Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“အဖြူရောင်ခြယ်နှလုံးသား”

“အဖြူရောင်ခြယ်နှလုံးသား”

လူတကာတွေကြားမှာ အမူအရာတွေနဲ့ စံတင်ထားစရာကောင်းခဲ့တဲ့ ကျွန်မတို့ကို စုံတွဲလေးလို့ အများက ထင်ခဲ့ကြသလို….တကယ့်ကိုစုံတွဲဖြစ်ရလောက်အောင် ချစ်ခြင်းတွေနှောင်ဖွဲ့ သံယောဇဉ်တွေရစ်ပတ်ခဲ့လို့ ခုတော့ ပါးစပ်ရာဇ၀င်လေးတစ်ခုဖြစ်ခဲ့ပြီပေါ့ရှင်…..
အချစ်ဆိုတဲ့အရာဟာ ထူးခြားဆန်းကြယ်လွန်းလို့ ကမ္ဘာပေါ်မှာရှိတဲ့လူသားတွေ လိုက်လို့မမီနိုင်တော့ပါဘူး.. ကျွန်မလည်း အချစ်ဆိုတာတွေထက် အချစ်ကို တန်ဘိုးထားခဲ့ပေမယ့်…ကံကြမ္မာရဲ့လှည့်စားချက်တွေက နှလုံးသားနှစ်ခုကို တစစီကွဲကြေမွစေခဲ့ပါပြီ….အိပ်မက်တွေမဟုတ်တဲ့ ချစ်ခြင်းတရားတွေဟာ ဘ၀နဲ့ယှဉ်လာတဲ့ အခါ အရှုံးပေးရစမြဲပါပဲ….

“အမေပြောတဲ့….ဖူးစာ”

“အမေပြောတဲ့….ဖူးစာ”

ကျွန်မကို ငယ်ငယ်က အမေက ပြောဘူးခဲ့တယ်…ဒီအရွယ်ဟာ ပညာသင်တဲ့အရွယ်..ရည်းစားထားရမယ့် အရွယ်မဟုတ်ဘူးဆိုပဲ၊ အမေပြောတဲ့အတိုင်းပဲ ကျွန်မနေခဲ့ပါတယ်၊ အမေကပြောခဲ့တယ်၊ တက္ကသိုလ်ဝင်တန်း အောင်တဲ့အထိ ကျောင်းစာကိုပဲလုပ်ရမယ်တဲ့၊ ဘာတွေ၊ ညာတွေမှမ၀င်ရဘူး၊ တစ်ခုတော့ အမေကြို ပြောမယ်၊ သမီးတို့အရွယ်တွေဟာ (၁၅)နှစ်၊ (၁၆)နှစ်ဆိုတော့ စိတ်ကလေးတွေက အရမ်းနူးညံ့တတ်တယ်၊ လေတိုက်ရင် သစ်ရွက်လေးတွေဟာ

“လိပ်ပြာလွင့် ရင်ခုန်သံအချစ်”

“လိပ်ပြာလွင့် ရင်ခုန်သံအချစ်”

နေ၀င်ရီရောစအချိန်တိုင်း အလုပ်မှပြန်လာနေကြဖြစ်တဲ့ ကျွန်မ… ထုံးစံအတိုင်း အိမ်သို့ပြန်လာခဲ့ပြီး..ကျွန်မရဲ့ မောင်ငယ်လေးဖြစ်သူ မင်းသွင်က..
“မမရေ…အကိုကြီးကို ပြန်ကြိုလိုက်အုံးနော်၊ ကားဂိတ်မှာ မျှော်နေလိမ့်မယ်”
“အေးပါ မောင်လေးရယ်…မမ သွားကြိုလိုက်မယ်နော်”
ပြောပြောဆိုဆိုနှင့်ပင် ကျွန်မမောင်လေးကို သွားကြိုရန် ဆိုင်ကယ်စက်ကလေးနှိုးပြီး ထွက်လာခဲ့သည်… ဆိုင်ကယ်ကိုမစီးခဲ့တာ ကြာပြီဖြစ်နေလို့ မိသားစုတွေက စိတ်မချနိုင်၊ အိမ်ကထွက်သည်နှင့်ပင်…

“ရင်ဘတ်ချင်းနီးနေသူ”

“ရင်ဘတ်ချင်းနီးနေသူ”

ကျွန်မဘ၀လေးထဲကို အမှတ်မထင် ၀င်ရောက်လာခဲ့တဲ့ ချစ်သူရေ…ဘ၀ကြီးထဲမှာ ရှင်သန်နေထိုင်ရင်း ဒီအချိန်လေးရောက်မှ ဆုံဆည်းခဲ့ကြရလို့ ၀မ်းသာခဲ့ရတယ်…တိုက်ဆိုင်မှုတွေမဟုတ်ခဲ့တဲ့ ချစ်ခြင်းတရားတွေ၊ နားလည်မှုတွေက ကျွန်မရဲ့နှလုံးသားကို ထိခိုက်စေခဲ့ပါတယ်…။
အချစ်ဆိုတာ လူတစ်ဦးနဲ့တစ်ဦး ချစ်ကြတယ်ဆိုပေမယ့် အပေးအယူမမျှတခဲ့ရင် မပြေလည်မှုလေးတွေက တဆင့် အချစ်တွေပျက်စီးသွားနိုင်ပါတယ်။ ချစ်သူနဲ့ ကျွန်မရဲ့ ကြားမှာတော့ ဖြူစင်တဲ့ချစ်ခြင်းတရားတွေက စခဲ့ကြလို့ အချစ်တွေက ခိုင်မြဲခဲ့ကြတယ်နော်။

“မိန်းမတစ်ယောက်ရဲ့ နောက်ဆုံးအပျိုစင်”

“မိန်းမတစ်ယောက်ရဲ့ နောက်ဆုံးအပျိုစင်”

“အပျိုစင်”ဆိုတဲ့ စကားလေး(၃)ခွန်းဟာ စကားအရာ(၃)ခွန်းဆိုပေမယ့် ထိန်းသိမ်းရတာတော့ ခက်ပါလားနော် အမေကမွေးပြီးအချိန်မှစလို့ အရွယ်ရောက်တဲ့အချိန်၊ ဆယ်ကျော်သက် ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်း ရ ခက်ခဲပါတယ်။ ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူ အမေ့ရဲ့သွန်သင်ဆုံးမမှုတွေကြောင့်သာ ဆယ်ကျော်သက် ဆိုတဲ့ ဘ၀လေးကနေ အသိဥာဏ်တွေရင့်ကျက်တဲ့ အသက်အရွယ်အထိ “အပျိုစင်”ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ထိန်းသိမ်းနိုင်ခဲ့တာပါ။
ဆယ်ကျော်သက်အရွယ်နဲ့အတူ ဒွန်တွဲပြီးဖြစ်ပေါ်လာတတ်တဲ့ အချစ်ဆိုတဲ့အရာဟာ အရွယ်နဲ့မမျှအောင် အင်အားကြီးမားခဲ့တာမို့ ရင်ခုန်သံတွေရဲ့နောက်ကို ပါမသွားလေရအောင် ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရသူတွေ ကတော့ ကျွန်မတို့ မိန်းမသားတွေမဟုတ်လား…။

“အမှတ်တရနေ့”

“အမှတ်တရနေ့”
ဇန်န၀ါရီလ(၂၃)ရက်ဆိုတဲ့ သက္ကရာဇ်ရက်စွဲလေးကိုမြင်လိုက်တာနဲ့ ချစ်သူနှစ်ဦးရဲ့ အမှတ်တရနေ့စွဲလေးဆိုတာ ကျွန်မသိနေခဲ့သည်၊ဒီနေ့ရက်လေးဟာ ကျွန်မတို့နှစ်ဦးရဲ့ အမှတ်တရနေ့ရက်လေးတစ်ရက်၊ အခြားသူတွေက ဖေဖော်ဝါရီ(၁၄)ရက်နေ့ဟာ “ချစ်သူများနေ့”လို့ ဆိုကြတယ်လေ၊ ကျွန်မနဲ့ ချစ်သူကောင်လေးအတွက်ကတော့ အများကသတ်မှတ်ထားတဲ့ “ချစ်သူများနေ့”ဆိုတဲ့ ရက်ကလေးဟာ အထူးအဆန်းဖြစ်မနေခဲ့သလို ရင်ခုန်စရာလည်းမကောင်းခဲတဲ့ နေ့ရက်တစ်ခုလို့ ထင်နေခဲ့ကြပါတယ်၊

“စိတ်ကူးယဉ်ထဲက သတို့သမီး”

“စိတ်ကူးယဉ်ထဲက သတို့သမီး”

စာရေးဆရာကြီးတစ်ယောက်ရဲ့ စာပေဟောပြောပွဲအသံဖိုင်လေးကို နားထောင်မိရင်း…သူကပြောတယ် စိတ်ကူးယဉ်လို့ရတယ်တဲ့၊ ဒါပေမယ့် ဖြစ်နိုင်မယ့်စိတ်ကူးကိုယဉ်တာကအကောင်းဆုံးပဲလို့ ပြောခဲ့တယ်။ အဲ့ဒီစာရေးဆရာကြီးရဲ့ စကားလေးတစ်ခွန်းကိုကြားပြီး ကျွန်မလည်း စိတ်ကူးလေးတစ်ခု ယဉ်ကြည့်ခဲ့မိပါတော့တယ်….. အဲ့ဒီစိတ်ကူးလေးတစ်ခုကတော့-
ကျွန်မငယ်စဉ်က မေမေက မေးခွန်းလေးတစ်ခုမေးခဲ့တယ်…

“အိပ်မက်ထဲက…စင်ဒရဲလား”

“အိပ်မက်ထဲက…စင်ဒရဲလား”
စင်ဒရဲလားဆိုတာ ကျွန်မငယ်စဉ်တည်းက စာအုပ်တွေထဲမှာ မှတ်သားခဲ့ဘူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရယ်ပါ “စင်ဒရဲလား”ဆိုတာ မင်းသမီးလေးတစ်ပါး၊ ဒါပေမယ့် အချိန်တွေ၊ နာရီတွေ၊ ကန့်သတ်ချက်တွေနဲ့ ဖြစ်ခွင့်ရလာခဲ့တဲ့ မင်းသမီးလေးပေါ့…မင်းသမီးလေးခမျာ မင်းသားလေးနဲ့တွေ့ရဖို့ အခက်အခဲတွေကြားကနေ ရရှိလာခဲ့ပေမယ့် ကံတရားက ရက်စက်လွန်းပါတယ် ကျန်ရစ်ခဲ့တဲ့ ဖိနပ်တစ်ရံကို အပူတပြင်းနဲ့လိုက်ရှာနေ ကြတော့ မင်းသမီးလေးရဲ့ ခြေထောက်နဲ့တော်လို့ မိဖုရားအဖြစ် ချီးမြှောက်ခံရတဲ့အခါ မင်းသမီးလေးဟာ သာယာပျော်ရွှင်သွားခဲ့ရတယ်နော်… ကျွန်မလည်း စင်ဒရဲလားလေးလိုပဲ တခဏတော့ မင်းသမီးလေး ဖြစ်လိုက်ချင်ပါတယ်…။

“အလွမ်းရှိတဲ့ ပြဿဒါးနေ့ရက်များ”

“အလွမ်းရှိတဲ့ ပြဿဒါးနေ့ရက်များ”

“နွေ”ဆိုတဲ့ ကာလလေးကို ရောက်တာနဲ့ သင်္ကြန်ဆိုတဲ့ အချိန်လေးကို တမ်းတမိခဲ့ကြတာ ကောင်မလေးနဲ့အတူ လူသားတွေအားလုံးပါပဲ…
သင်္ကြန်ဆိုတဲ့အချိန်အခါလေးကို လွမ်းရင်းနဲ့ ခုဆို ဘာလိုလိုနဲ့ (၃)ရက်သာ လိုတော့တယ်မဟုတ်လား
ဒီအချိန်လေးမရောက်ခင်တည်းက သင်္ကြန်အတွက်ဆိုပြီး အစီအစဉ်သစ်လေးတွေဆွဲထားလိုက်ကြ
တာ အကြိုနေ့လေးကို ရောက်တော့မှဘဲ ကောင်မလေးတို့ရဲ့ အစီအစဉ်လေးတွေ ပြီးမြောက်နိုင်ပါတော့တယ်…။

“ချစ်သောသူအတွက် ဒီနွေတန်ခူးရဲ့ ….ပေးစာ”

“ချစ်သောသူအတွက် ဒီနွေတန်ခူးရဲ့ ….ပေးစာ”

ချစ်သူအကိုရေ…ခုဆို နွေတန်ခူးကိုတောင် ရောက်လို့လာခဲ့ပြီနော်…ချစ်သူဆိုပေမယ့်လည်း အကိုတစ်ယောက် လိုပဲ နှစ်နှစ်ကာကာချစ်နေခဲ့ရပါတယ် အွန်လိုင်းရဲ့ ကွန့်မန့်တစ်နေရာဖြစ်တဲ့ “မြန်မာဆန်စွာ ချိုမျက်နှာနှင့် ရူပါရွှေပန်းချီ ဘွဲ့ထူးတည်”ဆိုတဲ့ အရာလေးကနေ ဖြစ်တည်ပေါက်ဖွားလာခဲ့ကြတဲ့ သံယောဇဉ်တွေက တနင့်တပိုးနဲ့ပါပဲ…။
ဒီစာလေးရေးနေတဲ့အချိန်မှာ ချစ်သူအကိုကို သတိရတဲ့စိတ်တွေ ၊ လွမ်းနေရတဲ့စိတ်တွေ၊ တွေ့ချင်တဲ့စိတ်လေးတွေက…ပြေးလာလို့ရခဲ့ရင် အပြေးပဲလာခဲ့ချင်ပါတော့တယ်…မိုးတွေကရွာ…ရာသီဥတုက အေးစက်စက်ဖြစ်နေပေမယ့် ချစ်သူညီမလေးနှလုံးသားထဲမှာတော့…ပူနွေးနေဆဲပါပဲ…မိုးရေတွေနဲ့အတူ မျက်ရည်တွေပါရောပြီး သွန်းဖြိုးနေခဲ့ရပြီ ချစ်သူအကိုရေ…။

“သာသနာ့ဘောင်မှ နေခြည်သစ်နွယ် (ခ) ဆရာလေး ခေမာစာရသိင်္ဂီ”

“သာသနာ့ဘောင်မှ နေခြည်သစ်နွယ် (ခ) ဆရာလေး ခေမာစာရသိင်္ဂီ”


ချမ်းအေးလွန်းတဲ့ ဒီဇင်ဘာရဲ့ညနေစောင်းလေးမှာပေါ့ ကျွန်မရဲ့ အိမ်အပြန် လမ်းတစ်လျှောက်မှာ စဉ်းစားရင်း အိမ်ရောက်မှန်းမသိအောင် အတွေးတွေလွန်သွားတယ်လေ အိမ်ရောက်တော့ ကျွန်မစဉ်းစားတဲ့ အကြောင်းအရာတချို့ကို စဉ်းစားပြီး ကျွန်မမိဘတွေကို ဖွင့်ပြောခဲ့မိတယ်
အဲဒီအကြောင်းလေးကတော့ ကျွန်မ လောကီကို စွန့်ခွါတော့မယ်ဆိုတဲ့အကြောင်းလေးပေါ့..ကျွန်မအတွက် ဘ၀မှာ ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြစ်နေတဲ့လက်ရှိဘ၀တွေမှာ ကျေနပ်မှုမရှိနိုင်၊ လိုချင်တဲ့အရာအားလုံးကို ပိုင်ဆိုင်ခဲ့တယ်၊ သောကရယ်တစ်လှည့် ဒုက္ခရယ်များစွာဆိုသလို ဆင်းရဲချမ်းသာ တလှည့်စီသာလာလို့ပေါ့ ကျွန်မပိုင်ဆိုင်ဆိုင်ချင်တာ ဘာလဲဆိုတာတွေ၊ ပိုင်ဆိုင်ပြီးသမျှအရာတွေကိုရော လိုချင်ခဲ့တာဟုတ်ရဲ့လားလို့ ကျွန်မကိုယ်ကျွန်မ အကြိမ်ကြိမ်ပြန်မေးခဲ့ရင်း….. ဘာတွေလိုအပ်လဲ ကျွန်မအကြိမ်ကြိမ် စဉ်းစားမိတယ် ကျွန်မရဲ့အလုပ်ထဲမှာ မပျော်တော့သလို ကျွန်မရဲ့နေ့စဉ်လုပ်ငန်းတွေက သံဝေဂတရားတွေ ပေးလိုက်မိတယ်ထင်ပါတယ်….

“မချောကငါးယောက် ကိုရင်ကျော်တို့ကနှစ်ယောက်”

“မချောကငါးယောက် ကိုရင်ကျော်တို့ကနှစ်ယောက်”


“ဒီဇာတ်လမ်းလေဟာဆိုရင် အဝေးတစ်နေရာမှ ပြန်လာတော့မယ့်
နေခြည်တို့ရဲ့အချစ်တော် “မမေသဇင်(ခ) မမေ” ကို
နေခြည်တို့နဲ့အတူ “ကိုရင်ကျော်” ဦးဆောင်ပြီး သူငယ်ချင်းများအားလုံးက သရုပ်ဆောင်ပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ
နေခြည်တို့ရဲ့ အချစ်တော် မမေတစ်ယောက် ပြန်လာမယ့်လမ်းခရီးမှာ
သာယာဖြောင့်ဖြူးစွာနဲ့ ရောက်ရှိလာနိုင်ပါစေလို့ နေခြည်တို့သူငယ်ချင်းများအားလုံးက ဆုတောင်းရင်း နွေးထွေးစွာနဲ့ကြိုဆိုနေပါတယ်
အွန်လိုင်းပေါ်မှာ ဘယ်သူရယ်လို့ မဆုံတွေ့ခဲ့ကြပေမယ့်
အရမ်းကိုပဲချစ်ကြတဲ့ နေခြည်တို့မောင်နှမငါးယောက်လုံးက ဒီနေရာနေ ကြိုဆိုလိုက်ပါရစေနော်
ဒီဇာတ်လမ်းလေးကို ဖန်တီးပေးထားတဲ့ စီစဉ်သူ “ကိုရင်ကျော်”ကိုလည်း ဒီနေရာကနေ နေခြည်က ကျေးဇူးအထူးတင်ရှိပါကြောင်းဖြင့်
ဒီဇာတ်လမ်းလေးကို အွန်လိုင်းမောင်နှမများ ရယ်မောရင်းအပန်းပြေအောင် နေခြည်က ထပ်ဆင့်ပြီး မျှဝေပေးလိုက်ပါရစေရှင်။
“ရွှေမြို့တော်မှာ ဖတ်ရှုအားပေးကြမယ်ဆိုရင်ဖြင့်”
“မချောက ငါးယောက် ကိုရင်ကျော်တို့က နှစ်ယောက်”
           Vs               

ဒီဇင်ဘာလ(၁၁)ရက်နေ့


“၀ုန်း”
“အား”
ပခုံးပေါ်ထမ်းလားသော မထသမင်းသားကို ဖမ်းခေါ်လာသူက ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သော အသံ နှင့် မထသမင်းသား၏ နာကျင်စွာအော်သံသည် ဆက်တိုက်ထွက်ပေါ်လာသည်။

“မျှော်လင့်ချက်အိမ်ကလေး”


“မျှော်လင့်ချက်အိမ်ကလေး”

“ဒီနေ့ ရာသီဥတု သာယာနေပါလား”
“၀ါး……ဟုတ်တယ်နော် ဖေကြီး”
“မေကြီးရေ……သားနဲ့သမီးရော”
“အယ်….ဟုတ်ပါရဲ့”
“သားတို့….သမီးတို့ရေ”
“၀ါး…..”
“အမလေး… လန့်လိုက်တာကွယ်”
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို ၀တ်ရည်ပိုင်ဆိုင်ခဲ့ရလို့ ရင်ထဲမှာ ကြည်နူးပီတိဖြစ်နေရပါပြီ၊ ၀တ်ရည်မျှော်လင့်ခဲ့တဲ့ ဒီအချိန်လေးတွေ ခုဆိုရင် အတိုင်းမသိပျော်နေခဲ့ရပါပြီ၊ ဒါက လည်း ၀တ်ရည်ကို ကြင်နာမှု၊ နွေးထွေးမှုပေးခဲ့တဲ့ မောင်တစ်ယောက်ကြောင့်မဟုတ်ပါလား။
မောင်ရယ်…ခုဆိုရင် ၀တ်ရည်နဲ့မောင်တို့ရဲ့ မင်္ဂလာသက်တမ်းက(၅)နှစ်တောင်ရှိခဲ့ပြီနော်၊ သားနဲ့သမီးတောင် ခုဆိုရင် အရမ်းကို သိတတ်နေကြပြီ၊ ၀တ်ရည်နဲ့မောင်တို့ရဲ့ ဟိုး…အရင် ချစ်သူဘ၀တွေကို မြင်ယောင်နေမိပြန်ပါသေးတယ်၊

“ မိုးမခ” ချစ်တဲ့ အိမ်ကလေး



 
 “အောက်အီးအီး……အွတ်”

ကြက်တွန်သံတွေအဖြိုင်ဖြိုင်ကြားရပြီဆိုတော့ မိုးမခတို့မေမေတစ်ယောက် ခုချိန်ဆို မီးဖိုထဲရောက်နေလောက်ပြီပေါ့ ၊ မိုးမခတို့မှာ ဖေဖေဦးနေမင်းခ၊ မေမေ ဒေါ်နှင်းနှင်းနဲ့အတူ မောင်လေးနေမခဆိုပြီး မိသားစုလေးယောက်ပေါ့….

“ရင်ခုန်စေတဲ့ Valentine’’

“ရင်ခုန်စေတဲ့ Valentine’’

ခုဆိုရင် နှစ်သစ်ရဲ့ Januaryလတစ်ဝက်တောင်ရှိခဲ့ပြီမှပေါ့…..နောက်လဆိုရင် Februaryလကိုရောက်တော့ မယ်နော်…. ဘာလိုလိုနဲ့ အချိန်ကာလတွေက တရွေ့ရွေ့နဲ့ဆိုသလို ကုန်လုမက ကုန်ဆုံးနေခဲ့ပြီ…… နေ့စဉ်နဲ့အမျှဆိုသလို ရေရေရာရာမရှိ အနာဂါတ်ဆိုတာမျှော်တွေးကြည့်လို့မရသလို အရာအားလုံးမှာ သူဖြစ်ချင်တာတွေကြီးသာ ဖြစ်နေကြပါရောလားလို့ စိတ်ထဲမှာအလိုလိုရောက်ရှိလာသလိုပင် ခံစားရသည်….. ဒီလလေးကို ကျွန်မနဲ့အတူ ကမ္ဘာပေါ်မှာရှိတဲ့ ချစ်သူစုံတွဲတိုင်းက စောင့်မျှော်နေကြမှာပါ….ဖေဖော်ဝါရီလရဲ့ (၁၄)ရက်နေ့ကို လူတိုင်းသတ်မှတ်ကြတဲ့ “ချစ်သူများနေ့”  Valentine Day ရယ်လို့ ခေါ်ဝေါ်ခဲ့ကြပါတယ် …အဲဒီနေ့မတိုင်ခင်….အကြိုတစ်ရက်မှာ ချစ်သူစုံတွဲတွေက မိမိတို့ချစ်သူတွေနဲ့ ချိတ်ဆက်ထားကြပြီး….

“မွေးရပ်မြေမှ အဖေ့ဆီသို့”

“မွေးရပ်မြေမှ အဖေ့ဆီသို့”

 မရောက်ခဲ့တာ နှစ်(၂၀)ကျော်လောက်ကြာပြီဖြစ်တဲ့ ကျွန်မတို့ရဲ့ မွေးရပ်မြေလေးကို အလည်ရယ်ဆိုသလို ကျွန်မထွက်လာခဲ့မိပါတယ် အနှစ်(၂၀)ဆိုတဲ့အချိန်ကာလတွေက တော်တော်ကိုပဲကြာခဲ့ပါပြီ ကလေးဘ၀တည်းက ပညာတွေသင် ပညာတွေ ဆုံးခန်းတိုင်ပြန်တော့ ဘ၀အတွက် နေရေး ၀တ်ရေး စားရေးဆိုတဲ့အရေးသုံးပါးအတွက် ရှာရ ဖွေရ အလုပ်လုပ်ကိုင်ကြရသည်မဟုတ်ပါလား ဒီတော့လည်း မွေးရပ်မြေဆိုတာ အချိန်ပေးဖို့ထက် စိတ်အပန်းဖြေဖို့အတွက် ခရီးလေးတစ်ခေါက်လောက်ပင် မထွက်နိုင်ခဲ့ကြပါလား ဒီတစ်ခါတော့ လုပ်ငန်းခွင်တွေကလည်း ရပ်နားတဲ့အချိန်အခါမို့

“သူ့ကိုမှ ချစ်မိနေပါတယ်”

“သူ့ကိုမှ ချစ်မိနေပါတယ်”

မိုးဥတုရဲ့ ၀ဿန်ကာလကုန်ဆုံးချိန်နဲ့အတူ ရာသီအကူးအပြောင်းဖြစ်တဲ့ ပွင့်လင်းရာသီကိုရောက်ရှိလို့လာခဲ့ပြီ ရခိုင်ကမ်းရိုးတန်းရဲ့အလှအပက လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေကို စိတ်နှလုံးကြည်လင်စေပါတယ် သာယာလှပတဲ့ ညနေဆည်းဆာပင်လယ်ပြင်ကြီးနဲ့အတူ စားသောက်ဖွယ်ရာ ပင်လယ်စာ၊မြင်တွေ့ဘူးခဲ့ကြပေမယ့်လည်း အသွင်ထူးစရာကောင်းလှတဲ့ ချိုမြတဲ့အုန်းရေလေးကိုမှ သောက်ချင်သူတွေအတွက် စိတ်အပန်းဖြေစရာ ကမ်းခြေလေးတစ်ခုမဟုတ်ပါလား ကြည်နူးတို့မိသားစုလေးကတော့ မြို့နဲ့အလှမ်းဝေးတဲ့ မာန်အောင်ကျွန်းလေးမှာ တံငါလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်နေကြရသူတွေပေါ့…မိုးမလင်းခင် ကြည်နူးရဲ့ ဖခင်ဖြစ်သူက အပေါင်းအသင်းတွေနဲ့ ပိုက်ကွန်ကိုယ်စီယူဆောင်ပြီး စက်လှေအသီးသီးတွေနဲ့ ငါးဖမ်းတဲ့အလုပ်ကို တစ်နေကုန်ဆိုသလို လုပ်ကြရပါတယ် ကြည်နူးတို့ကတော့ အဖေ ငါးဖမ်းကပြန်လာတိုင်း စက်လှေတွေတန်းစီပြီးဝင်လာတာနဲ့အမျှ ရွာထဲမှာရှိကြတဲ့

“ချစ်သူ့နယ်မြေ”

“ချစ်သူ့နယ်မြေ”

ဒီဇင်ဘာလလေးရဲ့အကုန် နွေဦးရဲ့အစပေါ့ လေပြေနုအေးလေးတွေက ညနေစောင်းရဲ့ နေ၀င်ရီရောအချိန်ဆို တဖြူးဖြူးနဲ့ဆိုသလို တိုက်ခတ်လာတော့ ရွှန်းလဲ့ရဲ့ ရင်မှာ ဘယ်သူ့ကိုလွမ်းလို့ လွမ်းမှန်းမသိအောင်ကို ဖြစ်နေခဲ့ပါတယ် ရွှန်းလဲ့တို့ဆိုင်လေးက တက္ကသိုလ်ကြီးရဲ့ ရှေ့နားဆီမှာဆိုတော့ ကျောင်းသူကျောင်းသားတွေနဲ့အတူ ကျောင်းကြီးရဲ့ အဓိပတိလမ်းမကြီးပေါ်မှာလည်း ဝေ့ကာဝေ့ကာပေါ့ မီးရောင်စုံတွေ ဖြိုးဖြိုးဖြဖြဖြစ်နေတဲ့အချိန်ဆို ကျောင်းကြီးကနေ ခွဲခွာကြရမှာမို့ ချစ်သူအတွဲတွေ ကိုယ်စီကိုယ်စီနဲ့ မီးရောင်စုံရဲ့အောက်မှာပေါ့……။

“ဒီသင်္ကြန်မှာ မလွမ်းရတော့ဘူးပေါ့နော်”

ရန်ကုန်-ပြည်ကားလမ်းမကြီးဟာဖြင့်… ပြည်မြို့ရဲ့ဂုဏ်ကျက်သရေကို…. အလှဆုံးဖြစ်စေသည်….အရှေ့ဘက်ကမ်းမှာ….. ညှို့မှိုင်းမှိုင်းဖြစ်နေပြီး….. လွမ်းမောစရာကောင်းလှတဲ့ မင်းကြီးတောင်ခြေရဲ့အလှနဲ့ …..အနောက်ဘက်ကမ်းမှာ…. ၀ိုးတ၀ါးလှမ်းမြင်နေရတဲ့ တန့်ကြည့်တောင်တန်းဟာဖြင့်…. စိမ်းလန်းလို့ဝေဖြာ….. ရှုငေးလို့မဆုံးနိုင်တော့ပါ…. တသွင်သွင်စီးဆင်းနေတဲ့  မြစ်ဧရာဝတီကတော့ ကြည့်လို့ပင်မဆုံးနိုင်တော့….. ဆောင်းဟေမာန်ရဲ့ ရာသီအကူးအပြောင်းဖြစ်တဲ့….. ဂိမာန် နွေဦးကာလကိုတောင် ရောက်တော့မှာပါလား….. တစ်နှစ်တစ်ခါပွင့်လာတော့မယ့် ပေါက်ပွင့်အနီရောင်လေးတွေရယ်….. ဖူးငုံအာပွင့်လန်းနေကြမယ့် ….လက်ပံပွင့်တွေရယ်ဟာ လူသားတွေရဲ့စိတ်ကို တစ်နေရာရာစီကို

“မှော်ရုံပြတိုက်ထဲက နှလုံးသား”

“မှော်ရုံပြတိုက်ထဲက နှလုံးသား”
နေ့စဉ်လို ဆိုင်အလုပ်တွေ၊ ၀န်ထမ်းတွေနဲ့ အလုပ်အမြဲရှုတ်နေတတ်တဲ့ သီရိမေတစ်ယောက် စိတ်ဖိစီးမှုတွေက တစ်နေ့တခြားဆိုသလိုဖြစ်လာသည်…အားလပ်ရက်မရှိလောက်အောင်ကို သီရိမေဆိုင်လေးက
အရောင်း အ၀ယ်ကောင်းလွန်းလှသည်….မေ့အနားတွင် တိုးတိုးဖော်ရယ်လို့ ချယ်ရီဆိုသော secretaryမလေး တစ်ယောက်သာရှိသည်….။
သီရိမေက ဗိုလ်ချုပ်ဈေးတွင် အထည်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားသည်မဟုတ်ပါလား…. မိဘတွေမရှိတော့သည့်နောက်ပိုင်းမှာတော့ မေတစ်ယောက်တည်း ဘ၀ကိုရုန်းကန်နေခဲ့ရသည်… အဖော်ဖြစ်သူ ချယ်ရီလေးသာမရှိခဲ့ရင် မေ့အတွက် ဘ၀ကအထီးကျန်ဆန်နေမည်သာပေါ့….။
နှစ်တွေကကြာလာတော့လည်း မေတစ်ယောက် အလုပ်တွေစေညွှန်ရာ စိတ်ဖိစီးမှုတွေကြားမှာ ဗုန်းဗုန်းလဲနေတော့ပါသည်….။
“ဟင်း….အဟင်း…..ဟင်း…..၊ ”မမမေ” ”

“သံသရာအရှုံးထဲက…အမြတ်”(ဇာတ်သိမ်းပိုင်း)

“သံသရာအရှုံးထဲက…အမြတ်”(ဇာတ်သိမ်းပိုင်း)
သူမ ပထမဦးဆုံး ဖေ့ဘွတ်ကို ဖွင့်ကြည့်မိတဲ့အခါမှာတော့ မထင်မှတ်တဲ့ လူတစ်ယောက်က သူ့ကို ကွန့်မန့်လှလှလေးတွေ ပေးနေပါရောလား တနေ့တည်းမှာဘဲ သူကစပြီး တောင်းဆိုလာလို့ သူငယ်ချင်းအဖြစ်နဲ့ လက်ခံမိလိုက်တဲ့ သူမအတွက်တော့ ပျော်စရာတွေဖြစ်လာခဲ့ပါပြီ…..
သူ့နာမည်က လမြတ်သခင်တဲ့ သူနဲ့ သူမတို့က နေ့နံချင်းတွေတူနေသလို ၀ါသနာ၊ ခံစားချက်၊ အသိပညာတွေ ထပ်တူညီနေခဲ့ကြတယ် သူမစိတ်ထဲမှာရှိနေတဲ့အရာတွေအားလုံးက သူ့စိတ်ထဲမှာရှိတာတွေနဲ့ အံဝင်ခွင်ကျဖြစ်နေသလိုပင်….
“လ၀န်း…”
“ရှင်….အကို”
“လ၀န်းကို ကို့ရဲ့ညီမလေးတစ်ယောက်လို ခံစားမိတယ် လ၀န်းရယ်”
“ဟုတ်တယ်အကို…လ၀န်းလည်း ဒီလိုပဲခံစားမိပါတယ်”
“ညီမလေးရယ်…”

“သံသရာအရှုံးထဲက…အမြတ်”(ပထမပိုင်း)

“သံသရာအရှုံးထဲက…အမြတ်”(ပထမပိုင်း)
“လ၀န်းအိမ်… နင့်ကိုငါ အရမ်းမုန်းတယ်…..နင့်ကိုငါ အရမ်းမုန်းတယ်”
“မမုန်းပါနဲ့….မမုန်းကြပါနဲ့….လ၀န်းမှာအပြစ်မရှိပါဘူး…”
“တောင်းပန်ပါတယ်နော် အားလုံးကို….လ၀န်းမှာအပြစ်မရှိပါဘူး…လ၀န်းကိုမမုန်းကြပါနဲ့”
ညဥ့်နက်သန်းခေါင်ယံရဲ့ အခန်းကျဉ်းလေးထဲမှာ လ၀န်းအိမ်တစ်ယောက် အိပ်ရာပေါ်မှာ လူးကာလွင့်ကာနဲ့ အော်နေသည်သာ… နာမည်လေးနဲ့လူနဲ့ လိုက်ဖက်နေအောင်ပင် ပြည့်ဖောင်းနေတဲ့ ပါးမို့မို့လေးရယ် ကော့ညွတ်နေတဲ့ မျက်တောင်လေးတွေက သူမအိပ်နေတဲ့ပုံသဏ္ဍာန်ကို ပိုပြီး ပေါ်လွင်နေစေပါတယ် မျက်နှာတစ်ခုလုံးပေါ်မှာ ချွေးစေးတွေရွှဲကာစိုကာနဲ့ သူမရဲ့ကုတင်ထက်မှာ လူးလိမ့်လို့ ကောင်းနေတုန်းပေါ့…
“မပြောကြပါနဲ့….မပြောကြပါနဲ့”
“အဟင့်…ဟင့်…ဟင့်…..လ၀န်း ဘယ်သူ့ကိုမှ မလှည့်စားခဲ့ပါဘူးနော်”
“လ၀န်းကို မမုန်းပါနဲ့…..မမုန်းကြပါနဲ့နော်”
“အား….အား….အား………..”

“မိခင်နှင့်တူသော”

“မိခင်နှင့်တူသော”

အေးဆေးတည်ငြိမ်စွာနေတတ်ပြီး အရာရာမှာ နားလည်ပေးခဲ့သူ၊ မိသားစုတွေအပေါ်မှာ သိတတ်သူ ဘ၀ကပေးလာတဲ့ဝန်ထုပ်ဝန်ပိုးဆိုပေမယ့်လည်း ကျွန်မအတွက်တော့ ကုသိုလ်တစ်ခုလို့မှတ်ယူတတ်ခဲ့ပါပြီ၊ မိခင်ဆိုတဲ့နေရာလေးကို မရောက်လာသေးမယ့်လည်း မိခင်နဲ့တူသောစိတ်တွေ၊ စေတနာတွေ၊ မေတ္တာတွေ အရာအားလုံးက ကျွန်မကို ရင့်ကျက်စေခဲ့သူတစ်ယောက် ဖြစ်စေခဲ့ပါပြီ…
ခုလည်း ကျွန်မအတွက် မမျှော်လင့်သော ကံကြမ္မာတရားတစ်ခုက ရိုက်ခတ်လို့လာပြန်ပါပြီ၊ တနေမကုန်ခင် မောင်လေးပြန်မလာတဲ့အခါ စိုးရိမ်ပူပန်တဲ့စိတ်တွေက မီးတောက်တစ်ခုလို ပူဆွေးနေရပါပြီ… ဘယ်များသွားလိုက်တာလဲ.. ဘယ်သူတွေနဲ့များသွားနေသလဲ… ဘာတွေများလုပ်နေသလဲဆိုတဲ့စိတ်တွေက ကျွန်မရင်ကို လှုတ်ခတ်စေခဲ့ပါတယ် အချိန်တွေသာစောင့်ရင်းကုန်ဆုံးခဲ့ပြီ မောင်လေးပြန်မလာတော့ပါ၊

“တန်ဘိုးရှိသော အမေ့ရဲ့အမွေ”


 
 ဒီနေ့ အမေနေမကောင်း၍ အမေ့ရဲ့ကိုယ်စား ကျွန်မ ဈေးကူထွက်ပေးရတော့မည်၊ ကျွန်မရဲ့အလုပ်တွေက တဖက်၊ အမေနေမကောင်းတာကတမျိုး၊ ဈေးထွက်ဖို့တွေနဲ့ ကျွန်မ အစောကြီးထရပေအုံးမည်၊ ဈေးထွက်တယ် ဆိုပေမယ့်လည်း အခြားသူတွေလို ဆိုင်ခန်းကြီးကြီးတွေဖွင့်ပြီး ရောင်းချရခြင်းမျိုးမဟုတ်၊သာမာန်ခေါင်းရွက်ဗျက်ထိုးရောင်းရသော ဈေးသည်ဘ၀သာဖြစ်သည်၊ ဒါပေမယ့် ကျွန်မတို့ကို အမေက မိုးမလင်းခင် အိပ်ရာထပြီး ရွာရိုးကိုးပေါက်လျှောက်၊ ရာသီဥတုမရွေး၊ ခြေထောက်ပေါက်အောင် ရောင်းချခဲ့ပြီး ဘွဲ့ရပညာတတ် တစ်ယောက်ဖြစ်လာအောင် ကျွေးမွေးစောင့်ရှောက်ခဲ့သည်၊ အဖေပင်ရှိခဲ့သော်လည်း အမေ့ရဲ့ မောင်တထမ်း၊ မယ်တရွက်ဆိုသလို မိန်းမကောင်းပီသတဲ့စိတ်နဲ့၊ ခြေဆုံးခေါင်းဆုံးသနပ်ခါးအဖွေးသားနှင့် အခန့်သား ထိုင်မစား ဘဲ၊ အမေတတ်သည့် ဈေးရောင်းအတတ်ပညာလေးဖြင့် ဟင်းဘိုးရရ၊ ထမင်းဘိုးရရဆိုသလို ရှာဖွေကျွေးမွေး ခဲ့သည်…အမေရောင်းချသည့် ကုန်ပစ္စည်းက “စားတော်ပဲပြုတ်”…

“ရင်ကွဲနေ့”

 
“ကြယ်စင် ခုထိ မပြင်ရသေးဘူးလား၊ မင်္ဂလာအခမ်းအနားစတော့မယ်လေ”
ကြယ်စင် လျှံမင်းဝေကို လှည့်ကြည့်မိလိုက်သည်၊ အပြုံးတွေနဲ့ပျော်ရွှင်နေသော လျှံမင်းဝေကို ကြည့်နေမိရင်း ကိုကိုနေခကို မြင်ယောင်လာမိနေတော့သည်။ မှန်တင်ခုံရှေ့က ကြည်လင်ပြတ်သားနေသော အဖြူရောင်မှန်ကြီးထဲက ကောင်မလေးက ကြယ်စင်လမင်းမှ ဟုတ်ပါလေစလို့တွေးနေရင်း၊ မလှုတ်မယှက် အိနြေ္ဒတွေနဲ့အတူ မိတ်ကပ်ပြင်ဆရာကလည်း သူ့တာဝန်အတိုင်း ကြယ်စင့်ကို လိမ်းခြယ်ပြင်ဆင်နေတော့ သည်။ အပြစ်ကင်းစင်စွာ လှပနေသော အဖြူရောင်သတို့သမီးဝတ်စုံလေးတစ်စုံနဲ့ ကြယ်စင်တယောက် ကိုတော့…
“ကဲ သတို့သားလေး လျှံမင်းရေ၊ သတို့သမီးလေးကိုလေး ကြည့်ပါအုံး၊ ဘယ်လောက်လှသလဲလို့”
“၀ါး…ကို့ရဲ့သတို့သမီးလေးက အရမ်းလှနေတာပဲကွာ၊ အရမ်းလည်းချစ်စရာကောင်းတယ်”
လျှံမင်းဝေ ချီးမွမ်းစကားတွေဆိုနေပေမယ့်လည်း ကြယ်စင့်ရင်ထဲမှာတော့ အငိုကြီးငိုနေခဲ့ရသည်၊ ကိုကိုနေခရယ် …ဒီသတို့သမီးဝတ်စုံလေးဟာ ကိုကို့အတွက်ပဲဖြစ်ရမယ်လေ၊ ကိုကို… ကြယ်စင့်ရဲ့ငိုသံတွေက နှလုံးသားရဲ့အပြင်ဘက်ဆီကို ထွက်မလာနိုင်တော့ဘူးနော်၊ ဒီမင်္ဂလာပွဲဟာ ကိုကိုနေခရဲ့ နွေးထွေးတဲ့ လက်တစုံနဲ့အတူ ကြည်နူးကြရမယ့်နေ့လေးလေ…”ခုတော့”… ကြယ်စင့်ရင်ထဲမှာ တိတ်တိတ်လေးရေရွတ် နေခဲ့မိလိုက်သည်…။

“ရှင်ပဲချစ်တယ်ဆို”






နှင်းဆီနဲ့မောင်တို့ရဲ့ အိမ်ထောင်သက်တမ်းလေးဟာ ခုဆို (၁)နှစ်ပြည့်တော့မည်၊ မောင်နဲ့ အိမ်ထောင်မကျခင် အချိန်လေးက အပျိုဘ၀လေးကို နှင်းဆီ ပြန်တမ်းတမိသည်။ အပျိုဘ၀လေးက ကျောင်းတက်ရသည့် အလုပ်ကလေးတစ်ခုရယ်သာ၊ ပိုက်ဆံအဆင်မပြေဘူးဆိုလည်း မိဘတွေဆီက လက်ဝါးဖြန့်ပြီး တောင်းရုံသာ၊ စိတ်ညစ်တဲ့အခါ သူငယ်ချင်းတွေနဲ့လျှောက်သွားတဲ့အခါ စိတ်အပန်းတွေပြေခဲ့ရသည်…ခုတော့ အပျိုဘ၀လေးနဲ့ အိမ်ထောင်သည်ဘ၀လေးက ကွာခြားသွားခဲ့လေပြီ…။

“မာယာမဲ့အဖြူရောင်ချစ်ခြင်း”

“မာယာမဲ့အဖြူရောင်ချစ်ခြင်း”

ချစ်ခြင်းရဲ့ကောင်းကင်ဟာ ပန်းနုရောင်သန်းနေတယ်၊ ငါ့နှလုံးသားရဲ့ကောင်းကင်မှာ မင်းအမြဲရှိနေခဲ့တယ်၊ ဘယ်ဘက်ရင်အုံက ရင်ခုန်သံစည်းချက်တိုင်းဟာ မင်းပဲ…မင်းပဲလို့ အမြဲပြောနေတတ်တယ်၊ ဖမ်းဆုတ်မရတဲ့ ချစ်ခြင်းတွေဟာ လေထဲကတိမ်စိုင်တွေသာဆိုရင် မင်းအနားကို တရွေ့ရွေ့နဲ့ရောက်လာလိမ့်အုံးမယ်…ဒါဟာ ငါ့ရဲ့ မာယာမဲ့အဖြူရောင်ချစ်ခြင်း…
“ဟေ့ ပန်းနု”
“ဟာ…နင်ကလည်း လန့်လိုက်တာဟာ”
“အမလေး နင်ကလည်းလေ ပြောစမ်းပါအုံး ထုံးစံအတိုင်း စာတွေရေးနေတာပဲလား”
“အင်းပေါ့ဟ ခု အတန်းချိန်တစ်ချိန်အားတယ်ဆိုတော့ တခြားသူတွေလို အားလပ်ချိန်ဆိုတာ ငါ့အတွက်တော့ စာရေးခြင်းပဲလေ”
“အေး..နင်..စာပဲရေးနေနော်…တော်ကြာ စာမေးပွဲမအောင်မှဖြင့်..”