Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, January 28, 2013

လွမ်းချစ်ကလေး




အတွေးတွေထဲမှာ..ဟာတာတာနဲ့..ရေရေရာရာတော့ မရှိခဲ့ပါဘူး..ဒါပေမယ့်..သေချာတာတစ်ခုက ... ကျွန်တော့်ရဲ့စိတ်ထဲမှာ..အမြဲရှိနေခဲ့တာကတော့..ကျွန်တော့်ရဲ့အချစ်ဆုံးချစ်သူပေါ့ဗျာ...“သူမကို..ကျွန်တော်သိပ်ချစ်တယ်ဗျာ”..ကျွန်တော့်အနားမှာ...သူသာ
ထာဝရရှိနေခဲ့မယ်ဆိုရင်..ဘ၀ဟာ ပြီးပြည့်စုံတဲ့ဂေဟာလေးတစ်ခုပေါ့... သူမက..ယဉ်ကျေးတယ်...သိမ်မွေ့တယ်..နူးညံ့တယ်..ဟန်အမူအရာတွေက ချစ်စရာကောင်းတယ်...ကျွန်တော့်ရင်ထဲမှာတော့ အသည်း(သဲ)စွဲတဲ့ ရွှေမင်းသမီးလေးပေါ့ဗျာ...ဘယ်သူတွေက..ဘာတွေပဲပြောပြော...မပြောင်းလဲဘဲချစ်နေခဲ့တာပေါ့...ခင်ဗျားတို့မှာရော...သူမလို ချစ်သူမျိုး ပိုင်ဆိုင်ဖူးခဲ့ရဲ့လား...ပိုင်ရောမပိုင်ဆိုင်ချင်ဘူးလားဗျာ...။
ဒီနေ့...ကောင်းကင်မှာ ကြည်လင်နေတယ်..မိုးသားတွေကပြာရီဝေမှိုင်းနေခဲ့တယ်...နေရောင်ခြည်တွေဖြာထွက်ပြီး၊ လှပတဲ့နံနက်ခင်းလေးပေါ့ဗျာ..ကျွန်တော့်ရဲ့အကြိုက်ဆုံးသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့..ကိုငှက်ကြီးရဲ့သီချင်းလေးတစ်ပုဒ်ကို နားဆင်ကြည့်လိုက်မိတော့..ပိုလွမ်းမိလာတယ်..“ချောက်” (ဂျောက်) ကနဲဆို တိတ်ခွေလေးကိုထည့်လိုက်မိတယ်..
“ထာဝစဉ်သာရည်ရွယ်ကာ..ထာဝစဉ်သာပျော်ရွှင်ပါ...”“လျှောက်လှမ်းဖို့ရာ...ကိုယ်လမ်းကလေးရယ်..အစဉ်ထာဝရကွယ်”
“၀ူးဝူး...ဟူးဟူး....”..“အိပ်မက်တွေအကုန်ဖြစ်သွားတာ..ကယ်တင်ချင်းသီချင်းလေ”
သီချင်းသံလေးက..လေလှိုင်းထဲကနေ နားထဲသို့ .. လွင့်ပြယ်လာခဲ့ပြီလေ...ကျွန်တော်ငိုရမှာလား..ရယ်နေရမလား..ဘာရယ်မသိ
တဲ့ လွမ်းပျင်းပျင်းဝေဒနာတစ်ခု ရင်ထဲကို ရောက်ရှိလာခဲ့တယ်....အတိတ်တွေကို မတမ်းတမိဘဲရောက်သွားမိခဲ့တော့တယ်...။ ကျွန်တော့်ရဲ့ ပခုံးမှသည်..လည်ပင်းနောက်မှ သိုင်း၍ပွေ့ဖက်လာခဲ့တော့...ရင်ထဲမှာ နွေးကနဲဖြစ်သွားရတယ်.. တဒိုင်းဒိုင်းခုန်နေခဲ့တဲ့..ရင်ခုန်သံတွေက...နှလုံးသားဆီမှသည်

“သူငယ်ချင်း”

“သူငယ်ချင်း”

သူငယ်ချင်း…

ဘ၀ဆိုတဲ့..စကားနှစ်ခွန်းဟာ

တို့တတွေအတွက်..စိန်ခေါ်မှုတွေပါ။

ပန်းခင်းလမ်းတွေ..မလျှောက်နိုင်သေးခင်

အရောက်နင်းသွားခဲ့ရတဲ့..ဖိနပ်ပါးပါးလေးတွေက

တဖြည်းဖြည်းနဲ့…..

ခြေဖ၀ါးနုနုလေးတွေတောင်…..

သွေးရည်ကြေတွေဥနေပါရောလား….