Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, July 18, 2012

“အဖေတို့သာရှိခဲ့ရင်”

“အဖေတို့သာရှိခဲ့ရင်”
(၂၀၁၂)ရဲ့ …ဇူလိုင်တစ်ဆယ့်ကိုး
နေ့မတိုင်ခင်..မိုးတွေဆွေခဲ့ပြီ
ဒီဇူလိုင်တစ်ဆယ့်ကိုးနေ့
မိုးတွေပင်ရွာစမြဲပင်
အသက်သွေးသည်ပင်
ဇူလိုင်မိုးတွေနဲ့အတူ..မျောပါစေခဲ့ပြီ..။
ယနေ့ထက်တိုင်..မမေ့နိုင်
ခြောက်ဆယ့်ငါးနှစ်တိုင်ခဲ့လေပြီ
ဝမ်းနဲမျက်ရည်…အလံတိုင်
တိုင်တစ်ဝက် မြေစိုက်ထူ
လွမ်းသူ့ရဲ့ ပန်းခွေတွေကြား
စိတ်အားတွေငယ်နေမည်ရောလား..။
အနာဂါတ်အတွက် မှန်းရည်
လှမ်းမျှော်ရည်..ဘယ်ဆီမသိ
အို…အဖေတို့သာရှိခဲ့ရင်
သိပ်ကောင်းမယ် ကြံစည်တွေး
အမှန်မြင်ရေး…လေးဆယ့်ခုနစ်
တစ်ဆယ့်ကိုးဇူလိုင်…ယနေ့ထက်တိုင်ပင်
မမေ့နိုင်ပါသည်….။
အဖေတို့ရဲ့ ဘုန်းတန်ခိုး
ကောင်းကင်တခွင်..ကြယ်ရောင်စင်
ထွန်းတောက်ပြောင်သည့် ဤရာဇ၀င်
သမိုင်းတွင်မော်ကွန်းရေး..ရေးထိုးခဲ့အစဉ်
ရုပ်ကလပ်တော်ရဲ့..ပုံတော်
ခြေတော်မှာ ဦးခိုက်ပါလ
ရင်နင့်စရာအဖြစ်ဆိုးက
ငိုဘို့အတွက်…တို့တတွေမဟုတ်
အဖေချစ်သော တိုင်းပြည်
အဖေမှာသော စကားဆီ
ဦးတည်ကာ အရောင်ပြောင်း
နောင်မဟောင်းမမေ့တဲ့…အနာဂါတ်ဆီ
တို့တတွေ..ချီတက်မည်….
ယခုချိန်သာ…အဖေရှိခဲ့ရင်
တမ်းတရင်း…လွမ်းမဆွေး
အလှမ်းမဝေးခဲ့..ပန်းတိုင်ဆီ
လျှောက်ကြမည်..မောင်တို့မယ်တို့သည်
ဒီဇူလိုင်တစ်ဆယ့်ကိုးတွင်
ကတိသစ္စာတည်.. အဓိဋ္ဌာန်တို့မှန်းရည်…။


နေခြည်သစ်နွယ်(ပြည်)

“ ဗိုလ်ချုပ်ရွတ်ဆိုနေကျ ကဗျာလေးပါ ”

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of Circumstance
I have not winced nor cried aloud.
Under the bludgeons of Chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
မြန်မာဘာသာဖြင့် အကျဉ်းဖော်ပြရသော်…
အမှောင်ထုသည် မြောက်ဝန်ရိုးစွန်းမှသည် တောင်ဝန်ရိုးစွန်းထိ ပိန်းမှောင်ဖုံးလျက်ရှိသည်။
ငါ၏ဦးခေါင်းတို့သည် ဒဏ်ရာဒဏ်ချက်တို့ဖြင့် သွေးချင်းချင်းနီလျက်ရှိ၏။
ငါ၏စိတ်ဝယ်မဖြုံပါ။
အနိုင်မခံ အရှုံးမပေးသောစိတ်ဓာတ်ကို ငါ၏ခန္ဓာကိုယ်အတွင်း ထည့်သွင်းပေးသော
မြတ်စွာဘုရားအားကျေးဇူးတင်ပါသည်။


ကိုးကား- မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်း
- ရဲဘော်ဖခင်မှတ်တမ်း
- Internet မှမှတ်တမ်းဓာတ်ပုံများ


“ခေတ်မှီတယ်ဆိုတာ…ဒါတွေလား”


ကျွန်မစိတ်တွေ ဒီနေ့ လန်းဆန်းနေခဲ့ပါတယ်၊ အလုပ်ခွင်ထဲရောက်ရင် ကွန့်မန့်လေးတွေ၊ မှတ်ချက်လေးတွေ ကြည့်ဖြစ်ခဲ့တာ ကျွန်မအတွက် ပီတိတစ်ခုပါပဲ၊ ၀ဘ်ဆိုဒ်တွေကိုကြည့်ရှုရင်း ဂျီတော့အကောင့်လေးကို တစ်နေကုန်ဆိုသလို ဖွင့်ထားတတ်တာလည်း အကျင့်တစ်ခုပါပဲ။
စာဖတ်သူတွေတော့ ဘယ်လိုထင်ကြမလဲမသိပါဘူး။ ကျွန်မကတော့ အွန်လိုင်းဆိုတာ ကျောင်းသား၊ လုပ်ငန်းလုပ်သူ၊ စီးပွားရေးလုပ်သူ၊ မိသားစုဝင်တွေ၊ အင်တာနက်နှင့်သက်ဆိုင်သမျှလူတွေ စသည်ဖြင့် သုံးစွဲနေကြခြင်းပင်ဖြစ်ပါသည်။
ကျောင်းသူ/သားတွေကတော့ ကျောင်းအားတဲ့အချိန်မျိုးတွေမှာ chattingထိုင်တတ်ကြသည်မဟုတ်ပါလား၊ အလုပ်ထဲတွင် အလုပ်တစ်ဖက်ဖြင့်  ရင်းနှီးသောမိတ်ဆွေ၊ သူငယ်ချင်းများနှင့် ဆက်သွယ်ပြောဆိုရန်သာ အကောင့်များကို ဖွင့်ထားခြင်းဖြစ်သည်။ မိသားစုဝင်တွေ၊ စီးပွားရေးလုပ်သူတွေအနေဖြင့်လည်း သူတို့၏ မိသားစု၊ စီးပွားဖက်သူငယ်ချင်းများနှင့် ပြောဆိုဆက်ဆံရန်အတွက်သာ အသုံးပြုခြင်းဖြစ်ပါသည်။
အခြေအနေအားလုံးကို နားမလည်သော ခေတ်လူငယ်တစ်ဦး၏ ပြောဆိုလိုက်သောစကားများမှ ကျွန်မ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်လေးတစ်ခုကို ကောက်နုတ်ဖော်ပြချင်ပါသည်။