Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Tuesday, January 15, 2013

“ဖေဖော်ဝါရီကမ္ဗည်းသစ္စာ”



“ဖေဖော်ဝါရီကမ္ဗည်းသစ္စာ”

ချစ်တိုင်းလည်းမညား…

ခဏတိုင်းလည်း..မဝေးပါရစေနဲ့…။

မင်းနဲ့ငါ…ရင်ချင်းအပ်

ချစ်ခြင်းဖွဲ့ တမ်းတငေးချိန်

အလွမ်းပါးပြင်ကို… အနမ်းသင်ခန်းစာလေးပေးခဲ့လိုက်ပြီ….။

မင်းနဲ့ငါ အတူပြောခဲ့တဲ့..

ဖေဖော်ဝါရီချစ်သူများနေ့…

ရောက်လာခဲ့ပြီ…သက္ကရာဇ်နှစ်ထောင့်တစ်ဆယ့်သုံးဆီ…။