Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, January 13, 2013

“တဏှာပယ်သတ်မဂ္ဂင်ဆက်”

“တဏှာပယ်သတ်မဂ္ဂင်ဆက်”
အချစ်အချစ် ရင်ဝယ်ဖြစ်တည်
စိတ်သဏ္ဍာန်ဝယ် မွေ့လျော်ကိန်းအောင်း
ပူလောင်နွမ်းလျ ချမ်းမြမကြည်
ရှိပါပေသည် ထိုကားဒုက္ခ
အောက်မေ့တမ်းတ သတိလည်းရ
လွမ်းကာနေလည်း မမောပန်းဘဲ
ခရီးရှည်ဆက် တွေးလျက်မြဲပင်
မမေ့မလျော့ အရောက်သွားမည်
ပူဆွေးသောက ဗျာပါဒရ
သံဝေဂတွေ ဝေကာနေလည်း
နောက်မဆုတ်တမ်း လှမ်းကိုင်စွဲမက်
ဖက်တွယ်ရမ္မက် အဆက်မပြတ်။