Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, September 1, 2012

အလွမ်းအိပ်မက်ရဲ့ ရင်ခုန်သံ (ဇာတ်သိမ်းပိုင်း)

ဇာတ်သိမ်းပိုင်းကို မဖတ်ခင် အပိုင်း(၁)ကို ဖတ်ရှုကြည့်ပါနော် 


”အလွမ်းအိပ်မက်ရဲ့ရင်ခုန်သံ” (ဇာတ်သိမ်းပိုင်း)
“မောင်ရေ..ပုလဲတို့ရှေ့ရေး ဘယ်လိုတွေးထားလဲဟင်..ပုလဲကတော့ မောင်နဲ့ အမြန်ဆုံးနီးချင်တယ်မောင်ရယ်”
“မောင်လည်း နီးချင်တာပေါ့ ပုလဲရယ်..ဒါပေမယ့် တသက်တာပျော်ရွှင်ဘို့အရေးကို မောင်တို့ ခဏတော့ ဝေးရ အုံးမှာပေါ့ ပုလဲရယ်..မဟုတ်ဘူးလား”
မောင့်ရဲ့ ပြောနေကျ လက်သုံးစကားတွေကို ပုလဲရင်ထဲမှ လွန်ဆန်ချင်မိခဲ့သည်၊ ပုလဲဖြစ်ချင်သည်က ဆင်းရဲခြင်းတွေ၊ ချမ်းသာခြင်းတွေကို နှစ်ယောက်အတူမျှဝေဘို့ပါ၊ မောင့်ရဲ့စိတ်ကို နားမလည်ခဲ့တဲ့ ပုလဲရဲ့ အပြစ်ဆိုရမလား၊ ဒါမှမဟုတ် ပုလဲရဲ့စိတ်ကိုပဲ မောင်ကမသိတာလားကွယ်..။
ခုဆို မောင်နဲ့ပုလဲဝေးနေခဲ့တာ နှစ်တွေတောင်ကြာနေခဲ့ပြီပဲ၊ လွမ်းတယ်မောင်ရယ်..မောင့်ကို ပုလဲ ခုချိန်ထိ စောင့်မျှော်နေဆဲပါကွယ်..အကြောင်းပြချက်မရှိ အဝေးဆုံးကိုထွက်သွားခဲ့တဲ့ မောင့်ကို ပုလဲ ချစ်နေဆဲပါနော်။ ပုလဲရဲ့ အချစ်တွေကို နားလည်တယ်..သိနေတယ်..ချစ်နေခဲ့သေးတယ်ဆိုရင်..ပုလဲရဲ့အနားကို ပြန်လာပေးပါ နော်၊ မောင်လည်း..ပုလဲလိုပဲ လွမ်းနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်နော်၊ ရင်ထဲမှ သိုဝှက်ထားတဲ့ အလွမ်း တွေကို သိမ်းဆည်းရင်းဖြင့် ပုလဲတစ်ယောက် အတွေးတွေဖြင့် လူးလွန့်နေခိုက်တွင်….

“ အလွမ်းအိပ်မက်ရဲ့ ရင်ခုန်သံ”

မောင်ရေ ရာသီတွေက ပြောင်းလဲကုန်ပြီနော်၊ မောင်ရော ခုချိန် ဘာတွေများလုပ်နေမလဲဟင်၊ နေရောကောင်းရဲ့လားလို့ တွေးနေမိတယ်၊ နေ့ရက်တိုင်းမှာ သတိရနေခွင့်လေးတော့ ရှိမယ်ထင်ပါတယ်နော်၊ ပုလဲလေ ခုချိန်ထိအောင် မောင့်ကိုလွမ်းနေဆဲပါလေ…
မောင်နဲ့အတူတူ လျှောက်လည်ခဲ့ဘူးတဲ့ အမှတ်တရနေရာလေးတွေက ခုဆိုရင် ခြောက်သွေစွာနဲ့ အထီးကျန် ဆန်နေခဲ့ပါပြီ၊ အလွမ်းတွေနဲ့အတူ ရှင်သန်နေထိုင်ခဲ့ရတဲ့ အချိန်ကာလတွေက ဟိုးတုန်းကအချိန်တွေလိုပါပဲလား မောင်ရယ်…မောင့်ကိုပဲ ပုလဲက နားမလည်နိုင်ခဲ့တာလား၊ ဒါမှမဟုတ် မောင်ကပဲ ပုလဲကို နားမလည်နိုင်တာ လားဟင်….
ပုလဲတို့ မိန်းမသားတွေဘ၀ဟာ မောင်တို့ယောက်ျားတွေက ရင်ဖွင့်မှ တုန့်ပြန်တတ်ရမယ့် သဘာဝတွေမို့..အဲ့ဒီ သဘာဝဆိုတာတွေကို မလွန်ဆန်နိုင်အောင်ပါပဲလားမောင်ရယ်…ခုတော့လည်းလေ…..
မောင်..ပုလဲကို စပြီးချစ်ရေးဆိုတဲ့နေ့လေးကို မှတ်မိနေပါသေးတယ်၊ အဲဒီနေ့လေးက မိုးတွေအရမ်းရွာတဲ့ မိုးရာသီကုန်ဆုံးချိန်လေးပေါ့၊ မိုးတွေက ဖွဲဖွဲဆိုပေမယ့်..မောင်က ထီးမပါတော့ မိုးရေတွေစိုရွှဲနေတဲ့မောင့်ကို ပုလဲမျက်လုံးထဲမှာ ခုထိအောင် မှတ်မိနေခဲ့ပါသေးတယ်။
“မောင်”ဆိုသည်က ပုလဲသိပ်ချစ်ခဲ့ရတဲ့ နှောင်းသက်ပိုင်ဆိုတဲ့ ကောင်လေးပေါ့၊ မောင်နဲ့စတွေ့စဉ်အချိန်က ပုလဲက တက္ကသိုလ်ကကျောင်းပြီးချိန်၊ “မောင်”ကတော့ တတိယနှစ်(စီးပွားရေး)တက်နေတာပေါ့၊ ဒါပေမယ့် အဲ့ဒီအကြောင်းတွေကို မောင်နဲ့ချစ်ပြီးလို့ တစ်နှစ်လောက်အကြာမှ သိခွင့်ရခဲ့တာပါ။
မောင်က ပုလဲစာသင်တဲ့သင်တန်းကျောင်းလေးကို အလုပ်မရှိမလုပ်ရှာလာတတ်ပါတယ်၊ ပုလဲတို့သင်တန်းမှာ ကွန်ပျူတာအပိုပစ္စည်းလေးတွေလည်းရောင်းချတတ်တာသိတဲ့“မောင်”က ပစ္စည်းဝယ်တာကနည်းနည်း၊ ပုလဲကို ပိုးချင်တာကများများဆိုတော့….အဲဒီနေ့လေးကပေါ့..
“သမီးရေ…ပုလဲ..”
“ရှင်…ဦး”