Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, July 7, 2012

“တရွာသားနှင့်တရွာသူ”

“တရွာသားနှင့်တရွာသူ”
လှမ်းကြည့်တော့ အမြင်
ထူးဆန်းတာ မမြင်
သူ့အသွင် ရေကြည်စင်
တင်စားပင်ခေါ်ဝေါ်ချင်
တရွာသားရဲ့ စိတ်ထားခင်…။

“အလှမဲ့”

“အလှမဲ့”
ဘ၀ဆိုတဲ့…ကံ
အလှဆိုတဲ့…နာမ်
သဘာဝဆိုတဲ့…ကန့်သတ်ချက်
အလှမ်းခက်ခက် လှမ်းထွက်
ကြမ်းတမ်းတဲ့ ငါ့ကြမ္မာ
စုတ်ချက်ကောင်းနဲ့ ရေးဆွဲ
ကမန်းကတန်း ရေးဖွဲ့
ပန်းတွေဝေတဲ့ လမ်းတွေမှာ
တစ်ခါလောက်ပဲ လျှောက်ခွင့်ပြုပါ……။
 
နေခြည်သစ်နွယ်(ပြည်)

“ပြန်လမ်းသို့”


“ပြန်လမ်းသို့”
တစ်နေ့တော့ သေရမည်
ငါ့ရှေ့က ဖြတ်သွားသည်
ဝိညာဉ်တစ်ခုရဲ့ တန်းစီယာဉ်…။
သူလည်းပဲ သွားနှင့်သည်
ငါလည်းပဲ သွားရမည်
ဘယ်တော့များ ခေါ်မလဲ…….။

“ကောင်မလေး”

“ကောင်မလေး”
ကောင်မလေး…
ရှောင်ပြေးလို့မနေပါနဲ့
ရောင်ပြေးလေးတမ်းတနေမယ်
ငါချစ်တာ နင်သိပါကွယ်…..။
ကောင်မလေး..
ငါ့ရဲ့အချစ် နံပါတ်(တစ်)
မင်းပစ်သွားရင် တသက်လုံး(ချစ်)
အရှုံးတွေနဲ့ နေရာသစ်မှာ
ငါမကြွေတော့ပါဘူးကွယ်….။

နေခြည်သစ်နွယ်(ပြည်)

“ငါ…မငိုပါရစေနဲ့”

“ငါ…မငိုပါရစေနဲ့”
ငါ့အနားမှာ နီးနီးလေးနေပါ
ထွက်မသွားပါနဲ့…ဖက်ထားခွင့်ပြုပါ..
ငါ့ကို..ညင်သာစွာ ပွေ့ဖက်ထားလို့
ကြင်နာစွာ အနမ်းတစ်ခုပေးပါ
ငါ့နှလုံးသားမှာ နင်ရှိနေပါ
ဝေးသွားမှာ စိုးကြောက်မိသူ….။

“ဆုံမှတ်”

“ဆုံမှတ်”
ငါတို့နှစ်ယောက်ရဲ့ အချစ်နံရံမှာ
ပဲ့တင်သံတွေထပ်နေခဲ့တယ်
ငါတို့နှစ်ယောက်ရဲ့ အချစ်တွေဟာ
ခြွေချဖို့ မဟုတ်
ကောက်ယူနမ်းရှိုက်ခြင်းမည်သာ…

“အင်တာဗျူး”

“အင်တာဗျူး”
ငါတကယ် အလုပ်လုပ်ချင်တာ
အင်တာဗျူးရန်လာ
မျက်နှာကို စေ့စေ့ကြည့်
အတွေးထဲထိ သူမသိ
ဘယ်ဆီပင် ပြေးရ
ငါ့အင်တာဗျူး ဒုက္ခ…။

“ယုံကြည်ရာ chattingအချစ်”

“ယုံကြည်ရာ chattingအချစ်”
“မောင် ကြာဖြူပြောနေတယ်နော်”
“ဘာလဲ ကြာဖြူရာ”
“မောင့်ကို အင်တာနက်ဆိုင် မသွားနဲ့လို့ ပြောနေတယ်လေ”
“ကြာဖြူ မင်းဟာက မလွန်လွန်းဘူးလားကွာ…အင်တာနက်ဆိုင်သွားတာနဲ့ ကောင်မလေးတွေရှုတ်တာနဲ့ ဘာဆိုင်လို့လဲကွာ”
“မသိဘူး “မောင်ရာ”  ကြာဖြူ စိတ်မချတာပဲသိတယ်”
“မောင်”ဟာ ကြာဖြူသိပ်ချစ်ရတဲ့ ခင်ပွန်းသည်တစ်ယောက်ဖြစ်သည် “မောင့်နာမည်က” ဝေခန့်၊ မောင်နဲ့ကြာဖြူတို့ ကျောင်းပြီးသွားတဲ့အချိန်တွေမှာ လုပ်ငန်းခွင်ကိုယ်စီဖြစ်နေကြသည်။ မောင်က အင်တာနက် ဆိုင်တွေကို တပတ်တစ်ခါဆိုသလို လာတတ်သူလည်းဖြစ်သည်။ ကြာဖြူကလည်း တစ်ပတ်တစ်ခါ အင်တာနက်