Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, June 12, 2012

“နှလုံးသားချင်းသိတဲ့ကမ္ဘာ”

အသံကြားတိုင်းလည်း..မဟုတ်
ချစ်တိုင်းလည်း..မဟုတ်
နှလုံးသားချင်း နွယ်ယှက်
ဘယ်သူဖြတ်ဖြတ် မပျက်သောသစ္စာ…။
ရှောင်လွှဲနေလည်း..အရိပ်
ဒီစိတ်နဲ့ တွယ်ငြိတာ
သူ့ရင်မှာ သစ္စာ
နှလုံးသားချင်း သိနေတာ….။

“လမင်းငိုသံ”

ရင်ထဲမှာ တသသ
နှောင်ဖွဲ့မေတ္တာ ဒီကမ္ဘာမှာ
အကြင်နာအချစ်များ
လ၀န်းပမာ ထိန်လင်းသာတည့်
မြတ်သောအချစ်…..။

“ငါ…မငိုပါရစေနဲ့”

ငါ့အနားမှာ နီးနီးလေးနေပါ
ထွက်မသွားပါနဲ့…ဖက်ထားခွင့်ပြုပါ..
ငါ့ကို..ညင်သာစွာ ပွေ့ဖက်ထားလို့
ကြင်နာစွာ အနမ်းတစ်ခုပေးပါ
ငါ့နှလုံးသားမှာ နင်ရှိနေပါ
ဝေးသွားမှာ စိုးကြောက်မိသူ….။

“အိမ်ပြန်ချိန်အလွမ်း”

အတိတ်နေ့ရက်တစ်ခုမှာ
သောင်ရင်းမြစ်ရဲ့ ကမ်းစပ်နားမှာ
ငါ..အလွမ်းတွေထပ်ခဲ့ရတယ်….။
ကမ်းရှိသော်လည်း မတင်
လှမ်းကြည့်သော်လည်း မမြင်
သြော်…တစ်ဖက်ကမ်းဆီ…..။

“ပန်းသခင်အတွက်”

တသားမွေး တသွေးလှ
ငေးမ၀တဲ့ မမထား
အလှလေးတွေ...ငေး
စာလေးတွေရေးလို့
အပြုံးပန်းတစ်ရာဝေ
မမုန်းတမ်း မေတ္တာတွေ
ပေးဝေတယ်...သူမအလှ

“နောက်ထပ်”


 လွမ်းတော့လည်း အနားမရှိ

လှမ်းတော့လည်း နေစရာမရှိ

နှလုံးသားနံရံနှစ်ထပ်

ကပ်လို့သာငြိတွယ်

ခုတော့လေ ဖယ်ခွါ

ရေရေရာရာ..မရှိတော့ပါလား....။

နေခြည်သစ်နွယ်(ပြည်)

“ပျောက်ဆုံးသောနေ့”

ရည်ရွယ်ချက်တွေ ပျက်သုဉ်း

စိတ်ကူးတွေ အရူးဆုံး

နှလုံးသည်းပွတ် ကြွေမတတ်

ရေခပ်သော်လည်း အနေခက်