အထီးကျန်ဆန်ခြင်းဆိုတဲ့ စိတ်တွေက တခါတရံမှာတော့ အလွမ်းဆိုတဲ့စိတ်တွေကို ပိုစေခဲ့မယ်ထင်ပါရဲ့…အရာအားလုံး
မေ့ပျောက်သွားနိုင်ဘို့အတွက် ဘ၀ဆိုတဲ့ လောကဓံရိုင်းတွေထဲမှာ မောပန်းစွာနဲ့ တိုက်ခဲ့ကြပေမယ့်လည်း
အလွမ်းဆိုတဲ့ မသိစိတ်လေးရဲ့ နောက်ကွယ်က ကြိုးတစ်ချောင်းကတော့ အရာအားလုံးကို ရပ်တန့်သွားစေခဲ့ပါတယ်။
အနာဂါတ်ဆိုတာ မျှော်လင့်ရာ ဦးတည်ချက်မဲ့တစ်ခုရယ်ပါ..။ အချစ်ဆိုတဲ့အရာကလည်း ထိုနည်းတူပါပဲ…ဘ၀မှာ
အချိန်ကာလလေးတစ်ခုသာသာ လောက်တော့ အချစ်တစ်ခုကို ပိုင်ဆိုင်ရရှိခဲ့သူတွေ ဖြစ်လိမ့်မယ်လို့
ယုံကြည်မိပါတယ်။ အကြောင်းအရာတွေအမျိုးမျိုးကြားမှာ ချစ်တဲ့သူတိုင်းကလည်း အပြုံးပန်းအလှတွေဝေလို့…ချစ်နေကြဆဲပေါ့…
အချို့ကလည်း ချစ်တဲ့သူတွေဟာ တစ်နေရာစီ ကွာဝေး နေခဲ့ကြရတယ်…။