Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Sunday, January 6, 2013

“ဆေးကြောပါ”

“ဆေးကြောပါ”

မိမိကိုယ်စိတ်၊ ငြိမ်းချမ်းစေရာ
သူပင်မလုပ်၊ ကိုယ်သာလုပ်သည်။
မိမိစိတ်ကိုယ်၊ ပူလောင်စေရာ
တွေးများကြံဆ၊ မနှေးဗျာပါဒ။

ပူလောင်တွင်းရေ၊ စိတ်အ၀ီစိထဲ
နှစ်ကာလကြာ၊ ဆက်ရက်နေ့စဉ်
အဘယ်သို့ပင်..မပူမည်နည်း။

အတွေးငြိမ်သက်၊ ဆွေးရမ္မက်လည်း
ရှိပါတစ်စ၊ ချဲ့ကားကြံစည်
တွေးစည်ပင်သည်…
အဘယ်အေးချမ်းတော့မည်နည်း..။