Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, September 28, 2012

“ဘ၀ရဲ့..အပိုင်းအစလေးများ”

လူ့ဘ၀မှာ လူသားရယ်လို့ဖြစ်လာခဲ့ရင် ဖြစ်လာသမျှအကောင်းအဆိုးကို ခံနေရရုံသက်သက်ပဲလားလို့ ထင်ခဲ့မိတယ်။ ဘ၀ကပေးတဲ့ တာဝန်တွေ၊ ၀တ္တရားတွေ၊ စိတ်ညစ်မှု၊ စိတ်ပင်ပန်းမှုတွေကို ခါးစီးခံရတယ်ဆိုရင်….တရားသဘောအရ ၀ဋ်ကြွေး ဆိုပေမယ့်..အဲ့ဒီဝဋ်ကြွေးတွေဟာ မသေမချင်းဆပ်ရတော့မှာလားလို့….ဒဏ်ရာတွေနဲ့သာ ပြည့်လို့နေခဲ့တယ်၊ နှလုံးသားထဲမှာ ဒဏ်ရာတွေပဲရှိနေခဲ့တယ်၊ တခါတရံ လူတွေနဲ့ အဝေးဆုံးနေရာကို ပြေးထွက်ချင်မိတယ်၊ ရင်ထဲမှာ အမြဲတမ်းမွန်းကြပ်မှုတွေပဲ ရှိခဲ့ ပေမယ့် တခါတရံ ကိုယ်တစ်ယောက်တည်းပဲ ကံဆိုးနေသလားလို့ တွေးနေခဲ့မိတယ်။ သံယောဇဉ်အမျိုးမျိုးရဲ့ နှိပ်စက်မှုကို ခံရတယ်၊ ခံနိုင်ရည်မရှိတော့ပါဘူး…ဒီအသက်အရွယ်မှာတောင် ဒီလောက်ခံစားနေခဲ့ရရင်..နောင်ဆိုတာရော ရှိဦးမှာလား… တွေးနေရင်း..စိတ်ပင်ပန်းရတာအမှန်ပါပဲ၊ နောက်ဆုံးတော့ ဒီအခက်အခဲက လွတ်မြောက်နိုင်မယ့်ဆုလာဘ်ကတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ပါပဲ…။
ရင်ထဲမှာရော..အပြင်မှာရော တိတ်တိတ်လေးငိုနေခဲ့ရတဲ့ ရက်ပေါင်းတွေ မရေတွက်နိုင်တော့ပါဘူး…ငိုခဲ့ရတဲ့ရက်တွေကို သည်းခံခြင်းနဲ့ ဖြတ်ကျော်လာခဲ့တယ်၊ ဇွဲနဲ့ အလဲထိုးခဲ့တယ်၊ ဒါပေမယ့် တခါတရံ ကျလာတဲ့ဝန်နဲ့ ခုခံနိုင်တဲ့အင်အားက မမျှတခဲ့တဲ့ အတွက် ရှုံးနိမ့်ခဲ့ရပါတယ်။ ရင်ထဲမှာ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုက လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်တစ်ပွင့်ပေါ့… အဲ့ဒီ ကြယ်ပွင့် လေးဟာ လူသားတိုင်းကို အလင်းရောင်ပေးနိုင်တဲ့သူပေါ့….။

“အချစ်ငှက်”




ပျံသန်းကြ အတူတူ

လာအတူတူ ရင်ခုန်သံစစ်စစ်က

ဖြစ်..ဖြစ်သမျှ ရင်ဆိုင်ကာ

ကြင်နာတောင်ပံခတ်သံတွေက

နှစ်ယောက်အတူ ပျံသန်းကြမယ်…။

“အနမ်းတစ်ပွင့်ရဲ့..ဒိုင်ယာရီ”

တစ်နေ့..
အလွမ်းတွေဝေနေဆဲ
ပန်းတွေခြွေတဲ့ ညတစ်ညမှာ
အနမ်းတွေလည်း ကြွေခဲ့ရပြီ..။

တစ်နေ့..
လှမ်းမျှော်နေဆဲ
အနမ်းတွေ ခြွေသွားခဲ့တယ်
ပန်းတွေလည်း..မြေခခဲ့ရပြီ…။

Wednesday, September 26, 2012

“ကြယ်တွေစုံနေ..ဆောင်းလေပြေ”


ကြယ်တွေစုံတဲ့ ညတစ်ည

ငါ..မော့ကြည့်ဖြစ်ခဲ့တယ်

ကောင်းကင်ပြင်ဝယ် ...

အေးစိမ့်စိမ့်လေပြေတွေက

ကြွေလွင့်လို့ပြေးလာ..

အအေးသာ ပိုလာခဲ့တယ်

“နှလုံးသားချင်းလည်း…နားလည်စေ”

ချစ်သူရေ..တောင်ပံနှစ်စုံ တူညီလာပြန်လို့ ပျံသန်းချင်နေကြပြီနော်.. ဟိုတုန်းက အသိုက်အမြုံလေးတစ်ခုမှာ အတူတူခိုလှုံ ခဲ့ကြဘူးတယ်နော်။ နှစ်ယောက်အတူ ကြည်ကြည်နူးခဲ့တဲ့ နေ့ရက်တွေက အချိန်ကာလတွေ တရွေ့ရွေ့ ပြောင်းလဲနေခဲ့ပေမယ့် ရိုးမသွားနိုင်ခဲ့တဲ့ “အချစ်”ဆိုတဲ့ စကားလေးနှစ်ခွန်းကိုတော့ အမြဲတမ်း ခေါ်ဆိုဖြစ်ခဲ့ကြတယ်နော်။ အချစ်က ဖြူစင်တယ်ဆိုတာကို မင်းယုံနိုင်မလား…ငါလည်း လက်ခံပါတယ်ကွာ…။
အချစ်ဆိုတာ..နူးညံ့တယ်၊ ခံစားချက်ရှိတယ်..ဖြူစင်တယ်၊ အချစ်တွေရဲ့နောက်မှာ အလွမ်းလေးတွေက တစ်စတစ်စနဲ့ဆိုသလို ပိုပိုတိုးလို့ ချစ်ရပြန်တာတွေကလည်း မင်းနဲ့ ငါ့ရဲ့ မရိုးနိုင်သော ဇာတ်လမ်းလေးတစ်ပုဒ်ပဲမဟုတ်ပါလား။ အိပ်မက်တွေလည်း အတူတူ မက်ခဲ့ဘူးတယ်။ အလွမ်းလေးတွေကိုလည်း စာဖွဲ့ကြတယ်။ ဖြူစင်တဲ့ချစ်ခြင်းရဲ့ လရောင်အောက်မှာ မျှော်လင့်ခြင်းတွေ က ပြည့်နှက်နေခဲ့လို့ပေါ့...။ ပြန်ဆုံဘို့ရာ ဆုတောင်းခြင်းတွေကလည်း ရင်ထဲမှာ အခါခါပါပဲကွာ….။
ချစ်သူရေ..ရေမြေတွေခြားမနေပေမယ့် မိုင်ထောင်ချီဝေးတဲ့ အရပ်တွေမှာ အလွမ်းတွေကို ခုတုံးလုပ်ပြီး အချစ်တွေကို ဆော့ကစား ဘို့တော့ မကြိုးစားပါနဲ့နော်…

“နေခြည့်အတွက်…စက်တင်ဘာအမှတ်တရနေ့”


ဒီနေ့ဟာ ကြေကွဲဖွယ်နေ့ရက်လေးတစ်ခုပါ…နေခြည် အွန်လိုင်းပေါ်မှာ ခြေချခဲ့တာ (၂)နှစ်ပြည့်ခဲ့ပါပြီ… အလုပ်တွေကြားမှာ စာတွေလည်း ဖတ်ဖြစ်ခဲ့သလို၊ စာတွေလည်း ရေးဖြစ်ခဲ့ပါတယ်… အထူးသဖြင့် ကဗျာလေးတွေပါပဲ..၊ နေခြည့်ဆရာရဲ့ လမ်းပြ ပေးမှုကြောင့် နေခြည် ကိုယ်ပိုင်ဝဘ်ဆိုဒ်လေးတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆရာ့ရဲ့ လမ်းပြမှုတစ်ချို့ကစခဲ့လို့..နေခြည် သိချင် တာတွေ၊ စူးစမ်းချင်တာတွေအားလုံးကို..လေ့လာမှတ်သားဖြစ်ခဲ့လို့ ၀ဘ်ဆိုဒ်လေးဟာ အတော်အသင့် လှပပြည့်စုံနေခဲ့ပါတယ်။ နေခြည့်ရဲ့ ဘ၀အမောတွေပြေစေတဲ့ဆိုဒ်လေးတစ်ခုဆိုလည်း မမှားပါဘူး…။
အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိဘို့အတွက် မျှော်လင့်ခဲ့တာမဟုတ်ဘဲ…ဘ၀ရဲ့ရှင်သန်ချိန် နေ့ရက်တွေထဲမှာ ပုံဖော်ခဲ့တဲ့ အရာလေးတွေကို နေခြည်နဲ့အတူ နေခြည့်ရဲ့ ကဗျာလေးတွေကို အားပေးခဲ့ကြသော စာဖတ်ပရိသတ်များအတွက်လည်း မျှဝေ ခံစားနိုင်မယ်…တစ်စုံတစ်ခုကိုပေးစွမ်းနိုင်ခဲ့မယ်ဆိုရင်ပဲ ပီတိရဲ့အငွေ့အသက်တစ်ခုကို ကျေနပ်စွာနဲ့လက်ခံနေမှာပါ။ တကယ် ဆိုတော့ နေခြည့် ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုဟာ စာပေအတွက်မဟုတ်ခဲ့ရပါဘူး။

Tuesday, September 25, 2012

“သတိနဲ့လေ..အိုမိတ်ဆွေ”



တိုက်တိုင်းလည်း အနိုင်မရနိုင်

ယိုင်လဲမသွားတဲ့ စိတ်တွေနဲ့

အရိပ်တွေလို စောင့်စား

မဟောင်းသွားတဲ့ ဘ၀တွေက

ကာလကြာရှည် ဖြတ်သန်းရအုံးမယ်..။

ထင်တိုင်းလည်း မဖြစ်နိုင်

ဖြစ်နိုင်တာက အရင်စ

ဘ၀င်မကျတဲ့ စိတ်နှလုံးဟာ

ဆိတ်သုဉ်းကာ နေတတ်ပါစေ

ကျေနပ်နေပေ ခဏတာလေ…။

Monday, September 24, 2012

“အိပ်မက်သခင်”


မိုင်တွေခြားတဲ့ အရပ်ဆီက
တစ်ယောက်တစ်နေရာကွယ်
အရောက်လာစေချင်တယ်
ဆန္ဒတွေက အဖန်ဖန်ရယ်
ကြံကြံဖန်ဖန် အိပ်မက်…တဲ့…။
အိပ်စက်တဲ့  ညတွေလယ်
အမြဲအနားရှိတယ်..
သံစဉ်လေး ကျူးရင့်ကာရယ်
မြူးရွှင့်ကာ သခင့်ရင်ခွင်ဝယ်
ကြည်ကြည်ရွှင် မှေးစက်
တစ်နေ့တစ်ရက်ရယ်မှ ဖယ်မခွါချင်
ပြင်ပြင်ဆင် အိပ်ရာဝင်ညတွေက
တဒေါင့်တစ်ညရဲ့ ကမ္ဘာဦးပုံပြင်
စုံစုံလင် အတွေးတွေက
ဝေး..ဝေး..လို့ မသွားစေချင်
ထွေး..ထွေးပွေ့ကာထားနေချင်
ထိပ်ထားသခင် အရှင့်ရင်ခွင်
ပျော်ဝင်ကာ မှေးစက်ချင်
အိပ်မက်တစ်ခု ဖြစ်မယ်သခင်…။

Sunday, September 23, 2012

“အို..ထိုသို့အလွမ်း”



အလွမ်းဆိုတဲ့ မျက်ရည်တွေက

စီးကျကာ..လာပြန်တော့

အခါခါပြန်တွေးခဲ့ရတယ်

အဆွေးတစ်စတွေက

ပြည့်နှက်လို့လာခဲ့ပြန်တယ်

တရံရောအခါရယ်

ရက်၊ လ၊ နှစ်တွေကြာခဲ့ပြီကွယ်

တွေးလို့သာနေလည်း..

အဆွေးတို့က မပျက်ပြယ်

ရွက်လွှင့်တယ်..အလွမ်းတွေက

ပင်လယ်ပြင်ကျယ် စီးမျောတယ်

Saturday, September 22, 2012

“ချစ်သော်လည်း..ရလဒ်”



ငါ..တန်ဖိုးထားခဲ့ပါတယ်

ချစ်တဲ့သူရယ်..

အားလုံးထက်ပိုချစ်ခဲ့တယ်

ငိုကြွေးခြင်းတွေကြားဝယ်

နှစ်ကိုယ်သာသိပါတယ်

အကြင်နာစစ်တွေရယ်

ခုတော့လည်း..ရယ်စရာတွေဖြစ်နေပြီလားကွယ်…။

“နောက်ဆုံးတော့လည်း…”

တွေး..တွေး..တွေးကြည့်တတ်တယ်

လေး..လေး..လေးနက်မိတယ်

သေလောက်အောင်ချစ်ခဲ့ပေမယ့်

လှည့်စားရက်စေခဲ့သူရယ်..

အချစ်ကြီးသူ ငါ့နှလုံးသားတွေကို

မင်းအတွက် စတေးခဲ့လိုက်ပါ့မယ်

ငါမသိတဲ့ အရိပ်တွေနားဝယ်

မင်း..ခိုဝင်မှေးစက်စေတော့ကွယ်

Wednesday, September 19, 2012

“ဆေးစက်ကျရာ အရုပ်မထင်ပါနဲ့”

စုတ်ချက်တွေက လှတဲ့အခါ
ဘ၀က အထာမကျတယ်
ပါဝါပြချင်ပေမယ့်
သဘာမကျပါဘူး
ဒါ..ဘ၀ဆိုတာပဲလေ။
စိတ်ကူးနဲ့ ရူးခဲ့တဲ့
အထူးဆေးရေးပန်းချီကားတစ်ချပ်ဟာ
အသက်မပါ..
ဘ၀ဟာ အသက်ရှင်နေပေမယ့်
ဖြစ်ခွင့်မရှိတဲ့..လောကအလယ်မှာ
သောကတွေ ရေးဆွဲမယ်
အတွေးခက်ခက် အရောင်တွေက
ရွေးချယ်ရခက်တယ်

Tuesday, September 18, 2012

“ကိုယ့်နံဘေးကသံစဉ်”

 ပါးစပ်ရာဇ၀င်လေးတစ်ခု..တဲ့

သူမရေးပေမယ့် သူဆိုတဲ့သီချင်း…

ရင်တွင်းကတကယ်.. မြတ်နိုးမိပါတယ်။

တစ်ချိန်တစ်ခါကရယ်..ညနေဆည်းဆာကွယ်

ကိုယ့်နံဘေးထိုင်ကာရယ်

သူညည်းတွားသီဆိုတယ်..

မမေ့ခဲ့ပါ ယနေ့ထက်တိုင်အောင်ကွယ်။

 

















Monday, September 17, 2012

“ကမ်းခတ်ချင်သူ”

ချစ်တယ်..ချစ်တယ်တဲ့..

တစ်ဖွဖွဆိုနေပေမယ့်

ကြားကောင်းရုံပြောတတ်တယ်

မင်းနှုတ်ခမ်းပါးပါးလေးကကွယ်

တကယ်ဆို မင်းရင်ထဲဝယ်

မြင်သိအောင် ၀င်ကြည့်ချင်မိတယ်

ယုံတမ်းတွေလည်း ပြောမနေစေချင်တယ်

ချစ်တတ်တဲ့ အပြောလေးတွေရယ်

အပေါ်ယံလွှာတွေကပဲ  ညှို့နိုင်ရက်လေသလားကွယ်..။

Sunday, September 16, 2012

“မိုးသည်းထဲ”

အိမ်ပြန်ချိန် ရောက်တိုင်း

တစ်ယောက်တည်း လျှောက်သွားတယ်

ပျောက်သွားတယ် ငါ့ရင်တစ်စုံ

လှမ်းခုံကြည့်လို့မမြင်

အထင်တွေက လွဲမှား..

တွဲသွားစရာ အဖော်ရယ်မရှိ

အချစ်တို့က ဘယ်မှာ..

မိုးသည်းထဲမှာ….။

 

Saturday, September 15, 2012

“အနုပညာ(ခရော့(စ်))အချစ်”

အနုပညာ…တဲ့

ငါသိတဲ့ အနုပညာ

ရူးချင်စရာကောင်းလောက်ပေတယ်

အလှစစ်စစ်ဟာ..နှလုံးသား

ရုန်းမရတဲ့ အပေါ်ယံတွေတဲ့လား…။

Thursday, September 13, 2012

“အခါနှောင်းခဲ့ပေမယ့်…သာဓုခေါ်လိုက်ပါအမေ”

လာမည့် (၂၀၁၃) မေလဆိုရင် ကျွန်တော့်အသက်က (၂၇)နှစ်ပြည့်တော့မယ်လေ၊ ဒါပေမယ့် ကျွန်တော် ခုချိန်ထိ ဆိုးနေတုန်းပဲဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော်အသိပါ။ ဘာကြောင့်လဲဆိုတဲ့အဖြေကို ရှာမတွေ့ခဲ့မိ ဘူး။ ကျွန်တော့်မှာ အစ်မတစ်ယောက်ရှိတယ်၊ ညီငယ်လေးတစ်ယောက်ရှိတယ်၊ သူတို့တွေမှာ ပြောစရာမရှိပါ ဘူး။ မမကလည်း အဖေနဲ့အမေကို တစ်ဖက်တစ်လမ်းက အလုပ်အကျွေးပြုသလို၊ ညီငယ်လေးကလည်း တက္ကသိုလ် ဒုတိယနှစ်တက်နေတယ်၊ ကျောင်းသားလူငယ်ဆိုပေမယ့် ညီလေးကတော့ ရတဲ့မုန့်ဖိုးလေးတွေကို  စုဆောင်းပြီး၊ အ၀တ်အစားတွေဝယ်တတ်၊ အလှတွေပြင်တတ်သလို၊ ကွမ်း၊ အရက်၊ ဆေးလိပ်တွေကိုလည်း သောက်ဖူးခဲ့သူဖြစ်ပေမယ့် မကောင်းမှန်းသိတဲ့အရာတွေမို့ ရှောင်ကြဉ်တတ်ခဲ့ပြန်တယ်လေ။ ညီလေးကို ကျွန်တော်လေးစားမိခဲ့ရသလို ချစ်လည်းချစ်ခဲ့ရပါတယ်။
မမရဲ့အသက်အရွယ်ဟာ အိမ်ထောင်ပြုသင့်တဲ့အရွယ်ဖြစ်နေပေမယ့် အဖေနဲ့အမေအနားမှာ တဖ၀ါးမှမခွါဘဲ သူတတ်တဲ့ အတတ်ပညာလေးနဲ့ လစဉ်လတိုင်း ထောက်ပံ့ပေးနေရှာခဲ့ပါတယ်။ အဖေ၊အမေတို့ရဲ့ ကျန်းမာရေး၊ အထီးကျန်ဆန်နေတဲ့နေ့ရက်တိုင်းလိုလိုမှာ မမက အမြဲရှိနေပေးခဲ့လို့ ကျွန်တော်က ကျေးဇူးတွေတင်နေရပြန် တယ်လေ။ မောင်လေးတွေအပေါ်မှာ သိတတ်ကောင်းမွန်သလို၊ အစ်မဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီမျှအောင် နေထိုင်တတ်ခဲ့တဲ့ မမကိုလည်း လေးစားခဲ့ရသလို ချစ်လည်းချစ်ခဲ့ရပြန်ပါသေးတယ်။

Wednesday, September 12, 2012

အချစ်မရှိပေမယ့်


ငါ့နံဘေးမှာ ဘယ်သူမှမရှိတဲ့အခါ

ငါဟာ အဝေးကိုပြေးထွက်

အေးစက်စက် လက်တစ်စုံက

နွေးထွေးဖွယ် ကမ်းလင့်သူမရှိ

ရင်ခွင်ဗလာ အထီးကျန်ရပ်ဝန်းတွေမှာ

ခိုနားစရာ အရိပ်အယောင်

လိပ်ပြာတစ်ကောင်ပမာ

တိတ်တဆိပ် ငိုနေ

ကြိုနေတယ် လမင်းက

ငါ့နှလုံးသားကို ဟားတိုက်

ခပ်မိုက်မိုက်လေး သရော်တယ်

နင်..ရူးနေတယ်တဲ့…။

Tuesday, September 11, 2012

“ယူတတ်စေချင်..”


မလှသေးခင် အလှပြင်
လုံမပျိုမေခင်..
မရေးတတ်ခင် အရေးသင်
အတွေးဆန်းစေချင်..
လောကလူ့ဝယ်..ပုံဆန်းတယ်
အမြင်လေးလည်း..ကြွယ်ရမယ်

Monday, September 10, 2012

“သူတို့မေတ္တာကို ကျော်လွှားနိုင်မည်တဲ့လား”

ညနေ(၆)နာရီထိုးလို့ ကတ္တရာလမ်းမတွေပေါ်မှာ ဖွေးဖွေးလှုပ်အောင်သွားနေကြတဲ့လူတွေ၊ သနပ်ခါးဖွေးဖွေး၊ မိတ်ကပ်လေးအေးအေးဖြင့် စားကြသောက်ကြရှိနေချိန်၊ ကျွန်မကတော့ နံနက်ခင်း လိမ်းခြယ်ထားခဲ့သော ပါးပြင်မှပါးကွက်လေးများ ပျက်ပြယ်လို့၊ ကိုယ်သင်းရနံ့တွေလည်း လွင့်ပြယ်ပြီး အလုပ်ခွင်မှ ပြန်လာချိန်ပေါ့။ မြို့လယ်ခေါင်မှာ ကိုယ်ပိုင်ကားတွေ၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ တ၀ီဝီဖြင့် သွားလာနေကြတော့ သဘာဝလေနုအေးရဲ့ ရနံ့ကိုတောင် ရှုရှိုက်မိပုံမပေါ်ခဲ့မိပါဘူး။
အိမ်ပြန်လမ်းကိုအချိုး၊ မြို့ရှောင်လမ်းမကြီးပေါ်အရောက်မှာတော့ စိမ်းစိုနေတဲ့သစ်ပင်လေးတွေ၊ လယ်ကွင်းစိမ်း စိမ်းလေးတွေနဲ့အတူ တိုက်ခတ်လာတဲ့ သဘာဝလေနုအေးအေးလေးက ကျွန်မရဲ့ ကိုယ်သင်းရနံ့တွေကိုပင် ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ နေ့စဉ်နှင့်အမျှ အိမ်ကိုပြန်ခဲ့ရပေမယ့်လည်း အိမ်ကိုပဲ တမ်းတမ်းတတပြန်ချင်ခဲ့တာ သဘာဝလို့ပဲ ခေါ်ဆိုရမလား။ အိမ်ပြန်ချိန် အိမ်အ၀င်ဝရောက်မှာတော့ အဖေနဲ့အမေရဲ့ မျက်နှာလေးကို မြင်လိုက်ရတယ်ဆိုပဲ အရာအားလုံးက ငြိမ်းချမ်းသွားစေခဲ့ပါတယ်။ ထိုအချိန်မှာ ကျွန်မသတိရလိုက်မိသည်က တော့ အဆိုတော်ဘိုဖြူသီဆိုခဲ့တဲ့ အမေ့ရုပ်ရည်ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကိုပါပဲ။ စားဝတ်နေရေးအတွက် အဖေကလည်း ရုန်းကန်၊ အမေကလည်း မီးဖိုချောင်နံဘေးလေးမှာ လက်နှီးစုတ်လေးတစ်စုတ်ကိုကိုင်ရင်းကပဲ..

“အချစ်ရဲ့ပုစ္ဆာ”

အလွမ်းရင့်ရင့်နဲ့ ပန်းတစ်ပွင့်ဖြစ်မှ

ခင်တွယ်ရမှာလား…

အလွမ်းစစ်စစ်နဲ့ အနမ်းလက်သစ်က

ငါ့ရင်မှပေါက်ဖွား ဆော့ကစားစရာမဟုတ်..

နှလုံးသားစစ်စစ်နဲ့ ထုဆစ်တတ်မှ

အချစ်လို့ခေါ်သလား…

အရှုံးသမားအချစ်က အပြုံးအလှနဲ့ရေးခြစ်

လေးပစ်စရာမလို တိုးဝင်ကာရင်ထဲ

အစဉ်စွဲ ဘ၀င်ချမ်းမြေ့စရာ..။


နေခြည်သစ်နွယ်(ပြည်)

Sunday, September 9, 2012

“နေခြည့်ကိုမချစ်လည်း…ရပါတယ်နော်”











နေခြည့်ကိုချစ်ကြသော နေခြည့်ကဗျာလေးတွေကို အားပေးဖတ်ရှုကြသော၊ နေခြည်ကလည်း ချစ်ရပါသော ညီမလေး၊ မောင်လေး၊ အစ်ကို၊ အစ်မ စတဲ့ တက်သစ်စအနုပညာပန်းပွင့်လေးများအတွက် နေခြည်က ရေးသားဖော်ပြလိုက်ပါရစေနော်။ နေခြည်အပါအ၀င် လူတိုင်းဟာ ကိုယ်ကျင်လည်ရာဝန်းကျင်သေးသေးလေး၊ (သို့မဟုတ်) ကိုယ်ဝါသနာပါရာ နေရာလေးသေးသေးလေးမှာ ပျော်မွေ့တတ်ကြပါတယ်။
နေခြည်ချစ်သလို ယခု အွန်လိုင်းဆိုတဲ့နေရာသေးသေးလေးမှာ အနုပညာမျိုးစေ့လေးတွေကို စိုက်ပျိုးနေကြမယ် လို့ နေခြည်ယုံကြည်ပါတယ်။ နေခြည့်လိုပဲ ဒီအနုပညာပန်းပွင့်လေးတွေကလည်း ဘ၀ရဲ့ခါးသီးရင့်ကျက်လွန်းတဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေ၊ ချိုမြိန်သာယာမှု၊ ငိုကြွေးတမ်းတမှု၊ ပျော်ရွှင်ရင်ခုန်ခြင်းတွေကို ဥယျာဉ်လေးထဲ မှာ ဖွင့်ဟခြင်းမရှိနိုင်တဲ့အခါမှာတော့ မျိုးစေ့လေးတွေကို ရင်ဘတ်ထဲကနေ ပေါက်ဖွားလာတတ်ကြပါတယ်။ ဒီလိုပေါက်ဖွားလာခဲ့တဲ့ မျိုးစေ့လေးတွေဟာ ကဗျာတွေ၊ ၀တ္ထုတွေ၊ ရသတွေ၊ ဆောင်းပါးတွေ၊ သုတတွေဆိုတာ တွေ ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဒါပေမယ့် အားလုံးသောအနုပညာပန်းပွင့်လေးတွေဟာ ဒီအကြောင်းတွေရဲ့ အနှစ်သာရ၊ ဘာလဲဆိုတဲ့အရင်းအမြစ်ကိုတော့ မသိနိုင်ကြသေးပါဘူး။ အနုပညာမျိုးစေ့လေးတွေ ကြဲပတ်ရင်း ပန်းပင်တွေ၊ ပန်းပွင့်တွေဖြစ်ပေါ်လာတဲ့အခါမှာတော့ လန်းဆန်းရှင်သန်နေတဲ့ပန်းပွင့်လေးတွေကို လိုချင်လာကြ တယ်လေ။ အဲ့ဒီအခါ ပန်းပွင့်လေးတွေ၊ ပန်းပင်လေးတွေဖြစ်ပေါ်လာအောင် ဘယ်ကနေစပြီးပျိုးကြဲရသလဲဆို တာကိုတော့ နေခြည်နဲ့အတူ အနုပညာပန်းပွင့်လေးတွေအားလုံးကို ခေါ်ဆောင်သွားပါရစေနော်။

Friday, September 7, 2012

“မျှော်လင့်ခြင်းခရီးသည်”

ကျွန်မတို့တွေဟာ ခရီးသည်တွေပါ၊ လောကကြီးအတွင်းမှာ လူဆိုတာဖြစ်လာသည်နှင့် ဘ၀ရဲ့ ရှည်လျားလွန်း တဲ့ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းနေကြရပါတယ်။ ဒီလိုဖြတ်သန်းနေခိုက်ကာလရှည်တွေရဲ့ နောက်ကွယ်မှာ မျှော်လင့်ခြင်းဆိုတဲ့ စိတ်ရဲ့ခေါ်ဆောင်ရာ အရာဝတ္ထုတစ်ခုကလည်း ကပ်ငြိလို့ပါလာခဲ့ပြန်ပါပြီ။ “အူဝဲ”ဆိုက တည်းက ကမ္ဘာမြေပြင်ပေါ်ကို ရောက်ရှိလို့လာခဲ့ကြပါပြီ။ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ဘို့အတွက် မျှော်လင့်ချက်ဆိုတာ ရှိခဲ့ကြပြန်ပါတယ်။
“အူဝဲ”ဆိုချိန်က လသားလေးအရွယ်ရောက်ပြန်တော့ လေးဘက်တွားဘို့ရာ မျှော်လင့်ရပြန်ပါတယ်။ လသား လေးကျော်လွန်လာပြန်တော့ တစ်နှစ်သားဆိုတဲ့အချိန်ကိုပေါ့၊ အရွယ်နှင့်ညီမျှအောင် စကားလေးတွေ တီတီတာတာတာ ပြောဆိုတတ်ဘို့ မျှော်လင့်ရပြန်ပါတယ်။ စကားတွေကို လွန်လွန်ကျွံကျွံ ပြောတတ်လာပြန် တော့လည်း ကမ္ဘာမြေပြင်ကြီးပေါ်မှာ လမ်းစလျှောက်တတ်ဘို့အရေးကို မျှော်လင့်ခဲ့ရပြန်ပါတယ်။ “အူဝဲ”ဆိုက တည်းက မျှော်လင့်ခြင်းတွေနဲ့ ရင်ဝယ်ပိုက်ထွေးနေခဲ့ကြရပါတယ်။ သုံးလေးနှစ်သားရောက်ပြန်တော့ စာတွေ သင်ဘို့အရေး၊ စာတွေတတ်မြောက်လာဘို့အရေး မျှော်လင့်ရပြန်ပါတယ်။
နေ့တဓူဝ ကျွန်မတို့ရဲ့ စိတ်တွေမှာ မောပန်းခြင်းတွေရှိနေတာ ဘာလို့ပါလဲဆိုတော့ ကိုယ့်ဘာသာ မျှော်လင့်နေ မိကြလို့ပါပဲ။ ငယ်စဉ်ဘ၀တည်းက ပညာသင်ဘို့မျှော်လင့်ရပါတယ်။ ဘာကြောင့်ပညာသင်လဲဆိုပြန်တော့ ပညာတတ်ဘို့အတွက် မျှော်လင့်ခဲ့လို့ပေါ့။

Thursday, September 6, 2012

“ကျွန်မနှင့်အတူပျော်ရွှင်ခြင်းရဲ့…နောက်ကွယ်ကရလဒ်”

ဘ၀မှာ အောင်မြင်ခြင်းဆိုတဲ့ နေထိုင်မှုတစ်ခုဟာ ကျွန်မအတွက်တော့ ၀ါသနာဆိုတဲ့ နားသုံးနာထဲက တစ်ခုပါပဲ။ ၀ါသနာတစ်ခုကို အရင်းတည်ကာ နှစ်သက်မြတ်နိုးလွန်းတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ရှင်သန်နေရခြင်း ဟာ၊ ဥစ္စာပစ္စည်း ပြည့်စုံခြင်းထက် ချမ်းသာခြင်းသုခတစ်မျိုးဆိုတာကို လက်ခံနားလည်မိခဲ့ပြန်ပြီလေ။
ကျွန်မက ပန်းလေးတွေကို နှစ်သက်မြတ်နိုးတတ်သူဖြစ်နေခဲ့သလို၊ ပန်းပေါင်းစုံတွေဝေတဲ့ ဥယျာဉ်ထဲမှာ အလှဆုံးနဲ့ အကြိုက်ဆုံးပန်းဆိုရင် နှင်းဆီကို မြတ်နိုးခုံမင်တတ်ခဲ့သူရယ်ပါ။ ဒီဇိုင်းပညာတွေကို မြတ်နိုးနှစ်သက် မှုရှိခဲ့သလို၊ နှင်းဆီနဲ့ပတ်သက်လာခဲ့တဲ့ အရောင်အသွေးစုံလင်လှတဲ့ ဒီဇိုင်းတွေကို စုဆောင်းတဲ့နေရာမှာလည်း ပျော်မွေ့တတ်ခဲ့သူပေါ့။
နှင်းဆီက ကျွန်မကို ညှို့ယူနိုင်စွမ်းပါတယ်။ နှင်းဆီက သိပ်လှသလို၊ ထက်မြက်မှုရှိတယ်၊ ပန်းတကာအလယ်မှာ သူကလည်းပန်းဆိုပေမယ့် သူကတော့ ကျရောက်လာမယ့် အခက်အခဲတွေ၊ အဆိုးတွေ၊ သူ့ရဲ့အရာအားလုံး၊ အထူးသဖြင့် သူ့ရဲ့ အလှတရားကို ဆူးခက်လေးတွေနဲ့ ၀န်းရံထားတတ်ခဲ့ပါတယ်။ ဒါဟာ ကျွန်မနှစ်သက်မြတ်နိုး တဲ့ နှင်းဆီပန်းကလေးပေါ့။
နှင်းဆီကို မြတ်နိုးတဲ့ကျွန်မ facebookကိုလည်း ချစ်တတ်ခဲ့ပါတယ်။ facebookကို ချစ်တတ်သလို၊ facebookပေါ်မှ သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများအားလုံးကိုလည်း သိပ်ချစ်တတ်ခဲ့သူရယ်ပါ။ မနက်ခင်းလေးရောက်တိုင်း ကျွန်မစုဆောင်းထားမိတဲ့ သိပ်လှတဲ့ နှင်းဆီတွေကို ကျွန်မကိုယ်တိုင် သဘောကျ နှစ်သက်မိသလို အခြားသူတွေလည်း နှစ်သက်မိလိမ့်မယ်လို့ ယုံကြည်ထားမိခဲ့တယ်လေ။
Onlineဆိုတဲ့ နယ်ပယ်သေးသေးလေးက တကယ်ဆိုတော့ နယ်မြေအကျယ်ကြီးရယ်ပါ။ ဒီလိုနယ်မြေအကျယ် ကြီးထဲမှာ ကျွန်မကို ခင်မင်သူများလည်းရှိခဲ့တာပေါ့လေ။ ခင်မင်သူတွေ၊ ချစ်သူတွေကို သိပ်လှတဲ့ပန်းကလေး တွေ၊ ပန်းစည်းလေးတွေ၊ အရုပ်လှလှလေးတွေ ပေးတတ်တဲ့စိတ်လေးကတော့ ကျွန်မရဲ့ တစ်နေ့တာ မနက်ခင်း အချိန်လေးကို ကုန်ဆုံးစေခဲ့ပါတယ်။

“တောင်ပေါ်သားရဲ့..အလွမ်း”

တောင်တန်းတွေရဲ့ ခြေလှမ်း

ခပ်စိပ်စိပ်လေး အရောက်လှမ်း

မနောမြေရဲ့ ချစ်မှတ်တမ်း။


တောင်တန်းတွေရဲ့ သက်သေ

နှလုံးသားရဲ့ ပင်စည်ခြေ

ရစ်ပတ်နွယ် မိုးလုံးမှိုင်းခဲ့ပေ..။

Wednesday, September 5, 2012

“ပျော်ရွှင်ပါစေ..မွေးနေ့ရှင်”








မိုးနှောင်းကာလရဲ့ မိုးစက်လေးတွေက ကုန်ဆုံးကြွေကျနေချိန် ဆောင်းဦးပွင့်ကူးတော့မယ်။ အောက်တိုဘာဆို ကိုကို့ရဲ့ မွေးနေ့လေးကို ရောက်လာတော့မယ်။ ကိုကိုနဲ့ညီမလေးတို့က အချိန်နဲ့အမျှဝေးကွာနေခဲ့ကြပါတယ် လေ။ ဒါပေမယ့်လည်း ရင်ဘတ်ချင်းတွေ နီးစပ်မှုရှိခဲ့ကြတဲ့အတွက် ဘယ်တော့မှဝေးမသွားခဲ့ဘူးဆိုတာ ကိုကိုရယ် ညီမလေးရယ်က အသိဆုံးတွေမဟုတ်ပါလား။

ညီမလေးရဲ့မွေးနေ့လေးမှာ ကိုကိုနဲ့အတူရှိနေခဲ့ချင်ပေမယ့် အခြေအနေတွေရဲ့ တားဆီးဟန့်ထားမှုတွေကြောင့် စိတ်ကူးလေးတွေနဲ့သာ ပျော်ရွှင်မှုတွေက အနှိုင်းအဆမဲ့ပေါ့။ ညီမလေးအတွက် မွေးနေ့လေးမတိုင်မီအချိန်မှာ ဆုတောင်းစာလေးတွေနဲ့အတူ အစိမ်းရောင်တွေ လွင့်ပြယ်နေသော ရတနာတစ်ပါးက ရောက်ရှိလို့လာခဲ့ပြန် တော့ အတိုင်းထက်အလွန် ပီတိတွေနဲ့ဖြစ်ခဲ့ရပြန်ပြီပေါ့။

“တိမ်ရောင်တွေကြားက..လမင်း”


Saturday, September 1, 2012

အလွမ်းအိပ်မက်ရဲ့ ရင်ခုန်သံ (ဇာတ်သိမ်းပိုင်း)

ဇာတ်သိမ်းပိုင်းကို မဖတ်ခင် အပိုင်း(၁)ကို ဖတ်ရှုကြည့်ပါနော် 


”အလွမ်းအိပ်မက်ရဲ့ရင်ခုန်သံ” (ဇာတ်သိမ်းပိုင်း)
“မောင်ရေ..ပုလဲတို့ရှေ့ရေး ဘယ်လိုတွေးထားလဲဟင်..ပုလဲကတော့ မောင်နဲ့ အမြန်ဆုံးနီးချင်တယ်မောင်ရယ်”
“မောင်လည်း နီးချင်တာပေါ့ ပုလဲရယ်..ဒါပေမယ့် တသက်တာပျော်ရွှင်ဘို့အရေးကို မောင်တို့ ခဏတော့ ဝေးရ အုံးမှာပေါ့ ပုလဲရယ်..မဟုတ်ဘူးလား”
မောင့်ရဲ့ ပြောနေကျ လက်သုံးစကားတွေကို ပုလဲရင်ထဲမှ လွန်ဆန်ချင်မိခဲ့သည်၊ ပုလဲဖြစ်ချင်သည်က ဆင်းရဲခြင်းတွေ၊ ချမ်းသာခြင်းတွေကို နှစ်ယောက်အတူမျှဝေဘို့ပါ၊ မောင့်ရဲ့စိတ်ကို နားမလည်ခဲ့တဲ့ ပုလဲရဲ့ အပြစ်ဆိုရမလား၊ ဒါမှမဟုတ် ပုလဲရဲ့စိတ်ကိုပဲ မောင်ကမသိတာလားကွယ်..။
ခုဆို မောင်နဲ့ပုလဲဝေးနေခဲ့တာ နှစ်တွေတောင်ကြာနေခဲ့ပြီပဲ၊ လွမ်းတယ်မောင်ရယ်..မောင့်ကို ပုလဲ ခုချိန်ထိ စောင့်မျှော်နေဆဲပါကွယ်..အကြောင်းပြချက်မရှိ အဝေးဆုံးကိုထွက်သွားခဲ့တဲ့ မောင့်ကို ပုလဲ ချစ်နေဆဲပါနော်။ ပုလဲရဲ့ အချစ်တွေကို နားလည်တယ်..သိနေတယ်..ချစ်နေခဲ့သေးတယ်ဆိုရင်..ပုလဲရဲ့အနားကို ပြန်လာပေးပါ နော်၊ မောင်လည်း..ပုလဲလိုပဲ လွမ်းနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်နော်၊ ရင်ထဲမှ သိုဝှက်ထားတဲ့ အလွမ်း တွေကို သိမ်းဆည်းရင်းဖြင့် ပုလဲတစ်ယောက် အတွေးတွေဖြင့် လူးလွန့်နေခိုက်တွင်….

“ အလွမ်းအိပ်မက်ရဲ့ ရင်ခုန်သံ”

မောင်ရေ ရာသီတွေက ပြောင်းလဲကုန်ပြီနော်၊ မောင်ရော ခုချိန် ဘာတွေများလုပ်နေမလဲဟင်၊ နေရောကောင်းရဲ့လားလို့ တွေးနေမိတယ်၊ နေ့ရက်တိုင်းမှာ သတိရနေခွင့်လေးတော့ ရှိမယ်ထင်ပါတယ်နော်၊ ပုလဲလေ ခုချိန်ထိအောင် မောင့်ကိုလွမ်းနေဆဲပါလေ…
မောင်နဲ့အတူတူ လျှောက်လည်ခဲ့ဘူးတဲ့ အမှတ်တရနေရာလေးတွေက ခုဆိုရင် ခြောက်သွေစွာနဲ့ အထီးကျန် ဆန်နေခဲ့ပါပြီ၊ အလွမ်းတွေနဲ့အတူ ရှင်သန်နေထိုင်ခဲ့ရတဲ့ အချိန်ကာလတွေက ဟိုးတုန်းကအချိန်တွေလိုပါပဲလား မောင်ရယ်…မောင့်ကိုပဲ ပုလဲက နားမလည်နိုင်ခဲ့တာလား၊ ဒါမှမဟုတ် မောင်ကပဲ ပုလဲကို နားမလည်နိုင်တာ လားဟင်….
ပုလဲတို့ မိန်းမသားတွေဘ၀ဟာ မောင်တို့ယောက်ျားတွေက ရင်ဖွင့်မှ တုန့်ပြန်တတ်ရမယ့် သဘာဝတွေမို့..အဲ့ဒီ သဘာဝဆိုတာတွေကို မလွန်ဆန်နိုင်အောင်ပါပဲလားမောင်ရယ်…ခုတော့လည်းလေ…..
မောင်..ပုလဲကို စပြီးချစ်ရေးဆိုတဲ့နေ့လေးကို မှတ်မိနေပါသေးတယ်၊ အဲဒီနေ့လေးက မိုးတွေအရမ်းရွာတဲ့ မိုးရာသီကုန်ဆုံးချိန်လေးပေါ့၊ မိုးတွေက ဖွဲဖွဲဆိုပေမယ့်..မောင်က ထီးမပါတော့ မိုးရေတွေစိုရွှဲနေတဲ့မောင့်ကို ပုလဲမျက်လုံးထဲမှာ ခုထိအောင် မှတ်မိနေခဲ့ပါသေးတယ်။
“မောင်”ဆိုသည်က ပုလဲသိပ်ချစ်ခဲ့ရတဲ့ နှောင်းသက်ပိုင်ဆိုတဲ့ ကောင်လေးပေါ့၊ မောင်နဲ့စတွေ့စဉ်အချိန်က ပုလဲက တက္ကသိုလ်ကကျောင်းပြီးချိန်၊ “မောင်”ကတော့ တတိယနှစ်(စီးပွားရေး)တက်နေတာပေါ့၊ ဒါပေမယ့် အဲ့ဒီအကြောင်းတွေကို မောင်နဲ့ချစ်ပြီးလို့ တစ်နှစ်လောက်အကြာမှ သိခွင့်ရခဲ့တာပါ။
မောင်က ပုလဲစာသင်တဲ့သင်တန်းကျောင်းလေးကို အလုပ်မရှိမလုပ်ရှာလာတတ်ပါတယ်၊ ပုလဲတို့သင်တန်းမှာ ကွန်ပျူတာအပိုပစ္စည်းလေးတွေလည်းရောင်းချတတ်တာသိတဲ့“မောင်”က ပစ္စည်းဝယ်တာကနည်းနည်း၊ ပုလဲကို ပိုးချင်တာကများများဆိုတော့….အဲဒီနေ့လေးကပေါ့..
“သမီးရေ…ပုလဲ..”
“ရှင်…ဦး”