံး၏ မေတ္တာတရားကို

ထားနိုင်ခြင်းသည်ကပင် အမွန်မြတ်ဆုံးသောဒါနဟုပင်ဆိုနိုင်ပါသည်။ မေတ္တာတရားဆိုသည်ကား

ထားရှိနိုင်ဖို့ရန်ဆိုသော်ငြား လည်း အမှန်တကယ် သူတစ်ပါးအပေါ်တွင် ထားရှိနိုင်စေဖို့ရာ

အလွန်တစ်ရာမှပင် ခက်ခဲလွန်းလှပါသည်။

မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပို့နည်းမှာ လူသားအားလုံးကို

ငြိမ်းချမ်းစေသော မေတ္တာတရားပင်ဖြစ်ပါသည်၊ မေတ္တာဆိုသည် တစ်ဦးတစ်ယောက်တည်းအပေါ်တွင်

ထားရှိခြင်းမျိုးမဟုတ်ဘဲ…လူသားအားလုံးတို့အပေါ်တွင်….ခန္တီ၏ပါရမီ သည်းခံခြင်းဆိုသည့်

တရားနှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်လာသောစေတဿိတ်တစ်ခုပင်ဖြစ်ပါသည်။

လူသားတွေရဲ့ပင်ကိုယ်စိတ်ကလေး ဟာ လှပပါတယ်၊ နူးညံ့သိမ်မွေ့မှုတွေရှိကြပါတယ်၊ အဘယ်ကြောင့်

ဤတရားတွေမထား နိုင်ကြသနည်း၊

ရှင်သန်ခြင်းဆိုသည့်အချိန်ကာလနှင့် သေဆုံးခြင်းဆိုသည့်အချိန်ကာလတွေကြားမှာပင် ဖြစ်ပျက်ပြောင်းလဲမှုတရားတွေက မြန်ဆန်လွန်းလှသည်၊ မေတ္တာတွေပေးဝေငှလိုက်လို့

ကုန်သည်ရယ်လို့ရှိနိုင်မည်မဟုတ်ပါ…ထပ်တူအကျိုးတစ်ခုသာ ခံစားရအုံး မည်သာ၊

တူညီသောအကျိုးဆက်ကို…တူညီသောလူသားတိုင်း ခံစားကြရမည်မှာ မလွဲမသွေပါ။ ဘာကြောင့်များ

မပေးနိုင်ကြရ သနည်း။ လူတို့၏ချမ်းသာခြင်းအစစ်အမှန်သည်…ရောင့်ရဲကျေနပ်နေခြင်းသာဖြစ်ပေသည်၊

အရာဝတ္ထုတစ်ခုကို လိုချင်လျှင် တစ်ခုတော့ သောကရတတ်ရကြစမြဲသာဖြစ်သည်၊

ထိုသို့သောကတွေသည် လိုချင်သောအရာနှင့် အားပြိုင်ညီမျှမှုမရှိပါက ဆင်းရဲခြင်းဆိုသော

ဒုက္ခတရားတွေသာ ရလာမည်မှာ မလွဲနိုင်ပေ။ ၀ဋ်မှာအမြဲ…ငရဲမှာအပဆိုသော စကားသည် အမှန်ဆိုသည်

စကားတစ်ခုအဖြစ်ရယ်သာမဟုတ် လက်တွေ့သဘောမျှသာဖြစ်ပါသည်။

ကိုယ်ပြုသောကံကိုယ့်ထံပြန်စမြဲသာဖြစ်ပေသည်။ အကုသိုလ်၏ အစုအဝေးသည် ကြီးထွားလာလေလေ

အကျိုးပေးလည်းနည်းသောတရားမဟုတ်နိုင်ပေ။ ကုသိုလ်၏အစုအဝေး သည် သေးငယ်သော်ငြားလည်း

အကျိုးပေးကြီးထွားစေနိုင်သော မျိုးစေ့တစ်ခုမျှသာဖြစ်ပါသည်။

ကျွန်ုပ်တို့လူသားတွေ မေတ္တာတရားတွေထားတတ်ဖို့ရာ မေ့နေတတ်ကြပြန်ရောလား၊

ကြမ်းကြုတ်မှုတွေရော ရှေ့ဆက်နိုင် ကြပြီလား၊ ကြောက်ရွံ့မှုမရှိသော သတ္တိများဖြင့် လောကကြီးကို


အကျည်းတန်စေခဲ့ပြီလား၊ ဘယ်သောအခါမှ ဆုံးစေနိုင်အုံး တော့မည်လဲ၊

အကောင်းအဆိုးတွေကိုပျောက်ကွယ်စေနိုင်ခဲ့သော တဏှာကိုရော ပယ်သတ်နိုင်ခဲ့ကြပြီလား၊

တဏှာဆိုသည်မှာ လူတို့၏ ဖန်တီးနိုင်သမျှကို စေစားရာဖြစ်သော တပ်မက်ခြင်းတစ်ခုသာဖြစ်သည်၊

ထိုတပ်မက်ခြင်းကိုသာ နည်းပါးစွာဖြင့် လူတို့

ဆင်ခြင်နိုင်ကြလျှင်ဖြင့်….ကမ္ဘာကြီးလည်းငြိမ်းချမ်းစေမည်လော၊ ထိုသို့သောတပ်မက်ခြင်းဆိုသည့်

တဏှာကိုပင် မစွန့်ပယ် နိုင်သည့်တကား…မေတ္တာဖြင့်နှလုံးသွင်း

ဆင်ခြင်တုံတရားများထားရှိခဲ့နိုင်လျှင်ဖြင့်…တဏှာဆိုသည့် တပ်မက်ခြင်းကိုပင် အနိုင် ရရှိနိုင်ပေလိမ့်မည်။

ကျွန်ုတို့လူသားတွေ အိပ်မက်ရှည်ကြီးကို မက်နိုင်ဖို့ရာ…တစ်ညတာတော့ အိပ်စက်ရပေအုံးမည်၊ တစ်ညတာ

အိပ်စက်နိုင်ခြင်းမရှိပါပဲလျက်..အိပ်မက်ရှည်ကြီးမက်နိုင်ဖို့ရာတော့ ဖြစ်နိုင်လိမ့်မည်မထင်မိပါ….။


နေခြည်သစ်နွယ်(ပြည်)

Thursday, November 29, 2012

“အနမ်းဝိုင်ချို..မေ့ရင်ဖို”



ရူပကာက အထာမကျပါဘူး

သဘာဝအလှစစ်စစ်တွေက

ချစ်သူအတွက် ဖြစ်မလာခဲ့ရင်

ချစ်ခဲ့တာတွေက အပြစ်ဖြစ်နေမလား….။

စိတ်အဆင်းက ဆွဲဆောင်မှုမရှိပါဘူး

မလွှဲမရှောင်သာပဲ ပြောတတ်တဲ့

တောကျတဲ့ စကားလုံးတွေက

ကဗျာစာသားတွေလို မလှပပေမယ့်

အညတရမဟုတ်တဲ့ စိတ်ထားတွေက

သိပ်ကြွားတဲ့ ထိပ်ထားမဟုတ်ပေမယ့်

စိတ်ထားလေးတော့ ဖြူပါတယ်ရှင်ရယ်….။

“လေသာပြင်တစ်ည”




ညဥ့်နက်တဲ့ သန်းခေါင်ယံ
အမှောင်ယံ ပြူတင်းပေါက်
ထွင်းဖောက်လို့ မြင်ကြည့်ရင်
အသင် သိစေချင်….။
မှုန်ဝါးတဲ့ လရိပ်ရောင်
အဆိပ်တောက်ကင်းသည့်…
ချစ်ခြင်း၏ ငွေလမင်း
အသင် မြင်ကြည့်စေချင်…။
နွေးထွေးတဲ့ လေပြေ
တေလေတဲ့ စိတ်တွေက
အရိပ်ပြတဲ့ ညရိပ်ယောင်လို
အလှထိပ်ခေါင် လေသာပြင်မှာ
အသင်လာနေတာ ရှုမငြီးဖွယ်ရာ….။

နေခြည်သစ်နွယ်(ပြည်)

“မေ့ချစ်သက်လယ်”



နှစ်ကိုယ်တူ ရွှေရည်ဖက်တယ်

သင့်မြတ်တဲ့ ကြင်စဦးရယ်

ခင်ပါဘူး မေ့သက်လယ်….။

ကြင်သူနဲ့ နှစ်ကိုယ်တူ

အလိုတူ ကြည်ဖြူကြတယ်

ဆိုအတူ နဂိုဖြူအလှတွေရယ်

မမေ့နိုင်တယ် ချစ်သက်လယ်…။

“သေဆုံးခြင်း”



မင်းမရှိတဲ့ အခန်းကျဉ်းလေးထဲ

တိုးတိုးတိတ်တိတ်နဲ့ဝင်

စိုးထိတ်လန့် အတွေးတွေက

စိတ္တဇညတွေတိုင်းကို

ကုန်လွန်စေခဲ့ပြီ….။

အရိပ်အယောင်တွေက

အတိတ်အမှောင်တွေကို

ခြောက်လန့်ခြင်း ပုံရိပ်တွေနဲ့

နောက်ကွယ်မှာ..သေဆုံးသွားခဲ့ပြီ….။

Saturday, November 24, 2012

“နှစ်တစ်ရာတိုင်တည်မြဲစေချင်”



အချိန်တွေနဲ့ နေရာ

ဒေသတွေလည်း လွဲနေတယ်

အမြဲမနေတဲ့ ကံတရားတွေက

ခံစားချက်ထပ်တူတွေနဲ့

ပြန်ရခက်ခက် အချစ်တွေက

မနှစ်ကလို စစ်ဖြစ်နေကြရင်

ချစ်ကြင်နာခြင်းတွေလည်း ဝေးခဲ့ပြီလေ…

အတွေးသမားတစ်ယောက်ရဲ့ ရင်ခုန်သံ

မင်းယုံရင် ဆုံချင်သေးတယ်

မကြုံချင်တော့တဲ့ အလွမ်းတွေက

တမ်းတရခက်တဲ့…အချစ်တွေလို

စစ်ဖြစ်မှာကို စိုးတယ်…

အကျိုးတူသာ ပူးပေါင်းမယ်ဆိုရင်

ဆူးခယောင်းလမ်းလည်း လျှောက်ရဲတယ်

မဖောက်လွဲတဲ့ သစ္စာတွေက..

ချစ်မေတ္တာတရားတွေမှာ…

ခေတ်အခါခါက ကျောက်စာတွေလို

ရောက်လေရာမှာ ဖတ်ခွင့်ရှိနိုင်ပါသေးတယ်…။

“သားငယ်လေး ထက်မြက်မောင်အတွက် တီတီလေးရဲ့ပေးစာ”

တီတီလေးသိပ်ချစ်ရတဲ့ သားငယ်လေးရေ…တီတီလေး သတိရနေပါတယ်နော်၊ သားငယ်လေးရော နေကောင်းတယ်မဟုတ်လား ဟင်…လောကကြီးထဲမှာ မထင်မှတ်ဘဲ သားငယ်လေးနဲ့ တွေ့ဆုံခင်မင်ခွင့်ရခဲ့တယ်နော်..တီတီလေးကို မုန့်တွေဝယ်ကျွေးခိုင်း တဲ့အခါ ငုံးဥပြုတ်ကိုပဲစားမယ်ဆိုတဲ့ သားငယ်လေးရေ..အရမ်းသတိရပါတယ်နော်…စားသောက်ပြီးတဲ့ အမှိုက်လေးတွေကို အမှိုက်ပုံးလေးထဲကို စနစ်တကျနဲ့ “တီတီလေး…သားသား သွားပစ်မယ်ဆိုပြီး” ပြောခဲ့တဲ့ သားငယ်လေးရဲ့ ချစ်စဖွယ်အသံလေး တွေကို တီတီလေးအမြဲအမှတ်ရနေမိပါတယ်…သားငယ်လေးအိပ်ချင်လာတဲ့အခါ တီတီလေးက ပုခက်လေးလွှဲပြီး ချော့သိပ်ခဲ့တာ တွေရယ်…အိပ်ယာကနိုးလာတဲ့အခါ မှုံပြပြမျက်နှာလေးနဲ့ သားငယ်လေးရဲ့ ၀င်းပတဲ့မျက်နှာလေးက သိပ်ချစ်စရာကောင်း တယ်နော်…သားငယ်လေးနဲ့အတူ အတူတူရိုက်ကူးထားတဲ့ ဓါတ်ပုံလေးကိုကြည့်တိုင်း တီတီလေး အရမ်းလွမ်းရပါတယ်… ဖုန်းပြောတဲ့အခါ “တီတီလေး…သားသားတို့ဆီကို လာခဲ့အုံးလေ၊ ပြီးတော့ ငုံးဥတွေလည်းဝယ်ခဲ့နော်..တီတီလေး နေကောင်းလား လို့”မေးခဲ့တဲ့ (၃)နှစ်ဆိုတဲ့အရွယ်နဲ့မလိုက်အောင် စကားတတ်လွန်းတဲ့ သားငယ်လေးကို တီတီလေး မေ့မရပါဘူး…

Wednesday, November 21, 2012

“ဗဟုသုတတွေရှာဖွေလို့…မြန်မာအမျိုးကောင်းသမီးများပီသကြပါစို့”

ယနေ့နံနက်တွင်ဖတ်ရှုခဲ့ရသော ပို့စ်တစ်ခုကြောင့် ဤဆောင်းပါးလေးကို ရေးဖြစ်ခဲ့မိတာပါ…
Human Rightဆိုတဲ့ လူ့အခွင့်အရေးတွေထဲမှာ ဥပဒေဆိုတဲ့ကဏ္ဍကိုလည်း လျစ်လျူရှုထားလို့မရပါဘူး၊ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်နေကြတဲ့ ခေတ်သစ်ကြီးထဲမှာ လုပ်ချင်ရာတွေလုပ်လို့မရတော့သလို…ဖြစ်ချင်ရာတွေလည်းဖြစ်လို့မရတော့ပါဘူး…။
မြန်မာအမျိုးသမီးတို့ရေ…ယခင်က မီးဖိုချောင်မှာ ထမင်းဟင်းချက်ပြုတ်ရုံကလွဲရင် မိန်းမတို့၏အလုပ်သည် ဤတွင် နိဂုံးချုပ်ခဲ့ပြီ လို့ ပတ်ဝန်းကျင်တစ်ခုရဲ့သတ်မှတ်ချက်တွေကြောင့်…တိမ်မြုပ်နေခဲ့ရပေမယ့်…ယခုအခါမှာတော့ ”ပုခက်လွှဲသောလက်သည် တိုင်းပြည်ကိုအုပ်စိုးနိုင်၏”ဟုပင် ဖြစ်လာခဲ့ရပါသည်..ထိုအကြောင်းအရာသည်လည်း အမှန်တကယ်ပင် အရည်အသွေးများ၊ အရည်အချင်းများပြည့်စုံစွာနှင့်ပင် သက်သေသာဓကများ ပြသနိုင်ခဲ့လို့သာလျှင် ဖြစ်ပေါ်လာခဲ့ရခြင်းပင်ဖြစ်ပါသည်…။

Tuesday, November 20, 2012

“အကြင်နာညနေ”




မြို့ပြရဲ့ မီးရောင်စုံတစ်ည
လှပတဲ့ နေရာလေးဟာ
တို့ကမ္ဘာ….။
အစိုးမရတဲ့ ရင်ခုန်သံအလှ
ကြင်နာကာ ညတစ်ညမှာတော့
လွမ်းရတဲ့အဖြစ်သာ…။
အေးမြမြ ဖျော်ရည်တစ်ခွက်က
ငါ့ဘ၀ရဲ့ နံနက်ခင်းမှာ
အကြင်နာချစ်ခြင်းတွေနဲ့
ရင်ခွင်မှာ ဗလာကျင်းခဲ့
အစဉ်သာ မယွင်းမမှားတဲ့
ရင်ခုန်သံအဇ္ဈတတို့က
ငါ့နှလုံးသားမှာ အနာတရ…။

နေခြည်သစ်နွယ်(ပြည်)


Sunday, November 18, 2012

“ကြင်နာအနမ်းတွေနဲ့အတူ..”



ချစ်ဆုံးသူရေ…

မျှော်လင့်ချက်တွေထားခဲ့တဲ့

အနာဂါတ် ငါ့ကမ္ဘာငယ်လေးထဲမှာ

သက်ဆုံးတိုင် ချစ်နေချင်တယ်..။

အတူပျော်ခဲ့တဲ့ နေ့ရက်လေးတွေ

ကြင်နာခဲ့တဲ့ အနမ်းလေးတွေက

မေ့မရခဲ့တဲ့ ဘ၀တွေမှာ

သက်ဆုံးတိုင် နေချင်ခဲ့တာ

မင်းလေး သိနိုင်ပါ့မလားနော်….။

“ရွှေအိုရောင်အိပ်မက်လေးဖြစ်ပါရစေ”

လောကကြီးထဲမှာ မွေးဖွားလာခဲ့တဲ့ကျွန်မ ကံကောင်းလာတယ်လို့ဆိုရမှာပါ..၊ လောကကြီးရဲ့အလယ်မှာ ရပ်တည်နိုင်ဖို့အတွက် ပညာတွေနဲ့အတူ၊ ခွန်အားတွေပေးခဲ့တဲ့ အဖေ့ကို ကျေးဇူးတွေတင်နေမိခဲ့ပါတယ်…။ ငယ်စဉ်ကတည်းက အဖေကို ခင်တွယ်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်၊ လေးစားခဲ့တဲ့စိတ်တွေဟာ အရွယ်တွေသာပြောင်းလဲသွားခဲ့ပေမယ့်  အဖေ့အပေါ်ထားတဲ့ ကျွန်မရဲ့စိတ်တွေကတော့ ပြောင်းလဲမသွားခဲ့ပါဘူး…။
ငယ်ဘ၀က အဖေပေးခဲ့ဖူးတဲ့ မုန့်ဖိုးလေးတွေ စုဆောင်းလို့..ကျောင်းသုံးပစ္စည်းလေးတွေ ၀ယ်ခဲ့တယ်၊ နေ့စဉ်အမြဲလို မုန့်ဖိုးပေးခဲ့တဲ့ အဖေ့ရဲ့မုန့်ဖိုးတွေဟာ ကျွန်မအတွက်တော့ အဖေ့ဆီက မေတ္တာလောက်တော့ တန်ဘိုးမကြီးမားခဲ့ပါဘူး။ ဆီတွေပြန်နေအောင် ချက်ကျွေးတဲ့ ဟင်းတွေကို ကျွန်မ မစားချင်ပါဘူး၊ အခြားသူတွေလို အကောင်းဆုံးအိမ်တွေနဲ့ မနေချင်ပါဘူး၊ ဘ၀မှာ စိတ်ချမ်းသာခြင်းဆိုတဲ့ အခြေအနေတွေကိုပဲ လိုချင်မက်မောမိခဲ့သူပါ…။
“အဖေ”ဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခုကြောင့် အဖေ့ရဲ့လောင်းရိပ်အောက်မှာ အစွန်းအထင်းမရှိနေခဲ့ရပေမယ့် အဖေ့ရဲ့ အတ္တကြီးမှုတွေကတော့ ကျွန်မအတွက် ဘ၀တစ်ခုကို ရင့်ကျက်မှုတွေပိုစေခဲ့ပါတယ်…။ သိတတ်စအရွယ်တွေမှာ အဖေ့ရဲ့မေတ္တာကို နည်းပါးစွာ ရရှိခဲ့ရတယ်..၊ အမေဟာ ကျွန်မရဲ့ နားအလည်ပေးနိုင်ဆုံး လက်တွဲဖော်တစ်ယောက်ပါ၊ အနာဂါတ် အတွက် စိတ်ဓာတ်တွေပြိုလဲမသွားအောင် ပဲ့ပြင်ထိန်းကျောင်းရင်း..ကျွန်မရဲ့စိတ်တွေကို မားမားမတ်မတ်ဖြစ်တည်လာခဲ့ရတယ်၊ အဲ့ဒီစိတ်တွေကြောင့်ပဲ ကျွန်မရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေဟာ ပီပြင်လာခဲ့ရတော့တယ်…။
အဖေ့ရဲ့အတ္တကြီးမှုတွေဟာ ကျွန်မအတွက် အနေခက်စေခဲ့ပေမယ်..အဖေဟာ အဖေပဲဆိုတဲ့  အသိစိတ်တစ်ခုဟာ၊ အဖေ့ အတွက် ကျွန်မရဲ့သောကတွေကို စတေးခဲ့လိုက်ရတာပါပဲ…။ အဖေ့ရဲ့ အတ္တတွေဟာ ကျွန်မရဲ့စိတ်တွေကို လှောင်အိမ်ထဲက ငှက်ကလေးသဖွယ် ပျံသန်းခွင့်မပေးတော့သလိုပါပဲ…။

“အချစ်ရဲ့နေ့စွဲ”



ကမ္ဘာပျက်သလိုပဲ

စာမျက်နှာနေ့စွဲတွေထက်မှာ

တစ်ရွက်ပြီး တစ်ရွက်

အပျက်ကြီး ပျက်ခဲ့ပြီ…။

ရေတွက်မိခဲ့သလို

ဤနေ့လို ရက်စွဲ

မှတ်မိနေဆဲ ..ငါ့ရင်ထဲ

အလှဘ၀င်တွေထဲ မျောနေ

စောနေသေးတဲ့ အချိန်တွေက

အရိပ်တွေလို ကျန်ခဲ့

ချန်ခဲ့တဲ့ ပြက္ခဒိန်တွေက

ငါ့ရင်ဘတ်ရဲ့ အထက်နားဆီမှာ…..။

Thursday, November 15, 2012

”ကျွန်ုပ်နဲ့အတူ facebook virus”

စာမျက်နှာတစ်ခုမှာ ဆုံခဲ့ကြတယ်၊ ဤစာမျက်နှာပေါ်မှာ ရေးဆွဲမိခဲ့ကြတယ်၊ ပြန်ကာလှန်ကာကြည့်နေပေမယ့် ကြည့်လို့မ၀ နိုင်ခဲ့တဲ့အဖြစ်တွေ၊ သူ…ဘယ်မှာလဲ…၊ နေ့ရက်တွေကိုလည်း လက်ချိုးနေမိခဲ့တယ်…၊နေရာတစ်ခုမှာတော့ တွေ့နိုင်မယ် ထင်ပါရဲ့၊ လိုက်ရှာမိပြန်ပါတယ်…မိုးလင်းမိုးချုပ်အဆုံးမှာတော့… Vertical scroll barလေးကလည်း မူးနောက်နေခဲ့ပြီ…ကျွန်ုပ်လည်း ချာချာ လည်ခဲ့ပါပြီ….။
တစ်နေ့မိုးလင်းလာခဲ့ရင်…တစ်ရက်တိတိသာ အချိန်တွေကုန်သွားခဲ့ပြန်ပြီ…ဤစာမျက်နှာကြီးမှာတော့…မီးစိမ်းပြနေဆဲပါ..၊ တစ်နေ့တာတွေကို Sharingလုပ်လို့…commentလှလှလေးတွေလည်း ပေးတတ်ခဲ့ကြတယ်…ကျွန်ုပ်လည်း ထိုနည်းတူပါပဲ၊ သပ်ရပ်လှပတဲ့ cover, အတိအကျရေးခြစ်နိုင်တဲ့ Profileတွေနဲ့…အမြင်အာရုံရဲ့ နှစ်သက်မှုတွေကိုလည်း Likeလုပ်လို့ရနိုင် ပါသေးတယ်..သေချာပါတယ်…သူဟာလည်း ကျွန်ုပ်အတွက်တော့ ဆွဲငင်အားကောင်းပြီး..ညှို့ချက်ပြင်းတဲ့ Programတစ်ခုပါပဲ..။
ခံစားချက်တွေကိုလည်း ခံစားပေးတတ်ခဲ့တယ်၊ သဘာဝရဲ့အလှတွေကိုလည်း ဖန်တီးခွင့်ပေးနိုင်စွမ်းတယ်၊ song & videoတွေ ကိုလည်း ကြည့်ရှုခွင့်ပေးနိုင်တယ်..သာယာမက်မောဖွယ်ကောင်းတဲ့ programတစ်ခုပါပဲ..နေ့နေ့ညညဆိုသလို ကျွန်ုပ်တို့ကို စွဲဆောင်စေတယ်….သူဟာ ကော်ဖီတစ်ခွက်လိုပါပဲ ရူးရူးမူးမူးဖြစ်စေခဲ့တယ်…နေမကုန်မချင်း အထက်မှသည်အောက်၊ အောက်မှသည်အထက် ကြည့်နေရပေမယ့်လည်း…ရိုးမသွားနိုင်ခဲ့ပေ….။

“မေ့နိုင်သူ..”


စကားလေးတွေ တီတီတာ

ဂျီကျကာ သူ့အနား

ပြုစားတာ နှလုံးသားက

လုံးဝမေ့လို့မရပါ….။

အချွဲလေးတွေ ရယ်စရာ

တွယ်စရာ ရင်ခွင်မှာ

ကြင်နာစွာ ယုယချင်တော့

အနုအလှတွေက နှလုံးသားမှာ

လုံးဝမေ့လို့မရပါ…။

Wednesday, November 14, 2012

“ချစ်တတ်သူတို့ရဲ့..နှလုံးသား”

လူတိုင်းရဲ့ နှလုံးသားကိုယ်စီဟာ ချစ်တတ်ခြင်းတွေနဲ့ စတင်လာကြပါတယ်၊ ချစ်တဲ့သူတွေတိုင်း ချစ်တတ်ဖို့ကတော့ လွယ်ကူနိုင် မယ့်အလုပ်မျိုးမဟုတ်ပါဘူး၊ လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ လုပ်ယူလို့လည်းမရသလို၊ ဖန်တီးယူပိုင်ခွင့်လည်းမရှိပါ၊ မွေးရာပါ ဘယ်ဘက်ရင်အုံမှာရှိတဲ့ နှလုံးသားရဲ့ ရင်ခုန်သံနှုန်းနဲ့သာ သက်ဆိုင်နေပါတယ်နော်၊ အချစ်ဆိုတာကို ဖွင့်ဆိုရခက်ခဲတဲ့ အနက်တွေအမျိုးမျိုးကြားမှာ အဓိပ္ပါယ်တစ်ခုချင်းစီတော့ သက်ရောက်မှုရှိနိုင်ပါတယ်လေ၊ အချစ်ဆိုတဲ့အနက်ဟာ လူသားတိုင်း တစ်ဦးချင်းစီရဲ့ ခံစားခဲ့ရမှု၊ တွေ့ကြုံရမှုဆိုတာတွေရဲ့အောက်မှာ မွေးဖွားရှင်သန်လာခဲ့ကြတဲ့ ခေါင်းစဉ်လေးတွေပါပဲ… ထို့ကြောင့်လည်း အချစ်ဆိုတဲ့ စကားလေးနှစ်လုံးကို ဖွင့်ဆိုရခက်ခဲနေကျပြန်တာပေါ့..။
လူတိုင်းကိုယ်စီ ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အရာလေးတွေတော့ ရှိနေကြမှာပါဘဲ…အချို့ကလည်း ချစ်ခဲ့ဖူးလို့ အချစ်ကို စိုးရွံ့ထိတ်လန့် သွားကြတယ်၊ အချို့ကလည်း ရူးရူးမူးမူးပေါ့၊ ခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့..မိုက်ရူးရဲလေးတွေပေါ့၊ တကယ်ဆိုတော့ အချစ်ကို မိုက်မဲတယ်လို့ မခေါ်ဆိုချင်ပါဘူး၊ ချစ်တတ်တဲ့ နှလုံးသားလေးကသာ မိုက်မဲနေခဲ့တာပါ..။
အချစ်နဲ့အတူ ရှင်သန်လာမယ့် ဒုက္ခတွေကို ရင်ဆိုင်ရမှာစိုးသူတွေ၊ အချစ်က ဒုက္ခပေးခဲ့တယ်လို့ဆိုကြသူတွေလည်း တပုံတပင်နဲ့ ပါပဲ..တကယ်ဆိုတော့ အချစ်မှာ အပြစ်မရှိပါဘူး…အချစ်ကြောင့် မဟုတ်ပါဘဲလျက်နဲ့ ဘ၀ရဲ့အချိုးအကွေ့၊ အကောက်၊ အဖြောင့် များစွာတွေကလည်း ဒုက္ခဆင်းရဲခြင်းတွေပါပဲလေ..၊ လူသားဆိုတာတွေဖြစ်လာခဲ့မယ်ဆိုရင် သာဓကတစ်ခုကို ပုံသေယူလို့မရ သလို၊ ပုံသေယူထားမိတဲ့ သာဓကကိုလည်း နေရာတိုင်းမှာ သုံးယူဖို့ အဆင်မပြေလှပါဘူး..။

“မဆုံးစေချင်..”



အနမ်းတွေလည်း မဆုံးသေး

အလွမ်းတွေလည်း ပန်းတွေထဲမှာ

လှမ်းခြွေနေဆဲ..

တမ်းတမိတယ်

အလွမ်းညတွေက

ခပ်ခွါခွါ ရင်ဘတ်တွေမှာ

ဒဏ်ရာတွေက သန်းခေါင်ယံမှာ

အမှောင်ယံမှာ သူလာမလား

မတူတာ ဘ၀တွေက

ညကမ္ဘာမှာ ဝေးလွင့်သွားတယ်

အပြေးချစ်သူရေ…

နေမညိုခင် အလွမ်းတွေ

အနမ်းတွေလည်း မဆုံးစေချင်

အပြုံးပန်းတွေသာ ဝေချင်

မဆွေးမြေ့စေချင်…..။


နေခြည်သစ်နွယ်(ပြည်)