အိပ်မက်တွေက နိုးတဲ့အခါ
လှပတဲ့ နံနက်ခင်းကို တမ်းတတယ်။
လွမ်းရပေမယ့်…
နွမ်းလျတဲ့စိတ်တွေကတော့
အကြိမ်ကြိမ်အဖန်ဖန်။
ဖြစ်ချင်ခဲ့တာ အလှတရား
သဘာဝမကျတဲ့ အဖြစ်တွေက
မနှစ်ကလိုပါပဲ။
အနားမှာ အချစ်ရှိတဲ့အခါ
ပျော်နေနိုင်တယ်ထင်ရပေမယ့်
ကျွမ်းနေတဲ့ ဝေဒနာကိုတော့
အချစ်က မကုစားနိုင်။