Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 15, 2012

“အမေ့ရဲ့အနမ်း”

“အမေ”
အဝေးဆီမှာ
သားမျှော်ငေးနေရပြီ
အမေ့အိမ်ရဲ့ ရွက်ဖျင်တဲ
ချိနဲ့နဲ့ ခေါင်တိုင်အရိပ်မှာ
သားအလိုဆန္ဒတွေ မပြည့်ခဲ့
ရမ္မက်ဒေါသတွေ ပွေ့ဖက်
အခြေအနေမဲ့ခဲ့ တကယ်လို့
ထင်မှတ်တဲ့ ကြံစည်အတွေး
ခုတော့လေ အဝေးဆီဝယ်
သားတကယ် တမ်းတမိခဲ့တာ
အမေ့ရဲ့ အိမ်ကလေးတစ်လုံးရယ်ပါ…။

“မိုးကာလေး”


ဒီကဗျာလေးကတော့ တစ်ဦးတစ်ယောက်ကိုရည်ရွယ်ပြီး ရေးခဲ့တာပါ..ကဗျာလေးရေးပြီးနှစ်ပတ်လောက်အကြာမှာ တကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်ပါပဲရှင်....ကဗျာမလေးရဲ့စိတ်နဲ့ တစ်ဦးတစ်ယောက်ရဲ့စိတ်နဲ့ ဒီလောက်ပဲ တိုင်ဆိုင်ခဲ့ရသလားရှင်....။
 
သူ့အတွက် မိုးကာတစ်ထည်
ငါမျှော်မှန်းတကယ်
မိုးရေစက်တွေ..အေးတကယ်
အချမ်းတွေ..ပိုနေမလားကွယ်….။
မိုးကာလေးတစ်ထည်
သူ့အတွက် လုံခြုံစေမယ်
အချမ်းပြေ..သက်သာစေတကယ်
တန်ဖိုးဖြတ် အနှိုင်းမဲ့စေတယ်
သူ့အတွက် ရင်ခွင်နွေးစေမယ်
ကဗျာမလေးရဲ့ မိုးကာတစ်ထည်….။

နေခြည်သစ်နွယ်(ပြည်)

“ကိုကိုခူးတဲ့ပန်းမာလာ”

တောရိုင်းမြိုင်နန်း
စံပယ်ပန်းမရှိ
ခတ္တာ..ခွါညို…မှော်ရုံတောဝယ်
ရှာဖွေနေလည်း မတွေ့ပါဘဲ
ကြင်သူမေအတွက်….ထာဝရပေးမယ်
ကေသာယံထက် စံမြန်းစေ၀ယ်…
နှလုံးသားနန်းဝယ် မေတ္တာပန်းရယ်…
ကြင်သူမေအတွက် ခူးခြွေပေးမယ်… 

နေခြည်သစ်နွယ်(ပြည်)

“ဆုတောင်းခဲ့မယ်”

ဘ၀ဆက်တိုင်း…သံသရာ
ရေကြည်ရာ မြက်နုရာ
ချစ်သူနှင့် တဒင်္ဂသာ
ဆုံခွင့်တွေပေး
ရေကြည်အေးလည်း
ကြေကွဲစေအမြဲ
ချမ်းမြေ့မဖြေဆည်နိုင်…ဒီရင်မှာမှိုင်
အိပ်မက်ရဲ့ တမ်းချမ်း
လမ်းခင်းလို့သာ လျှောက်လှမ်းကြည့်တယ်
တို့ဘ၀တွေ အဝေးဆီ
မှန်းမျှော်ရည် အတိတ်နေ့ရက်တို့ဆီ…..။

တေးရေး-လှိုင်းသန့်(မြန်မာစာ)
နေခြည်သစ်နွယ်(ပြည်)

“အနုပညာပန်းတိုင်”

“အနုပညာပန်းတိုင်” ဆိုတဲ့ သီချင်းလေးဟာ တကယ်တော့ စဉ်းစားလိုက်မိရင်ဖြင့် အင်မတန်မှ အသက်ဝင်တောက်ပလှပါတယ်။ အပေါ်ယံလေး ဖတ်သွားသူတိုင်းကတော့ အနုပညာပန်းတိုင်ဆိုတာ စာသားတစ်ခုပါ၊ အဲ့ဒီသီချင်းလေးကိုရော စာဖတ်သူတို့ သေသေချာချာလေးများ ခံစားပြီး နားထောင်မိဖြစ်ခဲ့ကြသလား။ ကျွန်မကတော့ အဲ့ဒီသီချင်းလေးကို ဟိုး…ငယ်စဉ်ဘ၀တည်းက သင်္ကြန်မိုးဆိုတဲ့ အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားကြီးကတည်းက ကြိုက်နှစ်သက်မိခဲ့သူပါ။ သီချင်းလေးကို ဖန်တီးခဲ့သူကလည်း တကယ့်ကို အနုပညာရှင်တစ်ယောက်ဖြစ်ပြီး၊ အနုပညာကိုနှစ်သက်မြတ်နိုးသူဆိုတာ သိသာပါလိမ့်မည်။ စာသားလေးထဲကအတိုင်း သူတို့ရဲ့ ရည်ရွယ်ချက်တူ၊ ပန်းတိုင်တူတွေဟာ တကယ့်တော့ အနုပညာပန်းတိုင်ရယ်လို့ အမည်တွင်ခဲ့တာပါ…. ကျွန်မလည်း အနုပညာပန်းတိုင်တစ်ခုကို ဖန်တီးခဲ့မိပြီ။

“စည်းခြားနေပြီလား”


ဟိုးတချိန်ကပျာ်ရွှင်စရာကောင်းခဲ့တဲ့ချစ်သူနှစ်ဦးရဲ့ဘ၀တွေဟာခုတော့ ကမ္ဘာကြီးတစ်ခုဆီမှာ ရောက်ရှိနေသလို စည်းတွေခြားထားနေခဲ့ကြပါပြီ၊ စိတ်ကူးတွေ၊ နှလုံးသားတွေရဲ့အလိုကျ ဆန္ဒတွေထပ်တူ ဖြစ်မလာခဲ့တာ ချစ်သူနှစ်ဦးအတွက်တော့ ရင်နာစရာကောင်းနေခဲ့ပါပြီ၊ITWorldရယ်ဖြစ်လာခဲ့ပေမယ့် ဆက်သွယ်မှုလမ်းကြောင်းလေးကအစ..ဧရိယာပြင်ပတဲ့လား…မခံစားနိုင်ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ရင်ကွဲသံတွေ ဟာ တွေးမကြည့်ရုံနဲ့သိ…ပြေးမကြည့်ရုံနဲ့မြင်နိုင်ခဲ့ပါပြီ..အရာရာမှာ အသိတရားဖုံးလွှမ်းတတ်တဲ့စိတ်ထားလေး တွေဟာ တခါတရံမှာ ချစ်သူနှစ်ဦးအတွက် အဝေးဆုံးကိုရောက်ရှိစေခဲ့ပြီလား…ဆုံခွင့်တွေမပေးနိုင်ခဲ့ရင် အစကတည်းက ဆုံခွင့်တွေပေးလာတဲ့ ကံကြမ္မာကိုယိုးမယ်ဖွဲ့ အပြစ်တွေလို့ ပြောကြရအုံးမည်တဲ့လား.. ဖြစ်ချင် တာတွေ ဖြစ်ခွင့်မရခဲ့တာကို ဖြစ်ချင်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့စိတ်တွေကို အတ္တလို့ သတ်မှတ်ကြမည်တဲ့လား.. ဘတ်(စ်)ကားပေါ်မှာ စုံတွဲတွေကိုတွေ့မြင်ရင်