Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, July 22, 2012

“သူသာ..ကျွန်မရဲ့ကိုယ်ရံတော်”

“သူသာ..ကျွန်မရဲ့ကိုယ်ရံတော်”

ဒီနေ့ဆို ကျွန်မ နေမကောင်းခဲ့တာ (၃)ရက်မြောက်ဖြစ်သွားခဲ့ပါပြီ။ စတင်နေမကောင်းဖြစ်ခဲ့သည့်နေ့ကစလို့ ကျွန်မစိတ်ထဲမှာ၊ ကျွန်မရင်ထဲမှာ သူ့ကိုပဲ တမ်းတမ်းတတရှိနေခဲ့ပါတယ်။ လွမ်းနေခဲ့ရသည့်နေ့ရက်တွေအတွက် ကုစားဖို့ဆိုတဲ့အချိန်ကာလတွေက ကျွန်မအတွက်တော့ လက်ချိုးလို့ပင် ရေတွက်၍မရနိုင်ခဲ့တော့ပါဘူး။ အပြင်းအထန်နေမကောင်းဖြစ်ခဲ့ပေမယ့် စိတ်ဓာတ်တွေကိုအားတင်းခဲ့ပြီး နေကောင်းလာအောင် ကျွန်မကြိုးစား ခဲ့မိပါတယ်။ ဒီလိုအချိန်မှာဆို သူသာကျွန်မအနားမှာရှိနေခဲ့ရင် အားဆေးတစ်ခွက်ဖြစ်ခဲ့မယ်ထင်ပါရဲ့။ အလွမ်း ဆိုတဲ့စကားလေးနှစ်လုံးက ကျွန်မအတွက် မျိုသိပ်ရင်းအချိန်တွေကပင် ရင်တွင်းမှာပင် ဖွင့်ဟလို့နေခဲ့မိပါပြီ။

“တို့ဝေးပြီ”

“တို့ဝေးပြီ”

ငါမျှော်နေတယ်
နင်ပျော်နေတယ်
ငါငိုနေတယ်…နင်ကမသိတယ်
ငါ့အတွက်..စာတစ်ခက်
နင်ချိုးလို့..ယူလာ
မျှော်နေမိတာ..အလကားပါ
ငါ့မျက်ဝန်းတွေ…နင့်အတွက်
ငါ့မေတ္တာတွေ..နင်းဖျက်
ရင့်ကျက်တွေဝေ..ငါ့နှလုံးကြွေ
တကယ်လေ…တို့တတွေဝေးပြီ….။


နေခြည်သစ်နွယ်(ပြည်)