“အလှစစ်”
ငါ၏အလှ၊ ငါ့စိတ်မှာရှာ
မုန်းမာန်စိတ်ထား၊ ငြှိုးမပွားဘဲ
တန်ခိုးစေတနာ..တိုးဝေဖြာ။
စိတ်ယဉ်အသွင်၊ နှလုံးဖြူစင်
အဆုံးမြင်စေချင်..အလှပင်။
အရိုင်းမာန်ဆိုး၊ စိတ်နှလုံးနဲ့
မြင်ကြည့်ပမာ၊ သူ့ရုပ်သွင်မှာ
အလှစစ်ရှာ၊ ပျောက်ဆုံးထင်ပ
ကျည်းတန်စေရာ..ခန္ဓာမှာ။
ပြင်ဆင်ခြယ်သ၊ လူတွင်လှလည်း
ဝန်တိုမုန်းထား၊ နှလုံးသားမှာ
စွန်းပေညစ်ထေး အမုန်းများသာ။
မဖြစ်တန်ရာ ဤသို့ငှာ…
စစ်မှန်ချစ်ခြင်း မေတ္တာထားနိုင်ရာ…။
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment