Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, August 7, 2012

”ဖုန်းတစ်လုံးကြောင့် ဒီလိုတွေမဖြစ်စေချင်”


“နင့်အနားမှာ…ဘယ်သူရှိလဲ….နင့်အနားမှာ..ဘယ်သူရှိလဲ”
ကောင်မလေးတစ်ယောက်က ဖုန်း ringtoneသံလေးမြည်လာတော့ ဖုန်းကိုကိုင်လိုင်သည်။
“ဟယ်လို…..အင်း..ပြောလေ…ညနေကျရင်လာခဲ့လေ”
“တီ..ဒန့်….ဒန့်….တီ…”
“ဟော…နောက်ထပ် ဖုန်းမြည်သံက၀င်လာပြန်တော့ နောက်ထပ်ကောင်မလေးတစ်ယောက်က ဖုန်းကို ကိုင်လိုက်ပြန်သည်။”
“ဟယ်လို…အော် ကိုလား…လာခဲ့လေ…တို့ ခု အင်တာနက်ဆိုင်မှာ..”
ကျွန်မဆိုင်ထဲမှာ ဖုန်းမြည်သံတွေက တဂွမ်ဂွမ်ဖြင့် နားမခံသာနိုင်အောင် ကြားနေရသည်၊ ဒါပေမယ့်လည်း…
“အော်…ငါ့ရဲ့ customerတွေပါလားဆိုပြီး အောင့်အည်းပြီးနှလုံးသွင်းထားလိုက်ရတော့တာပေါ့”
ဒုတိယကောင်မလေးက ဆိုင်အပြင်ဘက်သို့ထွက်သွားပြီး..


“ဟော..ဆိုင်ရှေ့မှာလည်း ကောင်လေးတစ်ယောက် ရောက်နေပြီ…၊ ဘာတွေပြောနေကြသည်တော့မသိ” ကျွန်မစဉ်းစားမိသည်က ဖုန်းတွေ ဈေးသက်သက်သာသာနှင့် ဈေးကွက်တွင်ဖြစ်ပေါ်လာခြင်းသည် ယနေ့ခေတ် လူငယ်များအတွက် ယခုလိုမျိုး အသုံးချဘို့အတွက်လား…ကျွန်မထင်မြင်သည်က ဖုန်းဆိုသည်မှာ အဝေးတစ်နေရာသို့ ရောက်သည့်အချိန်မျိုးတွင် ဆက်သွယ်ရေးသည် အဓိကကျလှသည်။ ထို့ပြင် လုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်း ဖုန်းသည် မရှိမဖြစ်လိုအပ်လှသည်။ မိဘဆွေမျိုးသားချင်းများနှင့်ပင် ဆက်သွယ်ရလွယ် ကူစေရန် အထောက်အကူဖြစ်စေသည်မဟုတ်ပါလား။
သို့ပေမယ့် ကျွန်မမြင်တွေ့ရသောပတ်ဝန်းကျင်တွင်တော့ ခေတ်လူငယ်..အထူးသဖြင့် တက္ကသိုလ်ကျောင်းသား/ သူများ၏လက်ဝယ်တွင် ကိုယ်စီကိုယ်စီနေရာယူလာကြနေပါပြီ။ ထိုသူတို့ ဘာအတွက် ဖုန်းကိုသုံးကြသနည်းဟု မေးလာခဲ့လျှင်တော့ ကျောင်းအတန်းချိန်လစ်…အင်တာနက်သုံး…ပြီှးလျှင် သမီးရည်းစားစကားပြော၊ ထိုသူတို့၏ တစ်နေ့ဝင်ငွေနှင့် ဖုန်းတွင် ဖြည့်ထားသောငွေဖြည့်ကဒ်တို့သည် လောက်နိုင်ပါအုံးမည်လား။
နည်းပညာများ တွင်ကျယ်လာခြင်း၊ ခေတ်နှင့်အညီ ဆက်သွယ်မှုအင်အားကောင်းလာခြင်းကြောင့် ကျွန်မတို့ လူသားတွေ အစစအရာရာအဆင်ပြေနေရသည်ကိုတော့ ကျေးဇူးတင်မိပါသည်။ တန်ဘိုးထားကိုင်တွယ်တတ် လျှင် အသုံးဝင်သည်ဆိုသောစကားမှာ မည်သည့်ပစ္စည်းကိုမဆို၊ တန်ဘိုးနည်းသည် ၊ များသည်ဟူ၍မရှိ တန်ဘိုးထားတတ်လျှင် ဤပစ္စည်းသည် ရေရှည်ခံမည်၊ မကုန်သင့်တာမကုန်ဆိုသည့်သဘောသက်ရောက်နေ မည်။
ထို့ကြောင့်..ယခုခေတ်လူငယ်အများစုကို ဖြစ်စေချင်သည်က မိမိတို့ ကိုင်တွယ်အသုံးပြုသောပစ္စည်းများသည် မိမိတို့၏မိဘများမှ ၀ယ်ယူပေး၍သော်လည်းကောင်း၊ (သို့မဟုတ်) မိမိတို့၏တနေ့တာလုပ်ခလစာများ စုဆောင်း ခြင်းမှ ရရှိ၍သော်လည်းကောင်း ကိုင်တွယ်အသုံးပြုနေကြခြင်းဖြစ်ကြသည်မဟုတ်ပါလား။
ထို့ကြောင့် မိမိတို့၏ ပစ္စည်းများကို နေရာအထိုက်အလျောက်…ချွေတာသုံးစွဲခြင်း၊ မလိုအပ်သည့်နေရာများသို့ အသုံးမပြုခြင်း စသည်ဖြင့် စီမံခန့်ခွဲသုံးစွဲတတ်ကြမည်ဆိုပါက အကျိုးရှိစွာဖြင့် တန်ဘိုးများလည်းမြင့်မားလာနိုင် ပါသည်။
(ဥပမာ…)
ကျွန်မမြင်တွေ့ရသောပတ်ဝန်းကျင်မှ လူငယ်တချို့ အင်တာနက်ဆိုင်မှ ဖုန်းများပြောဆိုကြသည်၊ ထိုသူခေါ်ဆို သောနေရာဌာနသည် စင်္ကာပူနိုင်ငံဖြစ်သည်။ စင်္ကာပူနိုင်ငံသို့ တစ်မိနစ်ခေါ်ဆိုနှုန်းထားမှာ ငွေကျပ်(၁၀၀ိ/-)ဖြစ် သည်။ သို့သော် ထိုသူသည် စင်္ကာပူနိုင်ငံသို့ ဖုန်းခေါ်ဆိုလိုက်သောအချိန်မှာ မိနစ်ငါးဆယ်ဖြစ်သွား၍ ငွေကျပ် (၅၀၀၀ိ/-) ပေးဆောင်လိုက်ရသည်။ ထိုသူပြောဆိုသော စကားတို့မှာ သာမာန်စကားမျိုးမဟုတ်ဘဲ သမီးရည်းစား စကားမျိုးသာဖြစ်သည်။
စာဖတ်သူတို့တွေးကြည့်စေချင်ပါသည်၊ လူငယ်များအကြားတွင် ချစ်သူ(သို့မဟုတ်)ရည်းစားဟူသည် ရှိတတ်ကြ ပါသည်။ သို့သော် နှစ်ကာလကြာမြင့်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှုရှိခြင်း စသဖြင့် အတူနေထိုင်ခြင်း စသည်ကိစ္စများမဟုတ်ပါဘဲ…ယနေ့ အွန်လိုင်းအစ vzo, gtalkမှအစပြုလို့ ဖြူသည်၊ မဲသည် မသိ၊ နေရပ်လိပ်စာ မသိ…မှားသလား..မှန်သလားမသိသောသူသို့ အချိန်တွေကြာမြင့်စွာ အသုံးချခဲ့ကြသည်။
ထိုသူကုန်ကျသောစရိတ်မှာ ကျွန်မတို့တစ်နေ့ဝင်ငွေထက်ပင်မကပါ၊ ကျွန်မတွေးမိပါသည်..ကျွန်မတို့ မြန်မာ လူငယ်တွေ မလိုလားအပ်သည့်နေရာမျိုးတွင် ငွေကြေးအကုန်အကျခံကာ အသုံးပြုနေခြင်းသည် ထိုသူတို့ အတွက် ဆုတ်ယုတ်မှုများသာဖြစ်ပေါ်နိုင်ပါသည်။
ယနေ့မြန်မာတွင်မက ကမ္ဘာတွင်လည်း သူ့ထက်ငါအပြိုင် ရင်ပေါင်းတန်း၍ ပညာများ သင်ယူနေကြသော ကာလများဖြစ်နေပါသည်။ အသက်ကြီး/ငယ်/လတ်ဟူ၍မရှိ လူတိုင်းကိုယ်စီ တတ်ထားနိုင်မှသာလျှင် ဘ၀ကို အကောင်းဆုံးတိုက်ပွဲဝင်နိုင်မည်ဖြစ်ပါသည်။ တက္ကသိုလ်ဆိုသည့် ဘွဲ့တစ်ခုရရုံဖြင့်မပြီးနိုင်သေးပါ၊ တတ်ထား သင့်သည့် အသက်မွေးမှုအတတ်ပညာများလည်း တတ်မြောက်ရန် လိုအပ်လှပါသည်။
ကျွန်မတို့လူငယ်များကို ဤနေရာမျိုးတွင်သာ အသုံးချစေချင်ပါသည်။ ယခုမျိုးဆက်သစ်လူငယ်များသည် အသက်အရွယ်မပြည့်မီသောအချိန်ကာလများကပင် အွန်လိုင်းဆိုသည်ကို အသုံးပြုနေကြပြီး၊ ယခုလို ပြောဆို နေကြခြင်းသည် မဖြစ်သင့်တန်ရာမဖြစ်သင့်တန်သော ကိစ္စမျိုးများလည်းရှိနေသည်ကို တွေ့ဘူးမြင်ဘူးကြပေ လိမ့်မည်။ ထိုသူတို့အတွက် နောင်ရေးသည် ရင်လေးစရာပင်ကောင်းလှပါသည်။
လူငယ်များအားလုံးကိုဆိုလိုခြင်းမဟုတ်..လူငယ်အများစုများမှ ဖြစ်တတ်သော သဘောသဘာဝမျှသာဖြစ်ပါ သည်။ အွန်လိုင်းစာမျက်နှာပေါ်တွင် ကြိုးစားနေကြသော လူငယ်မြောက်များစွာရှိကြပါသည်။ ထိုသူတို့အတွက် မြေတောင်မြှောက်ပေးသင့်ကြသလို.. လမ်းမှားရောက်နေသော လူငယ်များအတွက်လည်း ယခုလို သတိပေး သင့်ပါသည်။
မလိုလားအပ်သောနေရာတွင် အသုံးချခြင်းသည် ကျွန်မတို့၏ တစ်နေ့တာဝင်ငွေဆုံးရှုံးခြင်း ဖြစ်ပေါ်ရသလို တစ်နေ့တာအချိန်များလည်း ဆုံးရှုံးရပါသည်။ သူ့ထက်ငါအပြိုင်ဖြစ်နေကြသော ယနေ့ ITခေတ်ကြီးတွင် ကျွန်မတို့ နောက်ကျကျန်နေခဲ့လို့မဖြစ်ပါ။ အချိန်နှင့်အမျှ ကြိုးစားရှင်သန်လှုပ်ရှားနေရမည်ဖြစ်ပါသည်။
စာရေးသူအား စာဖတ်သူတို့အနေဖြင့် ဝေဖန်မှုမျိုးလည်းရှိလာနိုင်ပါသည်။ အကြောင်းအရာအားဖြင့် တိုက်ဆိုင် ခဲ့ကြသည်များရှိသော် အမုန်းတရားခံ၍ မေတ္တာဖြင့် ရေးသားလိုက်ရပါသည်။ ကျွန်မ၏ပတ်ဝန်းကျင်တွင် တွေ့ မြင်ရသော မြင်ကွင်းတစ်ချို့မှ ပုံရိပ်များကို အခြားနေရာများတွင် ရှိနေခဲ့ပါကလည်း ဤသို့ မှားယွင်းသော နေရာမျိုးများတွင် မိမိတို့၏ အချိန်များ၊ ငွေများကို အသုံးမပြုကြစေရန်၊ မဖြစ်စေချင်သော ဆန္ဒအမှန်များဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

(လူငယ်လူရွယ်များအားလုံး…တိုးတက်မြင့်မားသောလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ကြ၍ မှားယွင်းသော နည်းလမ်းများ၊ လမ်းကြောင်းပေါ်သို့ရောက်ခြင်းမှ လွတ်မြောက်နိုင်ကြပါစေ။)

နေခြည်သစ်နွယ်(ပြည်)

2 comments:

ညီရဲ said...

အင်း... ခုခေတ် ဖုန်းကို လူအထင်ကြီး ခံချင်ရုံသက်သက် ကိုင်နေတဲ့ လူငယ်တော်တော် များများကို မြင်ဖူးတယ်... သူတို့ ကို ကြည့်ပြီး စိတ်ပျက်မိတယ်... အားပေးသွားပါတယ်ဗျာ... လင့်ပါ တခါတည်း ယူသွားပါတယ်...

နေခြည်သစ်နွယ် said...

ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ရှင်။
နောက်လည်း လာလည်ဘို့ ဖိတ်ခေါ်ပါတယ်ရှင်။