Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, June 24, 2012

“ကျွန်မချစ်တဲ့ အနုပညာ”

Photo

နူးညံ့လွန်းတဲ့
နှလုံးသားတစ်စုံရယ်
ဘာကြောင့်များ
ငါ့ရင်မှာပေါက်ဖွား
မပြောသာတဲ့ အကြောင်းတရားက
ရောင်မှားလို့များ ပေါ်မလာ
ငွေသော်တာရောင်ခြည်လေးများ
ထွန်းလင်းလို့ ပေးပါတော့လားကွာ....

“လွတ်လပ်စွာပျံသန်းလိုက်ကြပါစို့”



ဘယ်အရာပဲမဆို ကျွန်မ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်၊ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားခဲ့ပါတယ်၊ ပေးလာတဲ့ဘ၀၊ ပေးလာတဲ့ရလဒ်တွေအပေါ်မှာ ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရပေမယ့်၊ ဖြစ်လာတဲ့ဘ၀အပေါ် အကောင်းဆုံးလုပ်ဆောင်ဖြစ်ခဲ့ပါတယ်၊ အလုပ်မှန်ရင် လုပ်ချင်တဲ့ဆန္ဒရှိတာ ကျွန်မရဲ့ ပင်ကိုယ်စိတ်တစ်ခုရယ်ပါ၊ အကျိုးအမြတ်ရှေ့မထားဘဲ စိတ်ကောင်းစေတနာများစွာဖြင့် ဘ၀မှာ ကျလာတဲ့၊ ပေးလာခဲ့တဲ့ ဇာတ်ရုပ်တစ်ခုကို ပီပြင်စွာသရုပ်ဆောင်ခဲ့ပါတယ်၊သရုပ်ဆောင်လာခဲ့သည်နှင့်အမျှလည်း  ဖြစ်ချင်တာတွေထက်၊
ဖြစ်လာတာတွေဟာ တိုးတက်သင့်သလောက်တိုးတက်မှုတွေ ရရှိခဲ့သလို၊ မဖြစ်ချင်ပေမယ့်လည်း၊ ဖြစ်လာတာတွေရဲ့နောက်ဆက်တွဲကို ထိန်းသိမ်းခဲ့တာလည်း ဘ၀ရဲ့ ရလဒ်ကောင်းတစ်ခုပါပဲ၊ ကျွန်မဟာ နေခြည်သစ်နွယ်ဆိုတဲ့ ကလောင်ပန်းကလေးတစ်ပွင့် ဖြစ်လာဖို့ ဘယ်သောအခါမှ မမျှော်လင့်ခဲ့မိပါဘူး၊ ကျွန်မရဲ့ ပင်ကိုယ်စိတ်ကူးလေးဟာ ဟိုးကလေးဘ၀က အမှတ်မထင်ဖြစ်နေခဲ့ပေမယ့် ကျွန်မအတွက် အချိန်အခါတစ်ခုရောက်လာတဲ့အခါမှာတော့ ကျွန်မရဲ့ ပင်ကိုယ်စိတ်ကူးလေးဟာ ပွင့်လန်းသင့်သလောက် ပွင့်လန်းလာခဲ့ပါပြီ၊ ကျွန်မ ၀ါသနာပါလွန်းတဲ့ စာရေးခြင်းအလုပ်၊ ခုဆို ကျွန်မ အွန်လိုင်းရဲ့စာမျက်နှာထက်မှာ နေခြည်ဆိုတဲ့ ပန်းလေးတစ်ပွင့်ဟာ အနုပညာတွေဝန်းရံထားတဲ့ ကဗျာတောလေးထဲမှာ ပွင့်လန်းလို့လာခဲ့ပါပြီ ၊ ကျွန်မကို ခင်မင်ကြသော၊ ကျွန်မခံစားရေးဖွဲ့ခဲသော၊ ကဗျာ၊ ရသ၊ ၀တ္ထုတိုတွေကို အချိန်တွေပေးပြီး