Tuesday, February 5, 2013
“ဝေးနေဆဲ…”
“ဝေးနေဆဲ…”
ချစ်ရသူရေ…
အနေတွေကဝေး..
အခြေအနေတွေက..မပေးလေတော့
ဝေးလို့သာ.နေကြအုံးပေါ့..။
ချစ်ရသူရေ…
စိတ်ကူးနဲ့ ပျော်မြူး
အော်…ခုထိရူးနေတုန်းပဲ..။
ချစ်ရသူရေ…
ဝေးနေတာ..တခဏပေါ့
တသသဲ့..မေ့မရခဲ့ပါဘူး
နေ့တွေမှာ..တမ်းတခဲ့လို့..
လွမ်းရတဲ့..ညတွေဟာ..
ငါ့အတွက်တော့.မိုင်ပေါင်းကုဋေ.. ။
ချစ်ရသူရေ…
အနေတွေကဝေး..
အခြေအနေတွေက..မပေးလေတော့
ဝေးလို့သာ.နေကြအုံးပေါ့..။
ချစ်ရသူရေ…
စိတ်ကူးနဲ့ ပျော်မြူး
အော်…ခုထိရူးနေတုန်းပဲ..။
ချစ်ရသူရေ…
ဝေးနေတာ..တခဏပေါ့
တသသဲ့..မေ့မရခဲ့ပါဘူး
နေ့တွေမှာ..တမ်းတခဲ့လို့..
လွမ်းရတဲ့..ညတွေဟာ..
ငါ့အတွက်တော့.မိုင်ပေါင်းကုဋေ..
“ငါ့အတွက်….သတိ”
“ငါ့အတွက်….သတိ”
နံနက်ခင်း..လုပ်ငန်းစဖို့
ညကတည်းက..တွေးပြင်ဆင်
တရေးစဉ်းစား..အလုပ်တွေက
ညအိပ်ရန်ပင်.အခက်တွေ့ရ…။
လက်စမသတ်..စာရင်းတွေက
အပျင်းဖြေရန်..အချိန်မရ…။
မှတ်စရာစာအုပ်.အဆင်သင့်ပြင်
ရင်ထိုးအသင့်..ဂျူတီကုတ်ဆင်
ရေးစရာ…ဖောင်တိန်တစ်ချောင်းက…
ညစဉ်ပင် ထည့်သိုရ..။
နံနက်ခင်း..လုပ်ငန်းစဖို့
ညကတည်းက..တွေးပြင်ဆင်
တရေးစဉ်းစား..အလုပ်တွေက
ညအိပ်ရန်ပင်.အခက်တွေ့ရ…။
လက်စမသတ်..စာရင်းတွေက
အပျင်းဖြေရန်..အချိန်မရ…။
မှတ်စရာစာအုပ်.အဆင်သင့်ပြင်
ရင်ထိုးအသင့်..ဂျူတီကုတ်ဆင်
ရေးစရာ…ဖောင်တိန်တစ်ချောင်းက…
ညစဉ်ပင် ထည့်သိုရ..။
“ဆန္ဒနဲ့ဘ၀”
“ဆန္ဒနဲ့ဘ၀”
ပျော်ရာမှာမနေ၊ တော်ရာမှာနေ
မျှော်ကာသာလေ၊ လွမ်းမိပါသလေ။
ဘ၀၀မ်းစာ..ရှာဖွေနေရာ
မပျော်ပိုက်လည်း..ပြုံးမြဲသာနေ။
မျက်နှာရွှင်ပြုံး..သော်လည်းငါ့မှာ
မျက်ရည်ဆွေမိုး..မပြတ်ဖြိုးသည်
ရင်ဘတ်ထဲသို့ဆီ….။
ပျော်ရာမှာမနေ၊ တော်ရာမှာနေ
မျှော်ကာသာလေ၊ လွမ်းမိပါသလေ။
ဘ၀၀မ်းစာ..ရှာဖွေနေရာ
မပျော်ပိုက်လည်း..ပြုံးမြဲသာနေ။
မျက်နှာရွှင်ပြုံး..သော်လည်းငါ့မ
မျက်ရည်ဆွေမိုး..မပြတ်ဖြိုးသည်
ရင်ဘတ်ထဲသို့ဆီ….။
“နှလုံးသားထဲက..မက်ဆေ့ခ်ျ(ပ်)”
“နှလုံးသားထဲက..မက်ဆေ့ခ်ျ(ပ်)”
ပျင်းရိရိ..ခံစားချက်တွေကြောင့် ..
စာအုပ်လေးတစ်အုပ်..စွဲကိုင်မိခဲ့ 
ဇာတ်လမ်းထဲမှာ…စီးမျောသက်ဝင်
ကိုယ်တိုင်..သရုပ်ဖော်ရင်း..…
မအေးမချမ်း…လေပြတွေက..
ငါ့ရင်ကို…ရိုက်ခတ်လာတယ်….။
အိပ်ချိန်တွေက..ကျော်လွန်ခဲ့ပြီ ..
မိုးသက်လေပြေ..သယ်ဆောင်လာတဲ့..
မြေသင်းရနံ့..မွှေးမွှေးလေးက..
အိပ်၍မပျော်သော..နှလုံးသားကို..
ရုတ်တရက်…နိုးထစေခဲ့ပြီ….။
အချိန်မှန်ရှိနေကျ…တယ်လီဖုန်းက
ပျင်းရိရိ..ခံစားချက်တွေကြောင့်
စာအုပ်လေးတစ်အုပ်..စွဲကိုင်မိခဲ
ဇာတ်လမ်းထဲမှာ…စီးမျောသက်ဝင်
ကိုယ်တိုင်..သရုပ်ဖော်ရင်း..…
မအေးမချမ်း…လေပြတွေက..
ငါ့ရင်ကို…ရိုက်ခတ်လာတယ်….။
အိပ်ချိန်တွေက..ကျော်လွန်ခဲ့ပြီ
မိုးသက်လေပြေ..သယ်ဆောင်လာတဲ့..
မြေသင်းရနံ့..မွှေးမွှေးလေးက..
အိပ်၍မပျော်သော..နှလုံးသားကို..
ရုတ်တရက်…နိုးထစေခဲ့ပြီ….။
အချိန်မှန်ရှိနေကျ…တယ်လီဖုန်းက
“လောဘအမှောင်“
“လောဘအမှောင်“
ဝမ်းစာဖွေရှာ၊ တတ်သည့်ပညာ
မနှေးသာပ၊ လုပ်ရပြန်တာ
သမုဒ္ဒရာ၊ ၀မ်းတထွာမို့
ဖွေးဖွေးဖြူရာ၊ ငွေမြင်မို့ရေး
အတွေးကြံစည်၊ မရှိပါလျက်
သတိတစ်ချက်၊ စည်းချက်လွဲ၍
လုပ်ငန်းမှောက်မှား၊ ချုပ်နှောင်သွားလို့
မှုခင်းရင်ဆိုင်၊ ယှဉ်ပြိုင်မရ
စဉ်တိုင်သွားရာ၊ ရုံးရှေ့မှောက်မှာ
ပြုံးရိပ်ဖယ်ခွါ၊ ခေါင်းငိုက်စိုက်ကျ
မျက်လွှာချလျက်…
ဖြောင့်ချက်မရှိ၊ အမှားသိဖြင့်
ဝန်ခံကတိ၊ ငြင်းမရှိပြီ
မှတ်ဘွယ်သတိ၊ ဆင်ခြင်ဘိ….။
နေခြည်သစ်နွယ်(ပြည်)
ဝမ်းစာဖွေရှာ၊ တတ်သည့်ပညာ
မနှေးသာပ၊ လုပ်ရပြန်တာ
သမုဒ္ဒရာ၊ ၀မ်းတထွာမို့
ဖွေးဖွေးဖြူရာ၊ ငွေမြင်မို့ရေး
အတွေးကြံစည်၊ မရှိပါလျက်
သတိတစ်ချက်၊ စည်းချက်လွဲ၍
လုပ်ငန်းမှောက်မှား၊ ချုပ်နှောင်သွားလို့
မှုခင်းရင်ဆိုင်၊ ယှဉ်ပြိုင်မရ
စဉ်တိုင်သွားရာ၊ ရုံးရှေ့မှောက်မှာ
ပြုံးရိပ်ဖယ်ခွါ၊ ခေါင်းငိုက်စိုက်ကျ
မျက်လွှာချလျက်…
ဖြောင့်ချက်မရှိ၊ အမှားသိဖြင့်
ဝန်ခံကတိ၊ ငြင်းမရှိပြီ
မှတ်ဘွယ်သတိ၊ ဆင်ခြင်ဘိ….။
နေခြည်သစ်နွယ်(ပြည်)
“အလိုလို”
“အလိုလို”
အလွမ်းအဆွေး၊ တမ်းတငေးလည်း
ရနံ့မပြယ်၊ မွှေးပျံ့လွန်းတယ်
အနမ်းပန်းရယ်၊ မကြွေစေဘဲ
ဝေမြဲနေတာ၊ ကုဋေကုဋာ။
အချစ်အလွမ်း၊ မတမ်းတလည်း
ဝင်လာစမြဲ၊ ရင်ထဲငြိတွယ်
စွဲမြဲစေတယ်၊ မေ့ရခက်တယ်
နှလုံးသားက၊ ဘာကြောင့်များရယ်။
အလွမ်းအဆွေး၊ တမ်းတငေးလည်း
ရနံ့မပြယ်၊ မွှေးပျံ့လွန်းတယ်
အနမ်းပန်းရယ်၊ မကြွေစေဘဲ
ဝေမြဲနေတာ၊ ကုဋေကုဋာ။
အချစ်အလွမ်း၊ မတမ်းတလည်း
ဝင်လာစမြဲ၊ ရင်ထဲငြိတွယ်
စွဲမြဲစေတယ်၊ မေ့ရခက်တယ်
နှလုံးသားက၊ ဘာကြောင့်များရယ်။
Subscribe to:
Posts (Atom)