Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, June 6, 2012

“လွမ်းနေတာ…သိပါစေ”

အလွမ်းဆိုတဲ့ မနက်ခင်းမှာ
ငှက်ကလေးတွေ တေးဆိုနေလို့
ငါလည်း မင်းကိုလွမ်းနေခဲ့တယ်….။
အလွမ်းဆိုတဲ့ နေ့လယ်မှာ
ဥသြတွေက တွန်သံကျူးတော့
ငါလည်း မင်းကိုလွမ်းနေခဲ့တယ်…။
အလွမ်းဆိုတဲ့ ညတွေမှာ
ပိုးစုန်းကြူးတွေ အော်မြည်လို့
ငါလည်း မင်းကိုလွမ်းနေခဲ့တယ်..။
လွမ်းနေတာတွေဟာ
အပန်းဖြေစရာတွေ…ရှိခဲ့ပေမယ့်
ငါ့နားမှာ..မင်းရှိနေတာထက်
ပြည့်စုံခြင်းမရှိခဲ့ဘူးဆိုတာ
မင်း…သိပါစေနော်…..။

နေခြည်သစ်နွယ်(ပြည်)

“ချစ်သူ”



ချစ်သူ
အပြစ်မယူပါနဲ့
ညစ်ထူထူအရောင်တွေမပါ
အချစ်တူတာ…ဒီကမ္ဘာမှာ
နင်ဟာ ငါ့ရဲ့ချစ်သူပါ….။
ချစ်သူ
ရက်စက်ဖို့ မပြောရက်
အပြောတတ်တာ ငါမဟုတ်
နှလုံးသားလှတာ..ငါ
အပြုံးတရားမပျက်ခဲ့ပါ
ရိုးသားစွာချစ်တာ
နင်ဟာ ငါ့ရဲ့ချစ်သူပါ…။

နေခြည်သစ်နွယ်(ပြည်)

“အချစ်ဆုံးမို့”


ရင်နာနာနဲ့ စွန့်လွှတ်ခဲ့တာ
မကြင်နာတာမဟုတ်
ရင်မှာချစ်ခဲ့တာ
နင်သာအသိမို့
ပြောပြဖို့မလို….ဘ၀ကိုပုံကာပေးခဲ့လို့
အချစ်ဆုံးမို့….ပျောက်ဆုံးခဲ့ပြီလား….။

နေခြည်သစ်နွယ်(ပြည်)

“၀မ်း…တူး…သရီး…နော်”



မသည်းမကွဲ
ဝိုးတ၀ါးလည်း
ချစ်လိုက်ကြမယ်
ဝမ်း…တူး…သရီးရယ်ဆို
ရင်ခုန်သံ အချစ်စစ်တွေလို့
ဟစ်အော်ကာ မြည်ကြွေး
ဘယ်သူတွေသိစေ
ဆုပ်ကိုင်ကာ ထားကြမသွေ
နှလုံးသားတွေ မယိုင်လဲနေ
ခိုင်မြဲပေ…..ဒီတသက်တာလေ….။

နေခြည်သစ်နွယ်(ပြည်)

“စိတ်ကူးယဉ်ထဲက သတို့သမီး”

 

“စိတ်ကူးယဉ်ထဲက သတို့သမီး”


ငါ..ဖြစ်ချင်ခဲ့တာ
လှပတဲ့ပန်းတစ်ပွင့်ကို
ပုံဖော်ထုဆစ်မယ်
ခမ်းနားတဲ့ အိမ်လေးတစ်လုံး
အကောင်းဆုံး ဆေးခြယ်မယ်….။

“တကယ်တော့……”


“တကယ်တော့……”

ခဏတာ ခွဲရတာကို 
တစ်လတာ ကြာသလားလို့
စိတ်ထဲမှာ ထင်ခဲ့မိတာ
တကယ်တော့ 
ငါ…သိပ်ချစ်ခဲ့လို့ပါ….။

“ရင်ခုန်တတ်သူ”

“ရင်ခုန်တတ်သူ”

အကြည့်ချင်းတွေကဆုံ
အပြုံးတစ်ချက်နဲ့ 
လက်ပြခဲ့တော့
ငါ ရင်တွေခုန်ခဲ့ရသူပေါ့…။
ယိမ်းနွဲ့နွဲ့ ဟန်ပန်တွေက
မာယာတွေဆိုပေမယ့်
ငါ ပိုပိုချစ်နေရတာ
အနေကြာရင် ရိုးသွားမှာလား
ဝေဒနာတွေက ပိုလို့တိုးလာ
ရင်ခုန်သံတွေက မြန်လာတတ်ခဲ့ပြီနော်…။

နေခြည်သစ်နွယ်(ပြည်)