ကျွန်မတို့တွေဟာ ခရီးသည်တွေပါ၊ လောကကြီးအတွင်းမှာ
လူဆိုတာဖြစ်လာသည်နှင့် ဘ၀ရဲ့ ရှည်လျားလွန်း တဲ့ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းနေကြရပါတယ်။
ဒီလိုဖြတ်သန်းနေခိုက်ကာလရှည်တွေရဲ့ နောက်ကွယ်မှာ မျှော်လင့်ခြင်းဆိုတဲ့ စိတ်ရဲ့ခေါ်ဆောင်ရာ
အရာဝတ္ထုတစ်ခုကလည်း ကပ်ငြိလို့ပါလာခဲ့ပြန်ပါပြီ။ “အူဝဲ”ဆိုက တည်းက ကမ္ဘာမြေပြင်ပေါ်ကို
ရောက်ရှိလို့လာခဲ့ကြပါပြီ။ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ဘို့အတွက် မျှော်လင့်ချက်ဆိုတာ
ရှိခဲ့ကြပြန်ပါတယ်။
“အူဝဲ”ဆိုချိန်က လသားလေးအရွယ်ရောက်ပြန်တော့ လေးဘက်တွားဘို့ရာ
မျှော်လင့်ရပြန်ပါတယ်။ လသား လေးကျော်လွန်လာပြန်တော့ တစ်နှစ်သားဆိုတဲ့အချိန်ကိုပေါ့၊
အရွယ်နှင့်ညီမျှအောင် စကားလေးတွေ တီတီတာတာတာ ပြောဆိုတတ်ဘို့ မျှော်လင့်ရပြန်ပါတယ်။
စကားတွေကို လွန်လွန်ကျွံကျွံ ပြောတတ်လာပြန် တော့လည်း ကမ္ဘာမြေပြင်ကြီးပေါ်မှာ လမ်းစလျှောက်တတ်ဘို့အရေးကို
မျှော်လင့်ခဲ့ရပြန်ပါတယ်။ “အူဝဲ”ဆိုက တည်းက မျှော်လင့်ခြင်းတွေနဲ့ ရင်ဝယ်ပိုက်ထွေးနေခဲ့ကြရပါတယ်။
သုံးလေးနှစ်သားရောက်ပြန်တော့ စာတွေ သင်ဘို့အရေး၊ စာတွေတတ်မြောက်လာဘို့အရေး မျှော်လင့်ရပြန်ပါတယ်။
နေ့တဓူဝ ကျွန်မတို့ရဲ့ စိတ်တွေမှာ မောပန်းခြင်းတွေရှိနေတာ
ဘာလို့ပါလဲဆိုတော့ ကိုယ့်ဘာသာ မျှော်လင့်နေ မိကြလို့ပါပဲ။ ငယ်စဉ်ဘ၀တည်းက ပညာသင်ဘို့မျှော်လင့်ရပါတယ်။
ဘာကြောင့်ပညာသင်လဲဆိုပြန်တော့ ပညာတတ်ဘို့အတွက် မျှော်လင့်ခဲ့လို့ပေါ့။