နေခြည့်ကိုချစ်ကြသော နေခြည့်ကဗျာလေးတွေကို အားပေးဖတ်ရှုကြသော၊
နေခြည်ကလည်း ချစ်ရပါသော ညီမလေး၊ မောင်လေး၊ အစ်ကို၊ အစ်မ စတဲ့ တက်သစ်စအနုပညာပန်းပွင့်လေးများအတွက်
နေခြည်က ရေးသားဖော်ပြလိုက်ပါရစေနော်။ နေခြည်အပါအ၀င် လူတိုင်းဟာ ကိုယ်ကျင်လည်ရာဝန်းကျင်သေးသေးလေး၊
(သို့မဟုတ်) ကိုယ်ဝါသနာပါရာ နေရာလေးသေးသေးလေးမှာ ပျော်မွေ့တတ်ကြပါတယ်။
နေခြည်ချစ်သလို ယခု အွန်လိုင်းဆိုတဲ့နေရာသေးသေးလေးမှာ
အနုပညာမျိုးစေ့လေးတွေကို စိုက်ပျိုးနေကြမယ် လို့ နေခြည်ယုံကြည်ပါတယ်။ နေခြည့်လိုပဲ
ဒီအနုပညာပန်းပွင့်လေးတွေကလည်း ဘ၀ရဲ့ခါးသီးရင့်ကျက်လွန်းတဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေ၊
ချိုမြိန်သာယာမှု၊ ငိုကြွေးတမ်းတမှု၊ ပျော်ရွှင်ရင်ခုန်ခြင်းတွေကို ဥယျာဉ်လေးထဲ မှာ ဖွင့်ဟခြင်းမရှိနိုင်တဲ့အခါမှာတော့
မျိုးစေ့လေးတွေကို ရင်ဘတ်ထဲကနေ ပေါက်ဖွားလာတတ်ကြပါတယ်။ ဒီလိုပေါက်ဖွားလာခဲ့တဲ့ မျိုးစေ့လေးတွေဟာ
ကဗျာတွေ၊ ၀တ္ထုတွေ၊ ရသတွေ၊ ဆောင်းပါးတွေ၊ သုတတွေဆိုတာ တွေ ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဒါပေမယ့်
အားလုံးသောအနုပညာပန်းပွင့်လေးတွေဟာ ဒီအကြောင်းတွေရဲ့ အနှစ်သာရ၊ ဘာလဲဆိုတဲ့အရင်းအမြစ်ကိုတော့
မသိနိုင်ကြသေးပါဘူး။ အနုပညာမျိုးစေ့လေးတွေ ကြဲပတ်ရင်း ပန်းပင်တွေ၊ ပန်းပွင့်တွေဖြစ်ပေါ်လာတဲ့အခါမှာတော့
လန်းဆန်းရှင်သန်နေတဲ့ပန်းပွင့်လေးတွေကို လိုချင်လာကြ တယ်လေ။ အဲ့ဒီအခါ ပန်းပွင့်လေးတွေ၊
ပန်းပင်လေးတွေဖြစ်ပေါ်လာအောင် ဘယ်ကနေစပြီးပျိုးကြဲရသလဲဆို တာကိုတော့ နေခြည်နဲ့အတူ အနုပညာပန်းပွင့်လေးတွေအားလုံးကို
ခေါ်ဆောင်သွားပါရစေနော်။