Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Monday, June 4, 2012

“မချောကငါးယောက် ကိုရင်ကျော်တို့ကနှစ်ယောက်”

“မချောကငါးယောက် ကိုရင်ကျော်တို့ကနှစ်ယောက်”


“ဒီဇာတ်လမ်းလေဟာဆိုရင် အဝေးတစ်နေရာမှ ပြန်လာတော့မယ့်
နေခြည်တို့ရဲ့အချစ်တော် “မမေသဇင်(ခ) မမေ” ကို
နေခြည်တို့နဲ့အတူ “ကိုရင်ကျော်” ဦးဆောင်ပြီး သူငယ်ချင်းများအားလုံးက သရုပ်ဆောင်ပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ
နေခြည်တို့ရဲ့ အချစ်တော် မမေတစ်ယောက် ပြန်လာမယ့်လမ်းခရီးမှာ
သာယာဖြောင့်ဖြူးစွာနဲ့ ရောက်ရှိလာနိုင်ပါစေလို့ နေခြည်တို့သူငယ်ချင်းများအားလုံးက ဆုတောင်းရင်း နွေးထွေးစွာနဲ့ကြိုဆိုနေပါတယ်
အွန်လိုင်းပေါ်မှာ ဘယ်သူရယ်လို့ မဆုံတွေ့ခဲ့ကြပေမယ့်
အရမ်းကိုပဲချစ်ကြတဲ့ နေခြည်တို့မောင်နှမငါးယောက်လုံးက ဒီနေရာနေ ကြိုဆိုလိုက်ပါရစေနော်
ဒီဇာတ်လမ်းလေးကို ဖန်တီးပေးထားတဲ့ စီစဉ်သူ “ကိုရင်ကျော်”ကိုလည်း ဒီနေရာကနေ နေခြည်က ကျေးဇူးအထူးတင်ရှိပါကြောင်းဖြင့်
ဒီဇာတ်လမ်းလေးကို အွန်လိုင်းမောင်နှမများ ရယ်မောရင်းအပန်းပြေအောင် နေခြည်က ထပ်ဆင့်ပြီး မျှဝေပေးလိုက်ပါရစေရှင်။
“ရွှေမြို့တော်မှာ ဖတ်ရှုအားပေးကြမယ်ဆိုရင်ဖြင့်”
“မချောက ငါးယောက် ကိုရင်ကျော်တို့က နှစ်ယောက်”
           Vs               

ဒီဇင်ဘာလ(၁၁)ရက်နေ့


“၀ုန်း”
“အား”
ပခုံးပေါ်ထမ်းလားသော မထသမင်းသားကို ဖမ်းခေါ်လာသူက ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သော အသံ နှင့် မထသမင်းသား၏ နာကျင်စွာအော်သံသည် ဆက်တိုက်ထွက်ပေါ်လာသည်။

မထသကို ထမ်းခေါ်လာသူသည် မျက်နှာကို အ၀တ်နက်အုပ်ထားပြီး ခပ်တောင့်တောင့် ဖြောင့်ဖြောင့် အမျိုးသမီးပုံစံဖြစ်သည်။
မထသကို တုတ်ထားသောကြိုးများကို ဖြေပေးလိုက်သည်။
“ဒီအထဲမှာ ကောင်းကောင်းနေ၊ ထွက်ပြေးဖို့ မကြံနဲ့၊ အပြင်မှာ အစောင့်တွေအများကြီးချထားတယ်၊ ဟိုမှာ တစ်ယောက် မေ့နေသေးတယ်”
မထသဘာမှပြန်မပြောခင်မှာပင် ပြန်ထွက်သွားသူကို ငေးကြည့်နေမိသည်။ ထို့နောက် မထသသည် အခန်းတွင်းသို့ ဝေ့၀ိုက်ကြည့်လိုက်သည်။ အခန်းထောင့်တွင် ခွေခွေလေးသတိမေ့နေသူကို မြင်တွေ့ လိုက်ရသည်။ ထိုသူအနားကိုတိုးသွားလိုက်သည်။ လက်ကိုလှုပ်ကြည့်သည်။ မလှုပ်။ ခေါင်းကို လှည့်လိုက်ပြီး မျက်နှာကိုကြည့်လိုက်သည်။ တခါမှမမြင်ဘူးသောသူဖြစ်နေသည်။
အနီးအနားကို သေသေချာချာပြန်ကြည့်လိုက်သည်။ ရေသန့်ဗူးတစ်ဗူးကို တွေ့လိုက်ရသဖြင့် အဖုံးဖွင့်လိုက်သည်။ သတိမေ့နေသူ၏ မျက်နှာကို လောင်းချလိုက်သည်။ ထိုသူသည် အေးစက်သော အတွေ့အထိကြောင့် သတိရလာပြီး ပြူးတူးကြောင်တောင်ဖြစ်နေသည်။
အနားတွင် ရေသန့်ပုလင်းကိုကိုင်ထားသော မထသကိုတွေ့လိုက်သဖြင့် ကမန်းကတန်းထပြီး တအားဖက်လိုက်သည်။
“ကြောက်တယ်…ကြောက်တယ်”
“ဟေ့လူ…လွှတ်ပါဗျ”
“ကြောက်တယ်ဗျာ”
“လွှတ်စမ်းပါဗျာ…ကျနော်လဲ ခင်ဗျားလို အဖမ်းခံထားရတာပါ”
ထိုသူက မထသကို လွှတ်ပေးလိုက်သည်။ ပြီးနောက် မျက်နှာကို သေသေချာချာကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
“ခင်ဗျား..ဘယ်သူလဲ”
“ကျနော်က မထသမင်းသားပါ”
“ဟာ…မင်းသား…တွေ့ချင်နေတာ အတော်ပဲဗျာ…ကျနော်က ကိုရင်ကျော်ပါ”
“ကွင်ကျော်ပါလား…ဘယ်လိုဖြစ်တာလဲ…ကျနော်တို့နှစ်ယောက်ကို ဖမ်းပြီးအခန်းထဲထည့်ထားတာ ဘာရည်ရွယ်ချက်လဲမသိဘူး”
“ကျနော်မှတ်မိသလောက် မနေ့ညက အင်တာနက်ကို စိတ်ဝင်တစားကြည့်နေတုန်း မျက်နှာဖုံးစွပ်ထားပြီး သေနတ်ကိုင် ထားတဲ့လူတစ်ယောက်က သေနတ်ပြပြီး ဖမ်းခေါ်လာတာ”
“သြော်…ဟုတ်လား”
“ကျနော်ကလဲ သတ္တိကလည်း ခေတဲ့သူမဟုတ်ပါဘူး၊ လက်ထဲက သေနတ်ကို ကြောက်လို့သာ ခေါ်တဲ့နေရာကို အသာတကြည်လိုက်လာတာ”
“သြော်..ဟုတ်လား…ဒါနဲ့ ဘာ့ကြောင့်ခင်ဗျားက သတိမေ့နေရတာလဲ”
“ကျနော့်ကို ဒီအခန်းထဲခေါ်လာပြီး အေးအေးဆေးဆေးနေဖို့ပြောတယ်၊ ခုံတစ်ခုံမှာ ထိုင်ခိုင်းထားတယ်၊ မဏကြာတော့ ခါးမှာ သေနတ်တွေ ချိတ်ထားတဲ့ အမျိုးသမီး လေးယောက် ထပ်ရောက်လာတယ်၊ စောစောက ကျနော့်ကို သေနတ်ပြပြီး ခေါ်လာတဲ့အမျိုးသမီးက မျက်နှာဖုံးကို ဖယ်လိုက်တော့ တော်တော်ချောတဲ့ အမျိုးသမီးဗျ”
“အရေးထဲ ခင်ဗျားကလည်း နှာထနေသေးတယ်”
“ချောလို့ချောတယ်ပြောတာပဲဗျ”
“ဆက်ပြောပါဦး”
xxxxx

“ဒီမယ်…ကိုရင်ကျော်”
“ရှင်..နဲနဲမှ လှုပ်လှုပ်ရှားရှားမလုပ်နဲ့နော်”
“ဟုတ်”
“ဒီမှာတွေ့လား…ကျမတို့ အဖွဲ့သားတွေ လက်နက်ကိုယ်စီနဲ့ ရှင့်ကိုစောင့်ကြည့်နေတယ်”
“ဟုတ်ကဲ့”
“ကျမကို မှတ်ထား…နှင်းဝေေ၀တဲ့…ရှင့်ကို ဖမ်းခေါ်လာတဲ့သူ”
“သြော်…ချစ်သူမြို့တော်မှာ နှုတ်ခမ်းစူစူလေးနဲ့ ကောင်မလေးလား”
“ကောင်မလေးမဟုတ်ဘူး”
“ဒါဖြင့်…ကောင်မကြီးလား”
“ရှင်နော်….စကားသိပ်မများနဲ့၊ သူတို့နဲ့မိတ်ဆက်ပေးမယ်”
“ပြန်ပေးဆွဲထားပြီး၊ ပြန်ပေးဂိုဏ်းဝင်တွေနဲ့ မိတ်ဆက်ပေးတယ်ဆိုတာအခုမှ ကြားဖူးတယ်”
“စကားမများနဲ့လို့ပြောထားတယ်နော်၊ ဒီမှာတွေ့လား”
နှင်းဝေေ၀က ခါးတွင်ချိတ်ထားသော သေနတ်ကို ပုတ်ပြသည်။
“ဒီဘက်က ၀၀လှလှက မှုံနံ့သာဖြူ၊ ဟိုဘက်က ငယ်ငယ်ချောချောက သဇင်လေး”
“ပြန်ပေးသမားတွေက ချစ်သူမြို့တော်ကချည်းပါလား”
“ပါးစပ်ပိတ်ထားနော်”
“ဟုတ်”
“ဒီဘက်က ပြုံးပြုံးလေးနဲ့က နေခြည်၊ ပါးကွက်ကြားနဲ့က ရှင်းသန့်မေ”
“နေပါဦးဗျ…ကျနော့ကို ဘာ့ကြောင့်အခုလိုဖမ်းခေါ်လာတာလဲ”
“ဘာမှ မမေးနဲ့လို့ပြောထားတယ်နော်…လက်နဲ့စကားမပြောဘူး၊ သေနတ်နဲ့စကားပြောလိုက်မယ်”
“ကြောက်ပါတယ်…သေနတ်ကိုကြောက်ပါတယ်”
“သဇင်လေး…သူ့ကို မေးချင်တာမေး ရီးတီးယားတားလုပ်ရင် မညှာနဲ့”
နှင်းဝေေ၀က သဇင်လေးကို အမိန့်ပေးလိုက်သည်။
သဇင်လေးက ကိုရင်ကျော်ထိုင်နေသည့် ခုံနားကို တိုးကပ်လာပြီး တိုးတိုးလေးပြောလိုက်သည်။
“ကျော်ကြီး…အလိုက်အထိုက်ဆက်ဆံ…သဇင်လေးအခြေအနေကြည့်ပြီး လွှတ်ပေးမယ်”
“တိုးတိုးပြောမနေနဲ့…အားလုံးကြားအောင်မေး..သဇင်လေး”
“ဟုတ်…မမနှင်း”
“မေး”
“ဒီမှာကွင်ကျော်…ရှင်အမှန်အတိုင်းဖြေ”
“ဟုတ်….ဖြေပါ့မယ်”
“မမေ…မေသဇင် နဲ့ ချက်တင်လုပ်တယ်မဟုတ်လား”
“ဟုတ်လုပ်ပါတယ်၊ စကေားပြောသိပ်ကောင်းတာပဲ၊ ရီစရာလဲပြောတတ်တယ်”
“မေးတာကိုပဲဖြေစမ်းပါ၊ ဒါ..အင်တာဗျူးလုပ်နေတာမဟုတ်ဘူး”
“သူ…မြန်မာနိုင်ငံကို ခဏပြန်လာမယ်ဆိုတာ သိတယ်မဟုတ်လား”
“ဟုတ်သိပါတယ်”
“သဇင်လေး…ဒီလောက်သိရရင်တော်ပီ၊ မှုံနံ့သာဖြူ…ဆက်မေး”
မှုံနံ့သာဖြူက လှုပ်လီလှုပ်လဲ့ဖြင့် ကိုရင်ကျော်နားကို တိုးကပ်လာသည်။ ရေမွှေးတွေတအား ဆွတ်ထားသဖြင့် ကိုရင်ကျော် အနံမခံနိုင်ပဲ မူးနောက်သွားသည်။
“ဒီမှာ…မောင်လေး”
“ဟေ့…မှုံ…မောင်လေးတွေ…မောင်ကြီးတွေလုပ်မနေနဲ့…ခေါင်းဆောင်ကြီး မေးခိုင်းတာထာ ဆက်မေး”
နှင်းဝေေ၀ ကလှမ်းပြောလိုက်သည်။
“ဒီမယ်…ကိုရင်ကျော်…ရန်ကုန်သွားမယ်ဆိုတာဟုတ်သလား”
“ဟုတ်ပါတယ်…အလုပ်ကိစ္စနဲ့သွားမှာပါ”
“ဟုတ်သလား…မဟုတ်ဘူးလားမေးတာ အပိုတွေမဖြေနဲ့”
“ဘယ်နေ့လဲ”
“၁၃ ရက်နေ့”
“ဟေ့…မှုံ…ဒီလောက်သိရရင်..တော်ပြီ..ဆက်မေးမနေနဲ့တော့”
နှင်းဝေေ၀က အမိန့်ပေးလိုက်သည်။
“မမရယ်…ကျနော့်ကို ကယ်ပါအုံး”
ကိုရင်ကျော်က အားကိုးတစ်ကြီးဖြင့် မှုံနံ့သာဖြူ၏ လက်ကို လှမ်းဆွဲပြီးပြောလိုက်သည်။
“ဒုတ်…ဒုတ်”
“အား”
လက်သွက်လှသော နေခြည်က ကိုရင်ကျော်၏ခေါင်းကို သေနတ်ဒင်ဖြင့် နှစ်ချက်ဆင့် ရိုက်ချလိုက်ရာ ကိုရင်ကျော်သည် လောကကြီးနှင့် အဆက်ပြတ်သွားလေသည်။
xxxxx

“ဒါပါပဲဗျာ…ကျနော်တို့ကို ဘာကိစ္စအခုလိုဖမ်းခေါ်လာလဲမသိဘူး”
“အေးဗျာ…ကျနော်လဲ…အိမ်သာထဲသွားပြီး ပြန်အထွက်မှာ နောက်ကနေ ဆော်ထည့်လိုက်လို့ မူးလဲသွားတာ”
“တရှပ်ရှပ်နဲ့ ခြေသံကြားတယ်”
ကိုရင်ကျော်က မထသမင်းသားကို တိုးတိုးလေးပြောလိုက်သည်။
“ဟိုဟာမတွေလာနေပြီ…အသာနေ”
မထသမင်းသားက ပြန်ပြောသည်။
တံခါးဖွင့်သံကြားလိုက်သည်။ တံတားပွင့်လာပြီး မချော ငါးယောက်ဝင်လာသည်။ အသင့်အနေအထားဖြင့် ကိုရင်ကျော်တို့ကို ၀ိုင်းထားလိုက်ကြသည်။
“ဆာနေကြပြီလား”
“ဘာမှ မကျွေးပဲထားတာ ဆာတာပေါ့”
“သဇင်လေး…ခေါက်ဆွဲကြော်တွေ ကျွေးလိုက်…မှုံနံ့သာဖြူက…ရေသန့်ဗူးတွေ ဖောက်ပေးလိုက်”
“နေပါဦး…ကျနော်တို့ကို ဘာကိစ္စဖမ်းထားတာလဲ၊ ပြန်ပေးဆွဲတယ်ဆိုလဲ ကျနော်တို့ကို ရွေးမယ့်သူ ဘယ်သူမှမရှိဘူး”
ကိုရင်ကျော်က မရဲတရဲ့အကဲစမ်းပြီးပြောလိုက်သည်။
“ဒါက ခေါင်းဆောင်ကြီး အမိန့်အတိုင်းလုပ်ရတာ၊ ကျမတို့လဲ ဘာမှမသိဘူး”
နှင်းဝေေ၀က ပြောသည်။ သဇင်လေးနှင့် မှုံနံ့သာဖြူက နှင်းဝေေ၀၏အမိန့်အတိုင်း ခေါက်ဆွဲပြင်သူက ပြင်၊ ရေသန့်ဖောက်ပြီး ဖန်ခွက်ထဲထည့်ပေးသူကထည့်ပေးသည်။
ကိုရင်ကျော် နှင့် မထသမင်းသားက ခေါက်ဆွဲကြော်ကို အားရပါးရ အငမ်းမရ စားကြသည်။ ပြီးလျှင် ရေသောက်ကြသည်။
“ဒီမှာ တစ်ရှူး၊ စားလိုက်တာလဲ ခွေးစားဝက်စား၊ ငတ်နေတာကြာပြီထင်တယ်၊ ပါးစပ်သုတ်လိုက်ကြဦး”
နေခြည်က တစ်ရှူးလာပေးသည်ကို ယူသုတ်လိုက်ကြသည်။
“စားလို့ ၀ပြီလား”
“ဟုတ်ကဲ့”
“ရှင်းသန့်မေ”
“ဟုတ်…မမနှင်း”
“မထသကို စစ်”
“ဘာစစ်ရမှာလဲ လူပျိုစစ်…မစစ်စစ်ရမှာလား”
“ရှင်းနော်…နောက်မနေနဲ့…”
“ဟုတ်”
ရှင်းသန့်မေက မထသမင်းသားနားကို တိုးကပ်သွားသည်။ မထသမှာ မနေတတ်မထိုင်တတ်ဖြစ် နေသည်။ မထသမင်းသားကို လှည့်ပတ်ကြည့်သည်။
“နံမည်က မင်းသားတဲ့…ရုပ်ကအာနိုးနဲ့တူတယ်”
“ဟေ့…ရှင်း…..မလိုတာတွေ ပြောမနေနဲ့”
“ဒီမယ်…”
ရှင်းသန့်မေက လေသံမာမာနှင့်မေးလိုက်သည်။
“ဟုတ်ကဲ့ပါခင်ဗျာ”
မထသမင်းသားက ကြောက်ကြောက်ရွံ့ရွံ့နှင့်ဖြေသည်။
“ရှင်…Gtalk message box မှာ ပဒိုင်းသီးစားချင်တယ်ဆိုပြီးရေးတားတယ်ဆို”
“ဟုတ်…ဟုတ်ပါတယ်ခင်ဗျာ”
“ရှင့်…အချစ်ကို မေသဇင်က လက်မခံလို့ မဟုတ်လား”
“မဟုတ်ရပါဘူးဗျာ၊ အလုပ်များပြီး ရူးချင်လာလို့ပါခင်ဗျာ”
“ဟေ့..ရှင်း..ဒါလောက်သိရရင်တော်ပြီ၊ ဆက်မမေးနဲ့တော့”
“ဟုတ်ကဲ့…မမနှင်း”
“နေခြည်”
“ဟုတ်ကဲ့မမ”
“ညည်းက ရှေ့နေပီပီ…မေးစရာရှိတာသူကိုမေးစမ်း”
နေခြည်က ဘာမှ မပြောဘဲ မထသမင်းသားနား တိုးကပ်သွားပြီး တိုးတိုးလေးပြောလိုက်သည်။
“အစ်ကို ကဗျာရေးတဲ့သူအချင်းချင်း ညှာညှာတာတာဆက်ဆံမှာနော်..ယဉ်ယဉ်ကျေးကျေးဖြေပေးပါ”
မထသဘာမှ မပြောနိုင် အသာခေါင်းညိတ်ပြလိုက်သည်။
“မြန်မာပြည်ကို ပြန်ဖို့အစီအစဉ်လုပ်နေတယ်ဆို”
“ဟုတ်ကဲ့ပါခင်ဗျာ”
“ဘာကိစ္စပြန်မှာလဲ”
“အမေ့ကို လွမ်းလို့ပါ”
“တကယ်ပြောတာနော်”
“တကယ်ပြောတာပါ….တကယ်ပြောတာပါ”
မထသမင်းသားက သီချင်းဆိုသလိုလုပ်ပြောနေသည်။
“သြော်…အဖမ်းခံထားရတာတောင် သီချင်းဆိုနိုင်သေးတယ်”
“နေခြည်…ဒါလောက်ဆိုတော်ပြီ…အပိုတွေပြောမနေနဲ့”
“ဟုတ်ကဲ့..မမနှင်း”
“ဒီမယ်…ရှင်တို့နှစ်ယောက်….နားထောင်…ခေါင်းဆောင်ကြီး…အမိန့်မရမချင်း…ဒီမှာပဲ..ရှင်တို့ကို ထိန်းထားမယ်၊ ကောင်းကောင်းကျွေးထားမယ်၊ အင်တာနက်အသုံးပြုခွင့်ပေးထားမယ်၊ ဒါပေမယ့် ဒီအခန်းထဲက နေထွက်ပြေးမယ်လို့တော့ စိတ်မကူးနဲ့”
“ဟုတ်ကဲ့ပါခင်ဗျာ”
“သဇင်လေးနဲ့မှုံနံ့သာဖြစ်ကတစ်တွဲ၊ နေခြည်နဲ့ရှင်းသန့်မေကတစ်တွဲ အလှည့်ကျကင်းစောင့်ရမယ်၊ ကိုရင်ကျော်ကို သတိထား၊ သူက ဥာဏ်နီဥာဏ်နက်များတယ်၊ ထွက်ပြေးမယ်ကြံရင် အပြတ်ရှင်းပစ်လိုက်”
“ဟုတ်ကဲ့”
နှင်းဝေေ၀၏ အမိန့်ကို သဇင်လေး၊ မှုံနံ့သာဖြူ၊ နေခြည်နှင့် ရှင်းသန့်မေတို့က တစ်ပြိုင်တည်း ဖြေကြားပြီး အခန်းထဲမှ ထွက်သွားကြသည်။
xxxxx

“ဒီမှာကွင်ကျော်”
“ပြောလေမင်းသား”
“ဘာကိစ္စနဲ့ ကျနော်တို့ကို ဖမ်းထားတာလဲမသိဘူးဗျ”
“ဟုတ်တယ်…ကျွန်တော်လည်း စဉ်းစားလို့မရဘူး၊ နောက်ပြီး သူတို့က လက်နက်တွေနဲ့ဆိုတော့ ရုပ်ကလေးတွေ ချစ်စရာကောင်းသလောက် ကြောက်စရာကြီးဖြစ်နေတယ်”
“အင်းဗျာ…သေနတ်တွေသာကိုင်မထားရင်”
“မင်းက ဘာလုပ်မှာလဲ”
“တစ်ယောက်ပြီးတစ်ယောက်”
“ဟေ့ကောင်…မင်းမယုတ်မာနဲ့နော်”
“တစ်လှည့်စီ အလှကြည့်နေချင်တာဗျ”
“မင်းကတော့ ဇာတိရုပ်ပေါ်ပြီ”
“ကျနော်တို့ကို သတ်ပစ်မလားမသိဘူးဗျ”
“သတ်တော့မသတ်လောက်ပါဘူး”
“သူတို့ပြောနေတာကြားတယ်…ခေါင်းဆောင်ကြီးဆီက ညွှန်ကြားချက်စောင့်မယ်တဲ့”
“ဟုတ်တယ်…ဘယ်လောက်အထိ စောင်ရမလဲမသိဘူး”
“ဟုတ်တယ်…ကျနော်တို့တော့ ဒီအခန်းထဲမှာ အင်တာနက်ကြည့်ပြီး အချိန်ဖြုန်းတော့မယ်၊ စိတ်ကူးရရင်တော့ ဘလော့ရေးမယ်ဗျာ”
“အိပ်ချင်တယ်ဗျာ…အိပ်လိုက်အုံးမယ်”
မထသမင်းသားက ပြောပြောဆိုဆိုဖြင့် အခန်းထောင့်တွင် ခင်းထားပေးသော ကုတင်တွင် သွားပြီး အိပ်လေသည်။ ကိုရင်ကျော်ကတော့ အခန်းထဲတွင်တွေ့ရသော ကွန်ပျူတာကို ဖွင့်ပြီး အင်တာနက် ထိုင်ကြည့်နေလေသည်။
xxxxx

တစ်ပတ်ခန့်ကြာပြီးနောက်
ကိုရင်ကျော်နှင့် မထသမင်းသားတို့မှာ အခန်းထဲမှာ စိတ်မသက်သာစွာဖြင့် နေထိုင်ခဲ့ရသည်။ အစားအသောက်ကိုကောင်းကောင်းကျွေးသည်။ အင်တာနက်ပေးသုံးသည်။
“မင်းသား”
“ပြောလေ..ကွင်ကျော်”
“ကျနော်တို့ ဒီထဲမှာ လှောင်ပိတ်ခံထားရတာ တစ်ပတ်ရှိပြီ၊ ဘာအတွက် ဖမ်းထားတယ် ဆိုတာလဲ မသိရဘူး၊ ဘယ်အချိန်အထိ ဖမ်းထားမယ်ဆိုတာလဲမသိရဘူး”
“ဟုတ်တယ်ဗျာ…ကျနော်…အမေ့ကိုလွမ်းတယ်”
မထသမင်းသားမှာ တော်တော်လေးလွမ်းနေပုံရသည်။ ကိုရင်ကျော်ကတော့ စိတ်ကို ဒုန်းဒုန်းချ၍ အင်တာနက်ကိုသာ အမြဲကြည့်နေလေသည်။
အချိန်အနည်းငယ်ကြာသောအခါ အပြင်မှ ခြေသံများကြားရသည်။ သော့ဖွင့်သံကြားရပြီးနောက် မချော ငါးယောက်က လက်နက်မပါဘဲ ၀င်ရောက်လာသည်။
မချောငါးယောက်က အသင့်အနေအထားတွင် နေရာယူလိုက်ပြီးနောက်…နှင်းဝေေ၀က ပြောသည်။
“ကိုရင်ကျော်…”
“ဟုတ်ကဲ့ပါခင်ဗျာ”
“ရှင်…ရန်ကုန်သွားမယ်ဆိုတာ အလုပ်ကိစ္စမှန်ကန်ကြောင်း အတည်ပြုချက်ရပြီ”
“စောစောကတည်းက ကျွန်တော်အမှန်အတိုင်းပြောခဲ့တာပါ”
“ဟုတ်ပါတယ်….အတည်ပြုချက်မရမချင်း ကျမတို့ ရှင့်ကို ဖမ်းထားရတာပါ”
ထိုစဉ် မထသမင်းသားက ရေသောက်ချင်သဖြင့် ရေသန့်ဗူးကို ထယူသည်။
“ဟို…မင်းသား..ငြိမ်ငြိမ်နေ….ဘာလက်နက်မှ မပါဘူးဆိုပြီး အထင်မသေးနဲ့…ကျမတို့ အားလုံး ကရာတေးမှာ ခါးပတ်နက်ရပြီးသားတွေချည်းပဲ”
“ရေသောက်ချင်လို့ပါခင်ဗျာ”
“ရေသောက်ပြီးရင်လာခဲ့”
“ဟုတ်ကဲ့ပါခင်ဗျာ”
“ဒီမယ်…မင်းသား၊ မြန်မာပြည်ကို ပြန်ဖို့အစီအစဉ်က အမေ့ကိုလွမ်းလို့ပြန်မယ်ဆိုတာ အတည်ပြုချက်ရပြီးပြီ”
“ကျနော်စောစောကတည်းက ပြောပါရော့လားဗျာ”
“ဟုတ်ပါပြီ…”
“ဒီတော့…ခေါင်းဆောင်ကြီးဆီက ညွှန်ကြားချက်ရလို့ ရှင်တို့နှစ်ယောက်ကို အခုလွှတ်ပေးလိုက်မယ်၊ ဒီကိစ္စကို ရဲတိုင်လား၊ ဘာလားတော့ မလုပ်နဲ့နော်”
“ဟုတ်ကဲ့ပါခင်ဗျာ…ကျနော်တို့ကို ဘာမှမလုပ်ဘဲ၊ ဖမ်းရုံသာဖမ်းထားပြီး၊ ကျွေးမွေးထားတာ၊ အင်တာနက် သုံးခွင့်ပေးထားတာကိ ကျေးဇူးမမေ့ပါဘူး”
“ကျမတို့ကလည်း ခေါင်းဆောင်ကြီးရဲ့ ညွှန်ကြားချက်အရ လုပ်ရတာပါရှင်”
“ဒါနဲ့ ခေါင်းဆောင်ကြီးဆိုတာဘယ်သူလဲ”
“မေသဇင်ပါရှင်”
“ဗျာ”
“ဘာ့ကြောင့်အခုလို ကျနော်တို့ကို ဖမ်းပြီးချုပ်နှောင်ထားရတာလဲ”
“သဇင်လေးရှင်းပြလိုက်စမ်းပါ”
နှင်းဝေေ၀က အမိန့်ပေးလိုက်သဖြင့် သဇင်လေးက အောက်ပါအတိုင်းရှင်းပြလေသည်။
“ဒီလိုပါ..မေသဇင်..မြန်မာပြည်ကို အပြန်မှာ ကိုရင်ကျော်နဲ့ မထသမင်းသားက အပိုင်ကြံကြမယ်လို့ သတင်းထွက်နေတဲ့အတွက် အပိုင်မကြံနိုင်အောင် မေသဇင့်ချစ်သူက စိတ်မချလို့ နှစ်ယောက်လုံးကို ထိန်းထားပြီး၊ သေချာအောင် စစ်ဆေးခိုင်းတာပါ၊ ခေါင်းဆောင်ကြီးမေသဇင်ကလည်း သူ့ချစ်သူလုံးဝအထင်လွဲမခံနိုင်ဘူးတဲ့ သူ့ချစ်သူဆန္ဒအတိုင်း အဖွဲ့ဖွဲ့ပြီး ကျမတို့ကို တာဝန်ပေး လိုက်တာပါရှင်”
“မထသရေ”
“ကွင်ကျော်”
“ကောင်းကြသေးရဲ့လားဗျာ”
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ
ကိုရင်ကျော်
(၁၈-၁၂-၂၀၁၁)(၁၃း၀၀)နာရီ

(ထပ်ဆင့်တင်ပြသူ)
နေခြည်သစ်နွယ်(ပြည်)
(၁၉-၁၂-၂၀၁၁) တနင်္လာနေ့

No comments: