သူမကို သနပ်ခါးလေးနဲ့ အမြင်အေးစရာမို့ သိပ်ချစ်စရာကောင်းတဲ့ ညီမလေးရယ်လို့ သူက ဆိုခဲ့ဘူးပါတယ်။ “မြန်မာဆန်စွာ ချိုမျက်နှာနှင့် ရူပါရွှေပန်းချီ ဘွဲ့ထူးတည်”ဆိုသည့် စကားလေးတစ်ခွန်းက အစပြုခဲ့လို့ နှောင်ဖွဲ့ မေတ္တာ သံယောဇဉ်ကမ္ဘာလေးတွေဖြစ်လို့လာခဲ့ပြန်ပါတော့သည်။
“နေ့”ဆိုသည့်အချိန်ကာလတွေမှာ အလွမ်းတွေကို သိမ်းဆည်းထားခဲ့ကြရင်း၊ “ည”ဆိုသည့် အချိန်တွေမှာတော့ အတွေးကမ္ဘာကိုယ်စီတွေဖြင့် အနုပညာပန်းခင်းလမ်းလေးတစ်ခုမှာ မေတ္တာတွေကိုအတွေးနယ်ချဲ့လို့ မိုင်ပေါင်း ကုဋေဝေးကွာနေရခြင်းသည်က သူနှင့်သူမတို့နှစ်ဦးအတွက် ဘယ်တော့များမှ ဆုံးစေတော့မလဲကွယ်။