Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“ရင်ခုန်စေတဲ့ Valentine’’

“ရင်ခုန်စေတဲ့ Valentine’’

ခုဆိုရင် နှစ်သစ်ရဲ့ Januaryလတစ်ဝက်တောင်ရှိခဲ့ပြီမှပေါ့…..နောက်လဆိုရင် Februaryလကိုရောက်တော့ မယ်နော်…. ဘာလိုလိုနဲ့ အချိန်ကာလတွေက တရွေ့ရွေ့နဲ့ဆိုသလို ကုန်လုမက ကုန်ဆုံးနေခဲ့ပြီ…… နေ့စဉ်နဲ့အမျှဆိုသလို ရေရေရာရာမရှိ အနာဂါတ်ဆိုတာမျှော်တွေးကြည့်လို့မရသလို အရာအားလုံးမှာ သူဖြစ်ချင်တာတွေကြီးသာ ဖြစ်နေကြပါရောလားလို့ စိတ်ထဲမှာအလိုလိုရောက်ရှိလာသလိုပင် ခံစားရသည်….. ဒီလလေးကို ကျွန်မနဲ့အတူ ကမ္ဘာပေါ်မှာရှိတဲ့ ချစ်သူစုံတွဲတိုင်းက စောင့်မျှော်နေကြမှာပါ….ဖေဖော်ဝါရီလရဲ့ (၁၄)ရက်နေ့ကို လူတိုင်းသတ်မှတ်ကြတဲ့ “ချစ်သူများနေ့”  Valentine Day ရယ်လို့ ခေါ်ဝေါ်ခဲ့ကြပါတယ် …အဲဒီနေ့မတိုင်ခင်….အကြိုတစ်ရက်မှာ ချစ်သူစုံတွဲတွေက မိမိတို့ချစ်သူတွေနဲ့ ချိတ်ဆက်ထားကြပြီး….
သွားကြဖို့….လာကြဖို့….တွေ့ဆုံကြဖို့တွေ….ပြုလုပ်ကြပါတယ်….
အမှတ်တရဆိုတဲ့အနေနဲ့ အင်္ကျီအ၀တ်အစားဆင်တူလေးတွေ… အရောင်မျိုးစုံ…. ချောကလက်လေးတွေ… ပန်းစည်းလေးတွေကို ချစ်သူတစ်ဦးနဲ့တစ်ဦး အပြန်အလှန်ပေးကမ်းမှုတွေ ဖလှယ်မှုတွေ ပြုလုပ်ကြတဲ့နေ့လေး တစ်နေ့ပေါ့…….
အဲဒီနေ့ရက်မတိုင်ခင်မှာတော့….ကျွန်မတစ်ယောက် စဉ်းစားမိခဲ့တယ်….ချစ်သူများနေ့ဆိုတာကို အသံလေး ကြားရုံနဲ့ပင် ကျွန်မ ရင်ခုန်နေခဲ့မိပါတယ်….ပျော်လည်းပျော်မိပါတယ်……ကမ္ဘာပေါ်မှာရှိကြတဲ့ ချစ်သူများနဲ့အတူ ကျွန်မလည်း ထပ်တူပျော်ခဲ့မိပါတယ်…. ပျော်ရွှင်ခြင်းတွေနဲ့အတူ…. ပိုင်ဆိုင်ခြင်းဆိုတဲ့အရာကိုလည်း ကျွန်မ မျှော်လင့်ခဲ့မိပါတယ်….. လိုချင်တောင့်တမိခဲ့ပါတယ်…… ချစ်သူမရှိတဲ့ကျွန်မမှာ ပျော်ရွှင်မှုဆိုတာ စိတ်ကူးယဉ်လိုလို ဒဏ္ဍာရီရီလိုလို ပုံပြင်တစ်ပုဒ်သာဖြစ်ခဲ့ပါတယ်…… ကျွန်မလည်းဘဲ သူများတွေလို ချစ်သူတစ်ယောက်လောက်တော့ လိုချင်မိသည်……သူများကောင်မလေးတွေလိုပဲ လက်ဆောင်ပစ္စည်းလေး တွေ လိုချင်မိသည်…..ချစ်သူနဲ့အတူ ချစ်သူရဲ့လက်ကိုတွဲလျှောက်လို့ သွားချင်နေမိသည်… အရောင်ဆင်တူ အ၀တ်လေးတွေဝတ်ချင်နေမိသည်…..ဒါပေမယ့်လည်း ရှေးလူကြီးတွေက ပြောဖူးကြတဲ့စကားလေးတစ်ခွန်းကို ကျွန်မ ခုချိန်ထိမှတ်မိနေခဲ့ပါတယ်….မတူရင် မတုနဲ့တဲ့……လူပြိုင်လို့မနိုင် ကံပြိုင်လို့သာ နိုင်ရ၏တဲ့…. သိပ်မှန်တဲ့စကားလေးတစ်ခွန်းပါပဲ…..သူတို့လေးတွေရဲ့ ကံနဲ့ ကျွန်မရဲ့ကံ မတူနိုင်ပါဘူး.. သူတို့မှာရှိတာ လေးတွေ ကျွန်မမှာ မရှိသလို….ကျွန်မမှာရှိတာတွေလည်း သူတို့မှာမရှိနိုင်ဘူးဆိုတာ ကျွန်မ အဲဒီစကားလေး နဲ့တင် ယုံကြည်နေခဲ့မိပါတယ်….. ဒါပေမယ့်လေ …ကျွန်မ အားလုံးရဲ့ကိုယ်စား အဲဒီနေ့လေးမှာ ဘာရယ်ကြောင့်မှန်းမသိ ပျော်နေခဲ့မိပါတယ်….ချစ်သူများနေ့ရဲ့ ညနေဆည်းဆာချိန်လေးရောက်ပြီဆိုရင် အရမ်းထူးခြားပါတယ်….မိုးတွေကအုံ့ဆိုင်းနေသလို နေရောင်ရယ်မရှိ အေးအေးလူလူရာသီဥတုလေး ဖြစ်တတ်တယ်လေ…..ကျွန်မစိတ်ထဲ ငိုချင်သလိုလို လွမ်းသလိုလို ခံစားလာမိတယ်…..အဲဒီအချိန်မှာတော့ သူတို့လေးတွေမှာ ဆိုင်ကယ်လေးတ၀ှီးဝှီး ….ကားလေးတွေကိုယ်စီနဲ့ တူညီဝတ်စုံလေးတွေ…… အလှလေးတွေပြင်ပြီး ပြုံးရွှင်နေတဲ့မျက်နှာလေးတွေနဲ့ လွင့်လွင့်လူးလူး ပျော်ပါးနေကြတဲ့အချိန်မှာ…. ကျွန်မကတော့ နေ၀င်ရီလို့  အလုပ်သိမ်းချိန်ပေါ့….မျက်နှာပေါ်မှာ သွေးမရှိတော့တဲ့အရောင်အစင်းလေး…. တမနက်လုံး လိမ်းခြယ်ထားတဲ့ သနပ်ခါးပါးကွက်လေးတွေကလည်း ပါးပြင်မှာ ကုန်လုနီးပါးပေါ့…… အလုပ်တွေပင်ပန်းပြီး ညှိုးနွမ်းနေတဲ့မျက်နှာလေးနဲ့…..အိမ်ကိုပြန်ရတော့မယ်ပေါ့….အလုပ်ထဲကနေ ကားလမ်းနံဘေးကို ထွက်လာချိန်မှာတော့…….ကျွန်မရဲ့ နဘေးမှာ သူတို့လေးတွေစီးနင်းလာတဲ့ မော်တော်ယာဉ်တွေက ရိပ်ခနဲ ရိပ်ခနဲဆိုသလို ဖြတ်သွားကြတော့ ကျွန်မလှည့်ကြည့်မိတယ်…… အော်…..သူတို့လေးတွေပျော်နေကြပါလား…..
အိမ်ရောက်တဲ့အခါမှာတော့…..ကျွန်မရဲ့ထုံးစံအတိုင်းပေါ့….အိမ်ထဲကအိမ်ပြင်မထွက်ရ….သွားအတူ စားအတူ သူငယ်ချင်းဆိုတာလည်း ဘယ်စီရယ်မသိ….ငယ်စဉ်အရွယ်ရောက်ပြီဆိုတည်းမှ ကျောင်း…. ကျောင်းမှအလုပ်နဲ့ နပန်းလုံးနေရတဲ့ကျွန်မ……..အပြင်ဆိုတာ တခါတရံလေးများထွက်မိခဲ့ရင်တောင် အပျော်လွန်ခဲ့ရတဲ့ အဖြစ်ပါလားနော်……
တစ်နေ့တော့ ချစ်သူများနေ့ရဲ့ညနေစောင်းအချိန်လေးမှာ……ကျွန်မရဲ့သူငယ်ချင်းဖြစ်သူရဲ့ ချစ်သူက ချောကလက်ဘူးလေးကို ကဒ်လိုက်လာပို့ပါလေရောလား…..သူကတော့ ပြုံးရွှင်နေလို့ပေါ့….ကျွန်မကတော့ အပြုံးတ၀က်ပဲရခဲ့တာပေါ့…..ဒါနဲ့ပဲ သူငယ်ချင်းက…..နင့်ကိုငါ စားဖို့ပေးမယ်ဆိုပြီး…ချောကလက် နှစ်ခုလောက်ပေးလိုက်တော့….ကျွန်မရင်ထဲမှာပျော်သွားမိတယ်…..ကျွန်မ အဲဒီချောကလက်လေးကို မစားဘဲ သိမ်းထားမိလိုက်တယ်….အိမ်ရောက်တဲ့အခါမှာတော့….ကျွန်မရဲ့အမေက…
“ဟယ်….ငါ့သမီးလေး ထူးထူးဆန်းဆန်းပါလား……ချောကလက်တွေ ဘာတွေနဲ့ဆိုပြီးတောပေါ့….”
“ဟုတ်တယ်လေအမေရဲ့…..အမေ့သမီးက ချစ်သူရှိတယ်ဆိုတော့…ဘယ်ချစ်သူကလာပေးမှာလဲလို့”
“အော်……သမီးလေးရယ်”
ကျွန်မက လူတစ်မျိုးပါလား….ကျွန်မကို အမေက အော်…..ဆိုပြီး သနားတဲ့လေသံလေးနဲ့ပြောလိုက်တော့ ကျွန်မ သိမ်ငယ်သွားမိတယ်……ကျွန်မ ငိုချင်မိတယ်…..ဒါပေမယ့် ကျွန်မရဲ့စိတ်လေးကိုပဲ တည်ငြိမ်စွာနဲ့ ဖြေသိမ့်နေလိုက်ရတော့တာပေါ့……ကျွန်မကို အများတကာတွေက စကြ၊နောက်ကျပါတယ်…. ချစ်သူမရှိဘူးလားပေါ့…ကျွန်မအဖြေခက်ခဲ့ရသည်…..တစ်ကယ်တော့ ကျွန်မမှာ ချစ်သူရှိပါသည်…ကျွန်မက ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် ငယ်စဉ်တည်းက ကံမကောင်းတဲ့သူဆိုတော့ အချစ်စစ်အချစ်မှန်နဲ့ အကြိမ်တိုင်းလွဲခဲ့ရသူပေါ့….
“ချစ်သူများနေ့”ရောက်တိုင်းလည်း မျှော်နေမိခဲ့ပါတယ်…..လက်ဆောင်လေးတစ်ခုများ ဘယ်သူကများ လာပေးမလဲလို့ပေါ့…..ကျွန်မငယ်စဉ်တည်းက အလိုချင်ဆုံးပစ္စည်းလေးတစ်ခုရှိခဲ့ဖူးပါတယ်….. ကျွန်မ အလိုချင်ဆုံးပစ္စည်းလေးကို ဘယ်သူ့စီကမှ မရရှိခဲ့ဘူးပါဘူး…အလိုချင်ဆုံးပစ္စည်းလေးကို ကျွန်မကိုယ်တိုင် ၀ယ်ကိုင်ပိုင်ခွင့်ရှိပေမယ့်….ကျွန်မချစ်တဲ့သူတွေစီက လက်ဆောင်ပေးတယ်ဆိုတဲ့ ပီတိအပျော်လေးကို လိုချင်မိခဲ့လို့ပါပဲ……
တစ်နေ့တော့…..ကျွန်မတစ်ယောက် အိမ်ကနေ ယောင်ခြောက်ဆယ်နဲ့ ဘာရယ်မသိ ခြေဦးတည့်ရာ ထွက်လာခဲ့မိတယ်….ဒီနေ့က Sundayဆိုတော့ ကျွန်မရဲ့အလုပ်ကနေ ခွင့်ယူခဲ့မိတယ်….. ထွက်သာလာခဲ့ရတာ တစ်ယောက်တည်းပေါ့…..ဘယ်သွားရမှန်းမသိဖြစ်နေပြီ….ကျွန်မ တစ်ခုစဉ်းစားမိသွားတယ်….ဒီနေ့….ဒီနေ့က ဖေဖော်ဝါရီလ(၁၄)ရက်နေ့ “ချစ်သူများနေ့”ပေါ့……ဒါပေမယ့် ကျွန်မ ..ခု အိမ်ကထွက်လာခဲ့တာက တစ်ယောက်တည်းလေ……အဲတော့ ကျွန်မတို့မြို့လေးရဲ့ ဆုတောင်းတိုင်းလည်းပြည့်ပြီး တန်ခိုးကြီးထက်မြက်တဲ့ လေးဆူဓါတ်ပျော် “ရွှေဆံတော်ဘုရားကြီး”ကို သွားဖို့ ကျွန်မ ဆုံးဖြတ်လိုက်မိပါတယ်….ဘတ်(စ်)ကားပေါ်မှာလည်း လူတွေက ပြည့်ပြည့်ပါပဲ….သွားကြ လာကြတဲ့သူတွေလည်း အများကြီးပေါ့….ကျွန်မ ကားပေါ်မှာ တစ်ယောက်တည်း….စိတ်တွေကလည်းလှုပ်ရှားရင်း… ဟိုဟိုဒီဒီတွေ တွေးရင်းပင် ရွှေဆံတော်ဘုရားရှေ့ကို ရောက်မှန်းမသိရောက်ခဲ့ပြီ…….
“ဘုရားရှေ့ ပါသေးလား….ဘုရားရှေ့”
ကားစပါယ်ယာအော်လိုက်တော့မှဘဲ….ကျွန်မအတွေးတွေထဲက ရုန်းထွက်လာခဲ့မိသည်….
“အော်….ဟုတ်ကဲ့  …..ပါသေးတယ်ရှင့်”
“ဆင်းအုံးမယ်နော်…..”
ကျွန်မ ကားပေါ်မှ ခက်သွက်သွက်လေးဆင်းလာပြီး……ရွှေဆံတော်ဘုရားရဲ့ အနောက်ဘက်မုဒ် စောင်းတန်းလေးမှ ဓါတ်လှေကားရှိရာသို့လာခဲ့ပြီး……ဟူး….လူတွေကလည်း ပြည့်နေတာပါလား…. အတွဲတွေဆိုတာကလည်း များမှများပဲလို့ ကျွန်မရဲ့နှုတ်ဖျားမှ တီးတိုးရွတ်ဆိုမိလိုက်သည်…ခဏအကြာမှာတော့ ကျွန်မနဲ့အတူ ဘုရားဖူးအဖွဲ့တွေရဲ့ ဘုရားပေါ်တက်ရမယ့် အလှည့်ရောက်လာတော့… ငြိမ်းငြောင်းတဲ့ဓါတ်လှေကားအတွင်းနံရံသို့ ၀င်ပြီး မက်တပ်ရပ်နေလိုက်သည်….. စက္ကန့်အတွင်းမှာဘဲ ကျွန်မ ဘုရားကြီးရဲ့ ရင်ပြင်ပေါ်သို့ ရောက်ရှိခဲ့ပြီ……ကျွန်မရဲ့မွေးနံဖြစ်တဲ့ သောကြာထောင့်ကို လျှောက်လာခဲ့မိသည်…..သောကြာထောင့်ကိုမရောက်ခင် ၀ိုးတ၀ါးကနေ ကျွန်မ တစ်ယောက်ယောက်ကို မြင်လိုက်မိသည်…..ဟုတ်ပါတယ်….ကျွန်မ မျက်လုံးတွေ မမှားနိုင်လောက်ပါဘူး….ကျွန်မ သူ့ကို ကောင်းကောင်းသိပါတယ်…..တဖြည်းဖြည်းနဲ့ သောကြာထောင့်နဲ့ နီးကပ်လာချိန်မှာတော့…..ဘုရားမှာ ရေသပ္ပာယ်နေတဲ့….သူ…..သူ….သူက…
ကျွန်မရဲ့ စိတ်တွေ အံသြခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနဲခြင်းတွေနဲ့အတူ…..သူ….ကျွန်မရဲ့ချစ်သူပါလား…..
ဘုရားရှေ့ရောက်အလာမှာတော့….သူ ကျွန်မကို ပြုံးပြပြီး……
“မင်း… နေကောင်းတယ်နော် နေခြည်”
“ဟုတ်ကဲ့……ရှင်ရော….နေကောင်းရဲ့လား”
“ကိုလည်း ကောင်းပါတယ်…..”
“ရှင်….ဒီကိုပြန်လာတာလား…..”
“ဟုတ်တယ်….နေခြည်…..”
“ဒီနေ့ဟာ…..မင်းအတွက်….ထူးခြားတဲ့နေ့လေးတစ်နေ့ပေါ့….”
“မင်းမျှော်လင့်နေခဲ့တဲ့……ဒီနေ့လေးကို…..ကို ပါရမီဖြည့်ဖို့ ပြန်လာခဲ့တာပါ….”
သူနဲ့ကျွန်မရဲ့ကြားမှာ ဝေးလွင့်နေတဲ့အချိန်ကာလတွေနဲ့အတူ သူစိမ်းမဖြစ်ရုံတမယ်ပင်……အနေတွေဝေးပြီး….. သွေးအေးတဲ့စကားလေးတွေနဲ့ပင်ဆိုသလို နှုတ်ဆက်ခဲ့ကြသည်…..
“ကိုဇေ…ရှင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲဟင်…”
“ဟုတ်တယ်…..နေခြည်…”
“မင်းကို ကိုယ် အမြဲတမ်း ပုံပြင်တွေပြောခဲ့သလိုဖြစ်နေတယ်လေ….”
“မင်းရဲ့ ခံစားချက်တွေကို လျစ်လျူရှုခဲ့သလိုဖြစ်ခဲ့တယ်လေ”
“မင်းရဲ့စိတ်ကို ….ကို နားမလည်ခဲ့ဘူး…..”
“ခုတော့ ကို မင်းရဲ့စိတ်ကို နားလည်သွားခဲ့ပါပြီ နေခြည်ရယ်”
“ကျေးဇူးတင်ပါတယ် ကိုဇေရယ်….”
ဒီလိုနဲ့ ကျွန်မတို့ချစ်သူနှစ်ယောက် ဘုရားကို ဖူးကြရင်း…..ဓါတ်လှေကားနဲ့ ပြန်ဆင်းခဲ့ကြသည်…..ဘုရားရဲ့ခြေတော်ရင်းရောက်တော့…..သူက…
“နေခြည်…….ရှင်”
“ကို အခုလာတာ..မင်းအတွက်….ဒီနေ့လေးမှာ မင်းအလိုချင်ဆုံးလက်ဆောင်ပစ္စည်းလေးကို ပေးဖို့လာခဲ့တာပါ”
“ရှင် တကယ်ပြောတာလား….ကိုဇေ”
“အင်း….”
“မင်းရဲ့ ချစ်သူကဗျာဝဘ်ဆိုဒ်လေးထဲမှာ ကို ၀တ္ထုလေးတစ်ပုဒ်ဖတ်ခဲ့ရတယ်….”
“ရင်ခုန်စေတဲ့ valentine”တဲ့လေ…..
“အဲဒီထဲမှာ မင်းအလိုချင်ဆုံးလက်ဆောင်ပစ္စည်းလေးကို ကို တွေ့လိုက်ရတယ်နေခြည်….”
“ဟင်….”
“နေခြည်လိုချင်တဲ့ပစ္စည်းလေးကို…..ကိုဇေ သိတယ်ပေါ့လေ…..”
“အင်း….ဟုတ်တယ်”
“ကဲ…..လာ လိုက်ခဲ့…..”
သူက ကျွန်မလက်ကလေးကို အသာအယာဆွဲခေါ်ပြီး နှစ်ယောက်သားအပြေးအလွှား ထွက်လာခဲ့ကြသည်……ဘယ်ကိုခေါ်သွားမလဲဆိုတာ…ကျွန်မ ရင်တွေခုန်မိသည်…. ဘာကြောင့်လဲဆိုတော့….. ကျွန်မ တမ်းတရဆုံးပစ္စည်းလေးကို….. သူ တကယ်သိမှသိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ပေါ့…… တဖြည်းဖြည်းနဲ့ဆိုသလို…..သူခေါ်သွားရာနေရာလေးကို….ကျွန်မတို့နှစ်ယောက် ရောက်လာခဲ့ကြသည်……
ဝါး……သိပ်လှတဲ့နေရာလေးပါလား…..အိပ်မက်နန်းတော်အလားပါပဲ…….ရင်ခုန်စရာကောင်းပြီး ….ကျွန်မအတွက်တော့ မမေ့နိုင်တဲ့နေရာလေးပေါ့……လှပတဲ့အပြင်အဆင်…..ဆင်မြန်းထားတဲ့ အရောင်အသွေးစုံလင်တဲ့  နှင်းဆီပန်းရနံ့တွေက ကျွန်မရဲ့စိတ်ကို ကြည်လင်အေးမြစေခဲ့ပါတယ်……
“နေခြည်….”
“ရှင်….”
“ဒီအခမ်းအနားလေးကို……ကိုဇေ ကြိုတင်ပြီး စီစဉ်ခဲ့တာ..”
“ဘယ်လိုလဲ….နေခြည် သဘောကျရဲ့လား”
“အင်း……နေခြည် နှစ်သက်ပါတယ်….”
“ကိုဇေ့ကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ်”
“မလိုပါဘူး နေခြည်ရယ်….”
“နေခြည်နဲ့ ချစ်သူသက်တမ်းတစ်လျှောက်မှာ….နေခြည့်ရဲ့လိုအင်ကိုဖြည့်ဆည်းပေးခဲ့တာ….ဒါပထမဦးဆုံးပဲလေ”
“ဟုတ်တယ်မလား..”
“နောက်တစ်ခုကျန်သေးတယ်…..နေခြည်အလိုချင်ဆုံးပစ္စည်းလေ….”
ကျွန်မ သူ့ကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေမိသည်…. ဘာများပါလိမ့်ပေါ့…..ကျွန်မလိုချင်နှစ်သက်တဲ့ ပစ္စည်းလေးမှ ဟုတ်ပါ့မလားဆိုပြီး…ရင်တွေခုန်နေမိသည်……
“နေခြည်….”
“ရှင်….”
“မျက်လုံးမှိတ်ထားလိုက်နော်….”
“ဟုတ်….”
“ရပြီ….ဖွင့်ကြည့်လိုက်တော့နော် နေခြည်…”
“၀ါး……..လှလိုက်တာ……ကိုဇေရယ်……”
“နေခြည် အရမ်းပျော်တာပဲ သိလား….”
ကျွန်မလေ……မျှော်လင့်ခဲ့ရတဲ့လက်ဆောင်ပစ္စည်းလေးကို ထွေးပွေ့မိရင်း……ကိုဇေရယ်….နေခြည့်အတွက် အကောင်းဆုံးသောပျော်ရွှင်မှုကိုဖန်တီးပေးခဲ့အတွက်….တသက်လုံးအတွက် ကျေးဇူးတင်မိပါတယ်…..ဒီနေ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ဟာ နေခြည်တို့နှစ်ယောက်အတွက် မမေ့နိုင်စရာ ကမ္ဗည်းတင်စရာ နေ့လေးတစ်နေ့ပေါ့နော်…..နောင်နှစ်တွေရဲ့ ဖေဖော်ဝါရီမှာလည်း….ခုလိုပဲ ပျော်ရွှင်ရပါစေလို့…..နေခြည် ဆုတောင်းနေမိပါတယ် ကိုဇေရယ်….
“ဒီနှစ်မှာ ဖေဖော်ဝါရီ
ချစ်သောနေခြည် ပြန်လာပါအုံးမည်
မင်းအတွက် အမှတ်တမဲ့ သူတို့လိုပဲပေးခဲ့
စိတ်မဆိုးနဲ့နော် ချစ်တဲ့သူ
မင်းအတွက် ရင်ခုန်စရာ
ဒီနေရာက စောင့်နေပါလို့
မျှော်စရာမလို ပေါ်လာလို့သာအစဉ်အမြဲ
ရင်ထဲက အချစ်တွေနဲ့
နွှဲလိုက်မယ့် ဖေဖော်ဝါရီမှာ
ကိုယ်အစဉ်သာ အကြင်နာတွေပွေ့ဖက်ကာ
ဒီဖေဖော်ဝါရီ “ချစ်သူများနေ့”မှာ
ကိုပြန်အလာ ရင်ခွင်မှာ မှန်းဆလို့
တမ်းတလို့မျှော်နေပါတော့နေခြည်ရယ်…….”
 “ချစ်သူများအတွက် ဒီဖေဖော်ဝါရီရဲ့ “ချစ်သူများနေ့” Valentine Dayမှာ ကိုယ်စီကိုယ်စီ ရင်ခုန်သံတွေနဲ့အတူ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းရင်း…..”

“ကြိုးစားပါအုံးမည်”
နေခြည်သစ်နွယ်(ပြည်)

No comments: