Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 29, 2012

ရွှေမြို့တော် ရသစုံ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ၀ယ်နိုင်သည့်ဆိုင်များ


ချစ်ခင်လေးစားရသော စာရေးသူများနှင့် မန်ဘာများအပေါင်းတို့ခင်ဗျာ…
ရွှေမြို့တော် ရသစုံ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်နေပြီဖြစ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရန်ကုန်မြို့တွင် အောက်ပါ ဆိုင်များတွင် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၂)ရက်(တနင်္လာနေ့)တွင် စတင်ရောင်းချပေးမည်ဖြစ်ပါသည်-
(၁) စာပေလောက(၅) ပန်းဆိုးတန်းလမ်း
(၂) အမေ့အိမ်           ပန်းဆိုးတန်းလမ်း
(၃) ပညာရွှေတောင်   ပန်းဆိုးတန်းလမ်း

Thursday, June 28, 2012

“chattingထဲက အကြွေပန်း”


“chattingထဲက အကြွေပန်း”
ပန်းကလေးတစ်ပွင့်
ဖူးပွင့်ခဲ့ပြီ….
ငါ့ဘ၀ရဲ့ နေရောင်ခြည်
ထာဝရမင်းအတွက် ဖြစ်စေပြီ….။

Wednesday, June 27, 2012

ရွှေမြို့တော်ဝတ္ထုတိုပေါင်းချုပ်














ဒီစာအုပ်လေးကတော့ နေခြည်အပါအ၀င် သူငယ်ချင်း(၇)ယောက် စုစည်းတင်ဆက်ထားတဲ့ ၀တ္ထုတိုလေးတွေ ဖြစ်ပါတယ်ရှင် ပထမဦးဆုံးထွက်ရှိလာမည့် စာအုပ်လေးဖြစ်ပါတယ်။
 အားလုံးကကြိုးစားပြီး တင်ဆက်ထားပါတယ်ရှင်...စာအုပ်ထွက်ရှိဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့်လည်း နောက်ကျခဲ့ရပါတယ်ရှင်...နေခြည်တို့ရဲ့ စာလေးတွေကို စာအုပ်လေးဘယ်တော့ထွက်မှာလဲလို့ မျှော်လင့်နေကြသူ စာဖတ်သူပရိတ်သတ်များအတွက်လည်း နေခြည်နဲ့အတူ သူငယ်ချင်းများအားလုံးက အကြောင်းပြန်လိုက်ပါတယ်ရှင်။ မကြာမီရက်အတွင်းမှာ ၀ယ်ယူဖတ်ရှုအားပေးနိုင်ကြပါပြီနော်...။
ချစ်ခင်လေးစားရသော စာရေးသူများနှင့် မန်ဘာများအပေါင်းတို့ခင်ဗျာ…
ကျွန်တော်က ချစ်သူမြို့တော်မှာ (၂၆-၁၂-၂၀၁၁)ရက်နေ့မှာ ချစ်သူမြို့တော်စာစုများစာအုပ် ထုတ်မည့် အကြောင်း ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါတင်ပြချက်တွင် ပါရှိသည့်အတိုင်း (၃၁-၁-၂၀၁၂)ရက်နေ့အထိ ကျွန်တော့်ထံ ဆက်သွယ်ပေးပို့လာသည့် စာမူများအနက် စာမူများကို ပုံနှိပ်ထုတ်ဝေရန်အတွက် ပထမအဆင့် အနေဖြင့် ရွေးချယ်ခဲ့ပါသည်။

Sunday, June 24, 2012

“ကျွန်မချစ်တဲ့ အနုပညာ”

Photo

နူးညံ့လွန်းတဲ့
နှလုံးသားတစ်စုံရယ်
ဘာကြောင့်များ
ငါ့ရင်မှာပေါက်ဖွား
မပြောသာတဲ့ အကြောင်းတရားက
ရောင်မှားလို့များ ပေါ်မလာ
ငွေသော်တာရောင်ခြည်လေးများ
ထွန်းလင်းလို့ ပေးပါတော့လားကွာ....

“လွတ်လပ်စွာပျံသန်းလိုက်ကြပါစို့”



ဘယ်အရာပဲမဆို ကျွန်မ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်၊ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားခဲ့ပါတယ်၊ ပေးလာတဲ့ဘ၀၊ ပေးလာတဲ့ရလဒ်တွေအပေါ်မှာ ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရပေမယ့်၊ ဖြစ်လာတဲ့ဘ၀အပေါ် အကောင်းဆုံးလုပ်ဆောင်ဖြစ်ခဲ့ပါတယ်၊ အလုပ်မှန်ရင် လုပ်ချင်တဲ့ဆန္ဒရှိတာ ကျွန်မရဲ့ ပင်ကိုယ်စိတ်တစ်ခုရယ်ပါ၊ အကျိုးအမြတ်ရှေ့မထားဘဲ စိတ်ကောင်းစေတနာများစွာဖြင့် ဘ၀မှာ ကျလာတဲ့၊ ပေးလာခဲ့တဲ့ ဇာတ်ရုပ်တစ်ခုကို ပီပြင်စွာသရုပ်ဆောင်ခဲ့ပါတယ်၊သရုပ်ဆောင်လာခဲ့သည်နှင့်အမျှလည်း  ဖြစ်ချင်တာတွေထက်၊
ဖြစ်လာတာတွေဟာ တိုးတက်သင့်သလောက်တိုးတက်မှုတွေ ရရှိခဲ့သလို၊ မဖြစ်ချင်ပေမယ့်လည်း၊ ဖြစ်လာတာတွေရဲ့နောက်ဆက်တွဲကို ထိန်းသိမ်းခဲ့တာလည်း ဘ၀ရဲ့ ရလဒ်ကောင်းတစ်ခုပါပဲ၊ ကျွန်မဟာ နေခြည်သစ်နွယ်ဆိုတဲ့ ကလောင်ပန်းကလေးတစ်ပွင့် ဖြစ်လာဖို့ ဘယ်သောအခါမှ မမျှော်လင့်ခဲ့မိပါဘူး၊ ကျွန်မရဲ့ ပင်ကိုယ်စိတ်ကူးလေးဟာ ဟိုးကလေးဘ၀က အမှတ်မထင်ဖြစ်နေခဲ့ပေမယ့် ကျွန်မအတွက် အချိန်အခါတစ်ခုရောက်လာတဲ့အခါမှာတော့ ကျွန်မရဲ့ ပင်ကိုယ်စိတ်ကူးလေးဟာ ပွင့်လန်းသင့်သလောက် ပွင့်လန်းလာခဲ့ပါပြီ၊ ကျွန်မ ၀ါသနာပါလွန်းတဲ့ စာရေးခြင်းအလုပ်၊ ခုဆို ကျွန်မ အွန်လိုင်းရဲ့စာမျက်နှာထက်မှာ နေခြည်ဆိုတဲ့ ပန်းလေးတစ်ပွင့်ဟာ အနုပညာတွေဝန်းရံထားတဲ့ ကဗျာတောလေးထဲမှာ ပွင့်လန်းလို့လာခဲ့ပါပြီ ၊ ကျွန်မကို ခင်မင်ကြသော၊ ကျွန်မခံစားရေးဖွဲ့ခဲသော၊ ကဗျာ၊ ရသ၊ ၀တ္ထုတိုတွေကို အချိန်တွေပေးပြီး

Sunday, June 17, 2012

“အဖေ...လို့ ခေါ်ခဲ့ရင် ကျေနပ်နေမှာ”

“ကမ္ဘာပေါ်မှာရှိကြသော အဖေများအားလုံးအတွက်”

“အဖေ...လို့ ခေါ်ခဲ့ရင် ကျေနပ်နေမှာ”

အဖေ...လို့ခေါ်ခွင့်ရနေသည်ကပင် တန်ဘိုးတွေမြင့်မားလွန်းပါတယ်
အဖေသက်ရှိထင်ရှားရှိနေပေမယ့် အဖေမရှိတော့ရင်ဆိုတဲ့ အတွေးတွေကို နေ့ရက်တိုင်းများစွာ တွေးမိလေတိုင်း အဖေ့ရဲ့ကျေးဇူးတွေဟာ ဆပ်လို့မကုန်နိုင်ပါဘူး...ကောင်း၏၊ ဆိုး၏၊ မှား၏၊ မှန်၏ဆိုတဲ့ အကြောင်းအရာတွေရှေ့မှာ အဖေရှိနေတယ်...
အဖေဟာ သားသမီးတွေနဲ့ လက်ပွန်းတတီးမနေဘူးဆိုပေမယ့် အဖေ့ရဲ့မေတ္တာတွေကတော့ မိုးထိအောင်ပါပဲ...တုနှိုင်းလို့မရနိုင်ပါဘူး
အန္တရာယ်တွေ့ရဲ့  ရှေ့မှာ အဖေဟာ ကာဆီးပေးလို့...ကျရောက်လာခဲ့ပြီဆိုရင်လည်း အသက်ကိုပင်ပေးအပ်ရပါစေ...ရဲဝံ့စွာနဲ့ ပေးဆပ်နိုင်ခဲ့သူ..
သားတွေကို ဆုံးမတတ်တဲ့နေရာမှာ

Friday, June 15, 2012

“အမေ့ရဲ့အနမ်း”

“အမေ”
အဝေးဆီမှာ
သားမျှော်ငေးနေရပြီ
အမေ့အိမ်ရဲ့ ရွက်ဖျင်တဲ
ချိနဲ့နဲ့ ခေါင်တိုင်အရိပ်မှာ
သားအလိုဆန္ဒတွေ မပြည့်ခဲ့
ရမ္မက်ဒေါသတွေ ပွေ့ဖက်
အခြေအနေမဲ့ခဲ့ တကယ်လို့
ထင်မှတ်တဲ့ ကြံစည်အတွေး
ခုတော့လေ အဝေးဆီဝယ်
သားတကယ် တမ်းတမိခဲ့တာ
အမေ့ရဲ့ အိမ်ကလေးတစ်လုံးရယ်ပါ…။

“မိုးကာလေး”


ဒီကဗျာလေးကတော့ တစ်ဦးတစ်ယောက်ကိုရည်ရွယ်ပြီး ရေးခဲ့တာပါ..ကဗျာလေးရေးပြီးနှစ်ပတ်လောက်အကြာမှာ တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်ပါပဲရှင်....ကဗျာမလေးရဲ့စိတ်နဲ့ တစ်ဦးတစ်ယောက်ရဲ့စိတ်နဲ့ ဒီလောက်ပဲ တိုင်ဆိုင်ခဲ့ရသလားရှင်....။
 
သူ့အတွက် မိုးကာတစ်ထည်
ငါမျှော်မှန်းတကယ်
မိုးရေစက်တွေ..အေးတကယ်
အချမ်းတွေ..ပိုနေမလားကွယ်….။
မိုးကာလေးတစ်ထည်
သူ့အတွက် လုံခြုံစေမယ်
အချမ်းပြေ..သက်သာစေတကယ်
တန်ဖိုးဖြတ် အနှိုင်းမဲ့စေတယ်
သူ့အတွက် ရင်ခွင်နွေးစေမယ်
ကဗျာမလေးရဲ့ မိုးကာတစ်ထည်….။

နေခြည်သစ်နွယ်(ပြည်)

“ကိုကိုခူးတဲ့ပန်းမာလာ”

တောရိုင်းမြိုင်နန်း
စံပယ်ပန်းမရှိ
ခတ္တာ..ခွါညို…မှော်ရုံတောဝယ်
ရှာဖွေနေလည်း မတွေ့ပါဘဲ
ကြင်သူမေအတွက်….ထာဝရပေးမယ်
ကေသာယံထက် စံမြန်းစေ၀ယ်…
နှလုံးသားနန်းဝယ် မေတ္တာပန်းရယ်…
ကြင်သူမေအတွက် ခူးခြွေပေးမယ်… 

နေခြည်သစ်နွယ်(ပြည်)

“ဆုတောင်းခဲ့မယ်”

ဘ၀ဆက်တိုင်း…သံသရာ
ရေကြည်ရာ မြက်နုရာ
ချစ်သူနှင့် တဒင်္ဂသာ
ဆုံခွင့်တွေပေး
ရေကြည်အေးလည်း
ကြေကွဲစေအမြဲ
ချမ်းမြေ့မဖြေဆည်နိုင်…ဒီရင်မှာမှိုင်
အိပ်မက်ရဲ့ တမ်းချမ်း
လမ်းခင်းလို့သာ လျှောက်လှမ်းကြည့်တယ်
တို့ဘ၀တွေ အဝေးဆီ
မှန်းမျှော်ရည် အတိတ်နေ့ရက်တို့ဆီ…..။

တေးရေး-လှိုင်းသန့်(မြန်မာစာ)
နေခြည်သစ်နွယ်(ပြည်)

“အနုပညာပန်းတိုင်”

“အနုပညာပန်းတိုင်” ဆိုတဲ့ သီချင်းလေးဟာ တကယ်တော့ စဉ်းစားလိုက်မိရင်ဖြင့် အင်မတန်မှ အသက်ဝင်တောက်ပလှပါတယ်။ အပေါ်ယံလေး ဖတ်သွားသူတိုင်းကတော့ အနုပညာပန်းတိုင်ဆိုတာ စာသားတစ်ခုပါ၊ အဲ့ဒီသီချင်းလေးကိုရော စာဖတ်သူတို့ သေသေချာချာလေးများ ခံစားပြီး နားထောင်မိဖြစ်ခဲ့ကြသလား။ ကျွန်မကတော့ အဲ့ဒီသီချင်းလေးကို ဟိုး…ငယ်စဉ်ဘ၀တည်းက သင်္ကြန်မိုးဆိုတဲ့ အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားကြီးကတည်းက ကြိုက်နှစ်သက်မိခဲ့သူပါ။ သီချင်းလေးကို ဖန်တီးခဲ့သူကလည်း တကယ့်ကို အနုပညာရှင်တစ်ယောက်ဖြစ်ပြီး၊ အနုပညာကိုနှစ်သက်မြတ်နိုးသူဆိုတာ သိသာပါလိမ့်မည်။ စာသားလေးထဲကအတိုင်း သူတို့ရဲ့ ရည်ရွယ်ချက်တူ၊ ပန်းတိုင်တူတွေဟာ တကယ့်တော့ အနုပညာပန်းတိုင်ရယ်လို့ အမည်တွင်ခဲ့တာပါ…. ကျွန်မလည်း အနုပညာပန်းတိုင်တစ်ခုကို ဖန်တီးခဲ့မိပြီ။

“စည်းခြားနေပြီလား”


ဟိုးတချိန်ကပျာ်ရွှင်စရာကောင်းခဲ့တဲ့ချစ်သူနှစ်ဦးရဲ့ဘ၀တွေဟာခုတော့ ကမ္ဘာကြီးတစ်ခုဆီမှာ ရောက်ရှိနေသလို စည်းတွေခြားထားနေခဲ့ကြပါပြီ၊ စိတ်ကူးတွေ၊ နှလုံးသားတွေရဲ့အလိုကျ ဆန္ဒတွေထပ်တူ ဖြစ်မလာခဲ့တာ ချစ်သူနှစ်ဦးအတွက်တော့ ရင်နာစရာကောင်းနေခဲ့ပါပြီ၊ITWorldရယ်ဖြစ်လာခဲ့ပေမယ့် ဆက်သွယ်မှုလမ်းကြောင်းလေးကအစ..ဧရိယာပြင်ပတဲ့လား…မခံစားနိုင်ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ရင်ကွဲသံတွေ ဟာ တွေးမကြည့်ရုံနဲ့သိ…ပြေးမကြည့်ရုံနဲ့မြင်နိုင်ခဲ့ပါပြီ..အရာရာမှာ အသိတရားဖုံးလွှမ်းတတ်တဲ့စိတ်ထားလေး တွေဟာ တခါတရံမှာ ချစ်သူနှစ်ဦးအတွက် အဝေးဆုံးကိုရောက်ရှိစေခဲ့ပြီလား…ဆုံခွင့်တွေမပေးနိုင်ခဲ့ရင် အစကတည်းက ဆုံခွင့်တွေပေးလာတဲ့ ကံကြမ္မာကိုယိုးမယ်ဖွဲ့ အပြစ်တွေလို့ ပြောကြရအုံးမည်တဲ့လား.. ဖြစ်ချင် တာတွေ ဖြစ်ခွင့်မရခဲ့တာကို ဖြစ်ချင်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့စိတ်တွေကို အတ္တလို့ သတ်မှတ်ကြမည်တဲ့လား.. ဘတ်(စ်)ကားပေါ်မှာ စုံတွဲတွေကိုတွေ့မြင်ရင်

Tuesday, June 12, 2012

“နှလုံးသားချင်းသိတဲ့ကမ္ဘာ”

အသံကြားတိုင်းလည်း..မဟုတ်
ချစ်တိုင်းလည်း..မဟုတ်
နှလုံးသားချင်း နွယ်ယှက်
ဘယ်သူဖြတ်ဖြတ် မပျက်သောသစ္စာ…။
ရှောင်လွှဲနေလည်း..အရိပ်
ဒီစိတ်နဲ့ တွယ်ငြိတာ
သူ့ရင်မှာ သစ္စာ
နှလုံးသားချင်း သိနေတာ….။

“လမင်းငိုသံ”

ရင်ထဲမှာ တသသ
နှောင်ဖွဲ့မေတ္တာ ဒီကမ္ဘာမှာ
အကြင်နာအချစ်များ
လ၀န်းပမာ ထိန်လင်းသာတည့်
မြတ်သောအချစ်…..။

“ငါ…မငိုပါရစေနဲ့”

ငါ့အနားမှာ နီးနီးလေးနေပါ
ထွက်မသွားပါနဲ့…ဖက်ထားခွင့်ပြုပါ..
ငါ့ကို..ညင်သာစွာ ပွေ့ဖက်ထားလို့
ကြင်နာစွာ အနမ်းတစ်ခုပေးပါ
ငါ့နှလုံးသားမှာ နင်ရှိနေပါ
ဝေးသွားမှာ စိုးကြောက်မိသူ….။

“အိမ်ပြန်ချိန်အလွမ်း”

အတိတ်နေ့ရက်တစ်ခုမှာ
သောင်ရင်းမြစ်ရဲ့ ကမ်းစပ်နားမှာ
ငါ..အလွမ်းတွေထပ်ခဲ့ရတယ်….။
ကမ်းရှိသော်လည်း မတင်
လှမ်းကြည့်သော်လည်း မမြင်
သြော်…တစ်ဖက်ကမ်းဆီ…..။

“ပန်းသခင်အတွက်”

တသားမွေး တသွေးလှ
ငေးမ၀တဲ့ မမထား
အလှလေးတွေ...ငေး
စာလေးတွေရေးလို့
အပြုံးပန်းတစ်ရာဝေ
မမုန်းတမ်း မေတ္တာတွေ
ပေးဝေတယ်...သူမအလှ

“နောက်ထပ်”


 လွမ်းတော့လည်း အနားမရှိ

လှမ်းတော့လည်း နေစရာမရှိ

နှလုံးသားနံရံနှစ်ထပ်

ကပ်လို့သာငြိတွယ်

ခုတော့လေ ဖယ်ခွါ

ရေရေရာရာ..မရှိတော့ပါလား....။

နေခြည်သစ်နွယ်(ပြည်)