Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, July 18, 2012

“ခေတ်မှီတယ်ဆိုတာ…ဒါတွေလား”


ကျွန်မစိတ်တွေ ဒီနေ့ လန်းဆန်းနေခဲ့ပါတယ်၊ အလုပ်ခွင်ထဲရောက်ရင် ကွန့်မန့်လေးတွေ၊ မှတ်ချက်လေးတွေ ကြည့်ဖြစ်ခဲ့တာ ကျွန်မအတွက် ပီတိတစ်ခုပါပဲ၊ ၀ဘ်ဆိုဒ်တွေကိုကြည့်ရှုရင်း ဂျီတော့အကောင့်လေးကို တစ်နေကုန်ဆိုသလို ဖွင့်ထားတတ်တာလည်း အကျင့်တစ်ခုပါပဲ။
စာဖတ်သူတွေတော့ ဘယ်လိုထင်ကြမလဲမသိပါဘူး။ ကျွန်မကတော့ အွန်လိုင်းဆိုတာ ကျောင်းသား၊ လုပ်ငန်းလုပ်သူ၊ စီးပွားရေးလုပ်သူ၊ မိသားစုဝင်တွေ၊ အင်တာနက်နှင့်သက်ဆိုင်သမျှလူတွေ စသည်ဖြင့် သုံးစွဲနေကြခြင်းပင်ဖြစ်ပါသည်။
ကျောင်းသူ/သားတွေကတော့ ကျောင်းအားတဲ့အချိန်မျိုးတွေမှာ chattingထိုင်တတ်ကြသည်မဟုတ်ပါလား၊ အလုပ်ထဲတွင် အလုပ်တစ်ဖက်ဖြင့်  ရင်းနှီးသောမိတ်ဆွေ၊ သူငယ်ချင်းများနှင့် ဆက်သွယ်ပြောဆိုရန်သာ အကောင့်များကို ဖွင့်ထားခြင်းဖြစ်သည်။ မိသားစုဝင်တွေ၊ စီးပွားရေးလုပ်သူတွေအနေဖြင့်လည်း သူတို့၏ မိသားစု၊ စီးပွားဖက်သူငယ်ချင်းများနှင့် ပြောဆိုဆက်ဆံရန်အတွက်သာ အသုံးပြုခြင်းဖြစ်ပါသည်။
အခြေအနေအားလုံးကို နားမလည်သော ခေတ်လူငယ်တစ်ဦး၏ ပြောဆိုလိုက်သောစကားများမှ ကျွန်မ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်လေးတစ်ခုကို ကောက်နုတ်ဖော်ပြချင်ပါသည်။

ကျွန်မအတွက် အွန်လိုင်းဆိုသည်မှာ စာတွေရေးမည်၊ စာတွေဖတ်မည်၊ နည်းပညာတွေတိုးတက်အောင်လုပ် မည်၊ အင်္ဂလိပ်စာတွေသင်ယူမည်၊ ရင်းနှီးသောသူငယ်ချင်းတချို့နှင့်သာစကားပြောမည်။ အလုပ်တွေလုပ်ရင်း စကားပြောရသည့်အခက်အခဲကို အလုပ်လုပ်ရင်း အွန်လိုင်းအသုံးပြုသူတွေမှသာ နားလည်နိုင်လိမ့်မည်ဟု ထင်ပါသည်။ သို့ပေမယ့်လည်း ယဉ်ကျေးမှုရှိသော၊ အသိတရားရှိသောလူငယ်များသည်လည်း နားလည်နိုင်ပါ လိမ့်မည်။
ဒီဘလော့လေးသည် လူငယ်များအားလုံးကို ပြောဆိုရေးသားခြင်းတော့မဟုတ်ပါ။ ကျွန်မကြုံတွေ့ခဲ့ရသော သင်ခန်းစာလေးတစ်ခုရယ်ပါ။
နေ့စဉ်နှင့်အမျှ တဟိုင်းဟိုင်းလုပ်နေသောသူများကို ကျွန်မပြန်ပြီးမဟိုင်းနိုင်ခဲ့ပါ။ ကျွန်မ၏မိတ်ဆွေ၊ သူငယ်ချင်း များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်သာ..ရံဖန်ရံခါ ပြန်ပြောတတ်သည်သာ။ ဒီလိုအချိန်တွင်တော့
  “ဟိုင်း”
“ဟိုင်း”
“ခင်ချင်လို့ပါ..”
“ရပါတယ်”
“ရိုးရိုးခင်ချင်တာမဟုတ်ဘူး..”
“ရှင်…”
“vzoချက်ကြရအောင်”
“ကျွန်မအလုပ်တဖက်နဲ့မို့ မအားပါဘူးရှင်….”
“ဟာ…မပြောနဲ့…”
“ရှင်…”
“ပျင်းနေတယ်….”
“ရှင်…”
“ပျင်းနေရင် လိုင်းပေါ်မှာ လေ့လာစရာစာအုပ်တွေအများကြီးရှိတယ်…ဖတ်လိုက်ပါလား”
“နင့်အပူပါလား…မပြောနဲ့”
တဖက်သားသူသည် မည်သူမည်ဝါဆိုတာကိုရယ်မသိ၊ ကြီးသူ၊ ငယ်သူဆိုတာကိုလည်းမသိနိုင်၊ ရဟန်းလား၊ လူလားဆိုတာကိုလည်းမသိနိုင်၊ ထိုသူ၏အပြုအမူတို့က ရိုင်းစိုင်းလွန်းလှပါသည်။ လောကတွင် လူတို့ကျင့်သုံး အပ်သော အကျင့်စရိုက်များ၊ အမှုကိစ္စများသည် ထိုသူ၏ စိတ်နှင့်ဖြစ်ပေါ်လာသော ကီးဘုတ်ပေါ်မှ ရိုက်ချက် လေးများပင် ဖြစ်နေသည်ရောလား။
ထိုသူ၏ဆိုစကားတွင်..“ပျင်းနေသည်”ဆိုသောစကားသည် အွန်လိုင်းတွင် ပြောစရာလိုမည်မထင်၊ vzoနှင့် ချက်ရအောင်ဆိုသည်၊ မခင်မင်၊ မရင်းနှီး၊ မသိကျွမ်း၊လူတစ်ယောက်နှင့် ရုပ်မြင်ကြည်နူးဖို့ရာ လိုအပ်မည်မထင် ပါ။ ထိုအချိန်တွင် ကျွန်မသုံးသပ်မိသည်က ယောက်ျားနှင့်မိန်းမတို့၏သဘောတွင် ယောက်ျားတို့၏ဆွဲဆောင်မှု၊ မိန်းမတို့၏ဆွဲဆောင်မှုဆိုသည့် ကာမဂုဏ်တွင် ကြုံရာပျော်မွေ့ပုံစံမျိုးတွင် ဖြစ်နေကြနေပြီလား။
ကျွန်မတို့၏ အွန်လိုင်းဆိုသည်တွင် လေ့လာစရာ နည်းပညာ၊ ဖတ်ရှုစရာ သုတရသတွေအပြင်၊ တက်ချင်စရာ နိုင်ငံတကာအဆင့်မြင့်ကျောင်းများ၊ အွန်လိုင်းမှသင်ယူနိုင်သော ဒီပလိုမာများ စသည်ဖြင့် နည်းပညာနှင့်အညီ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ကျွန်မအပါအ၀င် ကမ္ဘာပေါ်တွင်ရှိကြသောလသာူးများအတွက် အင်မတန်မှ ပင် တန်ဘိုးထားစရာတစ်ခုပါပင်။ ဒီလိုအဖြစ်အပျက်မျိုးတွေကို ရိုက်ချိုးပစ်လိုက်သည်က..ထိုသူ၏ စကားများ ပင်ဖြစ်ပါသည်။
ဒီအတွေ့အကြုံလေးက ဥပမာတစ်ခုရယ်ပါ…ထို့ထက် ရင်နာဖွယ်…စက်ဆုပ်ဖွယ်ကောင်းသော..အဖြစ်အပျက် တစ်ခုကိုတော့ ကျွန်မစာရေးသူ ရေးဖို့ပင် ရှက်လှပါသည်…နားမခံသာ..မကြားဝံ့…မမြင်အပ်သော sexually အကြောင်းအရာများပင်ဖြစ်သည်…
“ဟိုင်း”
………………………
………………………
………………………
ကျွန်မစိတ်တွေ မခံမရပ်နိုင် ဖြစ်လာလာသည့်အဆုံးမှာတော့ ထိုသူကို ပြန်ပြောမိလိုက်သည်။ တကယ်ဆိုတော့ မပြောသင့်တော့ပါ။ သို့ပေမယ့် ပြန်ပြောမှ အသိတရားရှိမည့်သူများအတွက် ကျွန်မပြောခဲ့ချင်သေးသည်…
“မင်းက ဒီလိုအပြောတွေပြောရအောင် လူကမွေးထားတာမှဟုတ်ရဲ့လား”
“မင်းမှာ အမေတွေ၊ နှမတွေမရှိလို့…ဒီလိုပြောရတာလား”
“မင်းမိဘတွေကရော..ဒီလိုပဲသင်ထားသလား”
ဆိုသည်နှင့် ထိုသူက…
“ကျုပ်…ဟိုင်းတာကို…ဘာလို့ ပြန်မပြောတာလဲ..ဘာလို့ ပြန်မဟိုင်းရတာလဲ”
“ဒါကြောင့်..ကျုပ်ပြောတာ…ဘာဖြစ်လဲ”
ကျွန်မ အပြင်းအထန်စိတ်ဆိုးသွားသည်။ ကျွန်မ၏မိတ်ဆွေများကိုပင် အချိန်ပြည့် မဟိုင်းနိုင်ခဲ့ပါ။ ယခုလို ထိုသူနှင့် တစ်လုံးတပါမျှဘဲမသိဘဲနှင့် ကျွန်မကို စကားလုံးကြီးကြီးများနှင့်ပြောဆိုသူကို ကျွန်မဟိုင်းခဲ့မိလျှင် ဖြင့်..ထိုသူမျိုးကို ကျွန်မမဟုတ်သော မိန်းကလေးများတွေ့မိခဲ့လျှင်ဖြင့် အရှက်ကြီးရှက်နိုင်ပါသည်။
အွန်လိုင်းဆိုသည်မှာ  အကျိုးရှိစွာအသုံးချဖို့အတွက်သာဖြစ်ပါသည်။ ကျွန်မစာရေးသူမိန်းကလေးတွေ၊ ယောက်ျားလေးတွေသည် အ၀တ်အစားမှသည် ခေတ်မှီအောင်ဝတ်ဆင်တတ်ကြပါသည်။ သို့ပေမယ့် ခေတ်လွန်အောင်မ၀တ်ကြစေချင်။
ကျွန်မတွေ့ခဲ့ဘူးသော အွန်လိုင်းမိတ်ဆွေများ၊ လူငယ်များထဲတွင် ထိုသူကဲ့သို့သော ရိုင်းစိုင်းပြီး ယဉ်ကျေးမှုမရှိ သောသူမျိုးများ မမြင်ခဲ့ဘူး၍လည်း ပိုလို့စိတ်ဆိုးမိခဲ့ပါသည်။ ယောက်ျားလူငယ်လေးများတိုင်းတွင်လည်း ထိုသူကဲ့သို့ သောလူမျိုး ရှားပါးလွန်းမည်ထင်ပါသည်။
ထိုသူ၏ပြုမူပြောဆိုပုံတို့ကို စာရေးသူကျွန်မတွင်မဟုတ်ဘဲ လူငယ်ယောက်ျားလေးများပင်လျှင် ထိုသူ၏ sexuallyစကားများကို ကြားခဲ့မိလျှင်ဖြင့်…ပြောဆိုပြစ်တင်ဝေဖန်ကြလိမ့်မည်ထင်ပါသည်။
ကျွန်မစာရေးသူကဲ့သို့ပင်၊ အနာဂါတ်မှာပွင့်လန်းမည့်မိန်းကလေးများနှင့်တကွ..လူငယ်ယောက်ျားလေးများသည် လည်း ထိုသူကဲ့သို့…ယဉ်ကျေးမှုမရှိသော၊ ရိုင်းစိုင်းပြုမူတတ်သောသူများနှင့်…မတွေ့ဆုံကြပါစေရန်၊ တွေ့ဆုံခဲ့ ကြလျှင်လည်း မပေါင်းအပ်သောသူများပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း ….
အွန်လိုင်းဆိုသည်ကို..အသုံးပြုကြစေချင်ပါသည်..နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန်အတွက် မဖြစ်မနေ အင်တာနက်ဆိုသည်ကို သုံးကြရမည်မှာ ဧကန်ပင်ဖြစ်ပါသည်။ သို့ပေမယ့် ထိုသူကဲ့သို့ အပြုအမူအတွက်… အင်တာနက်ဖြစ်ပေါ်လာရခြင်းသည်ပင်…“ဒါ…ခေတ်မှီတာလား”လို့ ကျွန်မ ပြောလိုက်ချင်ပါသည်။



နေခြည်သစ်နွယ်(ပြည်)

No comments: