နေခြည်လေးရဲ့ သိပ်ချစ်ရသောမမရေ၊ ညလေးရေလို့ တစ်မျိုး..နေခြည်လေးရေလို့ တစ်ဖုံ
အေးချမ်းတဲ့အသံလေးနဲ့ ခေါ်ဝေါ်ခဲ့တယ်နော်။ ဟိုးအတိတ်ကရေစက်တွေရယ်ကြောင့် ဆုံတွေ့လာခဲ့ရတဲ့
အကြောင်းတွေဟာ ထူးဆန်းအံ့သြဖွယ်ကောင်း လှသလို..မထူးဆန်းလွန်းတဲ့ သဘောတရားတွေကိုလည်း
တွေ့မြင်ခဲ့ရပါတယ်နော်။ (၃၁)ရက်နေ့ရဲ့ ညမိုက်မှာ ခရီးဦးစတင်ထွက် ခဲ့ရပြီ…အနာဂါတ်အတွက်
စာမေးပွဲတစ်ခုကို ဖြေဆိုဖို့ဆိုပေမယ့်..မမကိုပြောခဲ့တဲ့အတိုင်းပါပဲ..သိပ်ချစ်တဲ့မမကို
တွေ့ချင်မြင်ချင်ရ တဲ့အကြောင်းလေးက ထိပ်ဆုံးကဖြစ်နေခဲ့ပါပြီ….။
နေပြည်တော်ရဲ့ခရီးစဉ်ဟာ ကြမ်းတမ်းပါတယ်…တောင်ပေါ်ရိုးမပတ်လမ်းတစ်လျှောက်မှာ
တိတ်ဆိပ်လွန်းတဲ့ ခရီးသည်တွေရဲ့ ကြားမှာ..ယာဉ်တစ်စီးရဲ့မောင်းနှင်သံကလွဲလို့ ဘာမျှမကြားခဲ့ရပါဘူး…ခရီးသွားဖော်ရဲ့
ဆိုးလွန်းတဲ့အနံ့ခပ်ပြင်းပြင်းတွေကြောင့် တစ်နေ့လုံး ခရီးသွားဖို့ရာဖြစ်နေပေမယ့် လုပ်ငန်းခွင်မှ
ညနေ(၆)နာရီအပြန် ကသောကမျောဖြင့် အသင့်စီးလိုက်လာခဲ့ရတဲ့အဖြစ် တွေကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို
ခံစားရရှိခဲ့ရတာပေါ့….။
ဖေးကူသူမရှိတဲ့ ယာဉ်တစ်စီးပေါ်မှာ…တောင့်တမိပါတယ်..အားငယ်မှုတွေနဲ့အတူ ရောက်ချင်လှတဲ့
ခရီးတစ်ခုကို အမြန်ဆုံး ရောက်ရှိနိုင်ပါစေ..တွေ့မြင်ရတော့မယ့် မမရဲ့အပြုံးတွေကိုမြင်ယောင်ရင်း
ဝေဒနာတွေကို ကြိတ်မှိတ်ခံစားလာခဲ့ရင်း မနက်(၄)နာရီ ထိုးလို့သွားခဲ့ပါပြီ…ခရီးသည်တွေရဲ့
နိုးကြားလာမှုတွေနဲ့အတူ…မမရဲ့ စိုးရိမ်လှတဲ့ ခရီးဦးကြိုဆိုမှုလေးကို စတင်ခံစားရရှိလိုက်ရပါပြီ…အေးစက်လှတဲ့
ဆောင်းဦးမနက်ရီဝေေ၀လေးမှာ မမရဲ့ဖုန်းမြည်သံလေးနဲ့အတူ ခရီးဦးအကြိုတော် ထောက်လာမယ့်မိတ်ဆွေတွေကိုတွေးရင်းဖြင့်
ပျော်နေခဲ့ရပါပြီ…။