Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, May 20, 2013

“ကျင့်ကြံပွားစေ သူတော်စင်တွေ”


တရှုတရှိုက်..အသက်မျှလည်း
မငဲ့ကွက်ဘဲ…ကျင့်ကြံကာနေ
သူတော်စင်တွေ….။
မှတ်ဘွယ်သတိ…ဆင်ခြင်သိနှင့်
အာရုံထွေပြား..နေမနားတဲ့
စိတ်သွားရာလေ…စုစည်းကာနေ
အာနာပါဏ..ကမ္မဌာန်းတရား
လက်ကိုင်ထား၍….ကြိုးကုတ်ပွားများ
ဘာဝနာတရား…
ဝီရိယရှေ့…သတိထည့်၍
အားထုတ်ပါလေ…ယောဂီတို့ရေ….။

Saturday, May 18, 2013

“ရရှိနိုင်စေ…အမျှပေးဝေ”

“ရရှိနိုင်စေ…အမျှပေးဝေ”
ယနေ့ပြုသမျှ…ကုသလသည်
ပီတိဖြစ်ရ…အေးချမ်းစေပ
ဘေးရန်ကင်းပေ…များထွေထွေ…။
အိုနာသေဘေး…လွတ်လမ်းမရှိ
မှန်းဆအတိ…ဘယ်ဆီရှိမည်
ထိသိခန္ဒာ…မှန်ရန်ငှာ
ကမ္မဌာန်း..ဒေသနာပါ….။
ဖောက်ပြန်ပျက်စီး…ရုပ်ဖန်တီးသည်
အမှန်ရှုမြဲ…သတိမလွဲ
အသိမြဲ…ဥာဏ်ပဲလိုက်မည်နည်း…။
စိတ်စေရာသွား…သတိထားကာ
အသိတရား..နောက်မှာပါ၍
ရောက်လေရာမှာ….ရှုမြင်စိတ်ပါ
အထင်မလွဲ…နာမ်ပဲဖြစ်နေတာ…
ရုပ်နာမ်ကွဲပြား…မပြတ်ပွား…
အစဉ်တရား….၀ိပဿနာပါ…။

နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com