Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, August 29, 2012

“လှစေချင်..ပျိုမေခင်”

ယဉ်ကျေးမှုမှာ အစဉ်ရှေးရှုကာမျှ မြန်မာပြည်(ပြေ)
ရှုမြော်ငေးကာ စိတ်ဘ၀င်အေးစွ ရှေးအလှတွေနဲ့
မြင်ချင်လှတာ ရွှင်ကြည်ပျအလှ ဘယ်မှာရှာတွေ့နိုင်မယ်
လှမ်းကြည့်တမျှ ပုဂံခေတ်အလှ မပျက်ယွင်းနိုင်ပေ
(အိုကွယ်)…အပြုံးအလှ တိတ်တဆိတ်ရယ်နှင့် နှလုံးသားက စိတ်ကိုဖြေ။

“ငါ့အိမ်ကလေး”

မှိုင်းညှို့ဝေ အုံ့ထိုင်း

မြူတွေဆိုင်းတဲ့ တောင်ခြေ

သာရကကျေးငှက်စုံပေ

တို့တောမြေ ရေကြည်ချောင်းကလေး

တဖွေးဖွေး စီးဆင်းအေးနေ

သံချိုတေး တောရနံ့ခြွေ

လေပြေအေး သင်းကြည်ပျံ့နေ

သဘာဝအထွေထွေ

လုံခြုံကာလှနေ

ဒါ..ငါ့အိမ်ကလေးလေ…..။


နေခြည်သစ်နွယ်(ပြည်)

တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး recovery software

ဒီနေ့တော့ တကယ်အလုပ်ဖြစ်တဲ့ recovery software လေး တစ်ခု တင်ပေးလိုက်ပါတယ် ။ လွန်ခဲ့တဲ့သုံးရက်လောက်က ကျွန်တော့် Hard disk  format ကျသွားတယ်ဗျာ။ မြွေကိုက်တာ တကယ်ပဲ။ recovery software တွေ လိုက်ဒေါင်းပြီးသုံးတာ တစ်ခုမှအဆင်မပြေဘူး။ အရင်ဆော့ဝဲလ်တွေက တစ်ခုချင်းစီ အားသာတာ များတယ် အကုန်လုံးမရဘူးဖြစ်နေတယ်။ စိတ်လည်းတော်တော်ညစ်သွားတယ်။ သုံးရက်လုံးမအိပ်ပဲ ရှာထားတာ။ Google ကြီးကို ကျေးဇူးအရမ်းတင်တယ်။ ဘယ်လောက်ထိ ပြန်ရလဲဆိုရင် ကျွန်တော် rename ပေးခဲ့အတိုင်းဖိုင်တွေပြန်ရတယ်။  ဘယ်လိုပြောမလဲ က ကြီးကနေ အ  ထိ ကို ပြန်ရတာ။ ဒီလောက်ဆို သဘောပေါက်လောက်ပြီနော်။ ကိုယ်တွေ့ပါ။ တကယ့်ကို အဖိုးတန်တဲ့ software လေးပါ။ တခြားဆော့ဝဲတွေက မကောင်းဘူးမဟုတ်ဘူး ကောင်းတာတွေရှိပါတယ်။ အကုန်လုံးကို ရောထွေးပြီး ပြန်ရတာပါ။ ဒါလေးက မိမိဆောက်ထားခဲ့တဲ့ Folder လေးတွေအတိုင်း ပြန်ရတာ။ ကဲ နမူနာပုံလေးပြမယ်နော်။ အဲဒီအတိုင်းလေးကို ပြန်ရတာ။ မှတ်ချက်>> usb drive မှာ အလုပ်မလုပ်ပါ။ ကျွန်တော်စမ်းပြီးပါပြီ။

“ဘားကမ့်အသိ” (အပိုင်း-၃)

အပိုင်း(၃)ကို မဖတ်ခင် အပိုင်း(၁)နှင့်(၂)ကို ဆက်စပ်ကြည့်စေချင်ပါတယ်ရှင်....
 

---------------------------------------------------------------------------------------
 “ဘားကမ့်အသိ” (အပိုင်း-၃)

ဘားကမ့်ပွဲလေးက ပြီးသွားခဲ့ပေမယ့် “ဘားကမ့်”မှ ရရှိလာခဲ့တဲ့ အသိလေးတွေကို ဖြန့်ဝေနေဆဲပါပဲ၊ ဒါကလည်း ကျွန်မ စာရေးသူရဲ့ စာဖတ်သူတွေကို ရရှိစေချင်တဲ့ စေတနာသက်သက်ရယ်ပါ။ ဒီအကြောင်းလေးတွေ ရေးဘို့ မှတ်သားထားခဲ့မိသော မှတ်စုစာအုပ်လေးကို အချိန်ပြည့် သယ်လာရပါတယ်။
သူပြောသွားတဲ့အကြောင်းအရာတွေကို စာအုပ်လေးတွင် မှတ်သားထားခဲ့ပြီး၊ ကူးယူလာခဲ့သော ဖိုင်လေးကိုဖြင့် ပုံလေးနှင့်တကွဖော်ပြပေးရတာဖြစ်ပါတယ်။ ကျွန်မလည်း နည်းပညာအားဖြင့် လိုအပ်ချက်တွေရှိနေပါသေး တယ်။
သူကဆိုပါတယ် အခန်းတွင်းသို့ စတင်ဝင်စဉ်မှ သူ၏မျှဝေမှုတွေကို ကျောင်းသားများအတွက်ရည်ရွယ်ပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။ သို့ပေမယ့်လည်း သူ၏အခန်းတွင်းသို့ Listenerအဖြစ် ၀င်ရောက်နေသူများမှာ နည်းပညာကို လိုလားတောင့်တသူ၊ ကျောင်းသားဆိုသည့်အဆင့်ထက် သိသင့်သိထိုက်သူတွေသာ အများဆုံး ဖြစ်နေပါသည်။ ကျောင်းသားများအတွက် ရည်ရွယ်ခဲ့ပေမယ့် လက်ရှိ အင်တာနက်ကို အသုံးပြုသူအများစုများ လည်း သိနေသူများ၊ မသိရှိသေးသူများလည်း ပါဝင်ကောင်းပါဝင်နေနိုင်ပါတယ်။
အထူးသဖြင့် ကျွန်မ စာရေးသူလည်းအပါအ၀င်ပေါ့၊ အပိုင်း(၁)နှင့် အပိုင်း(၂)တွင် ပြောထားခဲ့ပြီဖြစ်တာကြောင့် ယခု ကျွန်မဖော်ပြပေးမယ့် အဓိကအကြောင်းအရာကို ဆက်လက်ရေးသားပေးပါ့မယ်။ ဒီကနေ့ အပိုင်း(၃)မှာ ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ Hoaxes, Spoofingဆိုတဲ့အကြောင်းလေးပါ ဒီခေါင်းစဉ်လေးရဲ့ အဓိပ္ပာယ်ကတော့ သတင်းမှားတွေကို ဖော်ပြပေးတဲ့ခေါင်းစဉ်လေးလို့ ဆိုရမှာပါ။
သတင်းအမှားဆိုသည်မှာ ဘယ်လိုလဲလို့ မေးစရာရှိလာပါလိမ့်မယ်၊ ဥပမာ လွန်ခဲ့သည့်နှစ်က ၀ဘ်ဆိုဒ်တွေတိုင်း မှာ တဆင့်မှတဆင့် ဖြန့်ဝေသွားခဲ့တဲ့ အမျိုးသမီးအင်္ကျီမှတဆင့် ရင်သားကင်ဆာဖြစ်တာ၊ ထိုအ၀တ်ကို ဆိုင်မှ ၀ယ်ယူပြီး လျှော်ဖွတ်ခြင်းမရှိဘဲ ၀တ်ဆင်ခြင်းမှ ဖြစ်သည်ဆိုသော ပို့စ်လေးပါ။ ဒီပိုစ့်အကြောင်းကို သူက ပြော ပြသွားပါတယ်။
သူတို့၏ ၀န်းကျင်တွင် သိထားနှင့်ပြီးသားဖြစ်တဲ့အတွက် ရယ်စရာဖြစ်နေပါတယ်၊ ဒါဟာ ဘာကြောင့်လဲဆိုသည့် အရင်းအမြစ်ကို ဖွေရှာတဲ့အခါ ကျွန်မတို့တွေရဲ့ နည်းပညာအားနည်းချက်တစ်ခုလို့ ဆိုရမှာပါ၊ နည်းပညာပိုင်း ဆိုင်ရာ အားနည်းခဲ့သည့်အတွက် အမြင်နှင့်တကွ ဗဟုသုတတွေကေ၀၀ါးသွားခဲ့ပါတယ်။
သတင်းမှားဆိုသည်မှာ သတင်းတိုင်းမဟုတ်ပါဘူး သူက ဒီလိုဝဘ်ဆိုဒ်လေးကိုလည်း လမ်းညွှန်ခဲ့ပါသေးတယ်။ ဟုတ်ပါတယ် ကျွန်မကိုယ်တိုင် ကြည့်မိတဲ့အခါ ၀ဘ်ဆိုဒ်လေးမှာ True, Falseစသည့် သင်္ကေတများစွာဖြင့် ဖော်ပြထားတဲ့ အင်္ဂလိပ်လိုရေးသားထားခြင်းဝဘ်ဆိုဒ်တစ်ခုရယ်ပါ။ မှန်ကန်သော သတင်းများလည်းတွေ့ရ သလို အမှားရှိသောသတင်းများလည်းတွေ့ခဲ့ရပါတယ်။ ၀ဘ်ဆိုဒ်လေးရဲ့ လိပ်စာကတော့ snopes.com ပါ၊ ပုံလေးနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။