နေ့သစ်တစ်နေ့လေးမှာ
သူမ သူ့ရဲ့စာလေးတစ်စောင်ကို မျှော်နေမိခဲ့သည်။ သူမကို သူကသိပ်ချစ်ခဲ့ပါတယ်… သူချစ်တာကို
သူမလည်းအသိပင်။ သူမအတွက် စာကလေးတစ်စောင်ဟာ နေ့တစ်နေ့၏ ခွန်အားတစ်ခုပင်..။
သူမထံသို့
စာလေးတွေ မရောက်သည့်နေ့များဆို သူမစိတ်တွေ ယောက်ယက်ခတ်နေခဲ့သည်.. ဒါပေမယ့် သူမ၏ နားလည်မှုတစ်ခုသည်
နက်ရှိုင်းလွန်းခဲ့သည်..သူမ သူ့ကို သိပ်ချစ်ခဲ့ပါသည်..ချစ်ခြင်းကို ဘယ်လိုပြောရ ပါ့မလဲ
သူမအကြိမ်ကြိမ်စဉ်းစားမိခဲ့ဘူးသည်.. သူမ ချစ်တယ်ဆိုတာကို မရှက်မ၀ံ့ပင် ပြောပြချင်မိသည်..။
သူသိပါစေဆိုတဲ့အတွေးတစ်ခုပေါ့….တာဝန်တွေကြားကနေ
စွန့်စွန့်စားစားချစ်ခဲ့တဲ့ သူက သူမအတွက်ဆို အဆင်သင့်တဲ့လေ… သူ့ရဲ့အချစ်တွေက သူမထက်ပိုနိုင်မည်လား..အချစ်မှာ
မေးခွန်းမရှိ..ဘာကြောင့်ချစ်သလဲ ဆိုသည့်အဖြေမျိုးလည်းမရှိခဲ့…သူမ သူ့အပေါ်တွင်ချစ်ခဲ့သည်က
ပကာသန၊ အသိုင်းအ၀ိုင်း..အို..ဘာဆိုဘာမှ မရှိ…ဘာဆိုဘာတစ်ခုမှ မသိခဲ့တဲ့ သူ့အပေါ်ချစ်တဲ့
အချစ်တွေကို..သူသိနိုင်အောင်..ဘယ်လိုပြောရပါ့မလဲ….။
စာလွှာလေးဖြင့်
ချစ်နေရသော သူမဘ၀က သနားစရာပင်ကောင်းနေခဲ့ပြီလား…ဖုန်းတစ်လုံးကို လက်မှာကိုင်လို့ ဖုန်းလေးဆက်မည်ပင်ကြံသေး…သူ့အတွက်
စိုးရိမ်စိတ်တွေက တပုံတပင်နဲ့ပေါ့…၀န်းကျင်တစ်ခုလုံးတွင် စကား မပြောရဲလောက်အောင်ပင်
သူ့အလုပ်က ခပ်များများ….
နောက်ဆုံးတော့လည်း
သူမလက်လျှော့လိုက်ရသည်..အချစ်ဆိုသည်က ပြေးလေလိုက်လေ သဘောမျိုးရယ် လား…(သို့မဟုတ်) လိုက်လေပြေးလေသဘောမျိုးရယ်လား…သူမ
မစဉ်းစားတတ်တော့ပေ..အချစ်နဲ့ဝေးကွာ ခြင်းဆိုတာ တကယ်တော့ မျဉ်းပြိုင်နှစ်ကြောင်းလိုဖြစ်နေခဲ့တယ်ဆိုတာ
သူမရိပ်မိသွားခဲ့သည်။
သူမအတွက်
အချစ်ဆိုတာ ဖွဲ့ဆိုစရာစကားလုံးမရှိခဲ့…“ဟင်း…”ဆိုပြီး သက်ပြင်းရှည်လေးတစ်ချက်လောက်
ချလိုက်မိတဲ့အခါ သူမရဲ့စိတ်ထဲမှာ မွန်းကျပ်မှုတွေက တဒင်္ဂတော့ ပျောက်ရှသွားခဲ့ပြီ…သူ့ကို
မျှော်မိတဲ့အချိန်.. သူ့ကိုချစ်ခဲ့တဲ့အချစ်…သူ့အပေါ်မှာထားခဲ့တဲ့ သူမရဲ့မေတ္တာတရားတွေက…ဝေးခြင်း..နီးခြင်းဆိုတဲ့သဘော
တရားတွေမပါ…နားလည်မှုတံတိုင်းတွေဖြင့်သာ တည်ဆောက်ထားခဲ့သည်…။
သူမ၏ရင်ထဲကို
သူ့ကို ခဏလေးဖြစ်ဖြစ် ၀င်ကြည့်စေခဲ့မိသည်…သူမစိတ်တွင် ဘာတွေဖြစ်နေမည်နည်း.. သူ့ကို
လွမ်းရသည့်စိတ်တို့က ထမင်းမစားရသည့်အဖြစ်အပျက်ထက်ပင်ဆိုးနေသည်လား..
“အနာသိ…ဆေးရှိ၏”တဲ့
ဝေဒနာကိုသိခဲ့ပေမယ့်လည်း
ကုစားဘို့ရာဆေးကတော့ ဝေးကွာခြားနားလွန်းပါတယ်လေ..
“ချစ်တယ်…ချစ်တယ်…အရမ်းချစ်တယ်”
“အရမ်းလွမ်းတယ်…သိပ်လွမ်းတယ်”
အဲ့ဒီလိုစကားတွေကို
သူမ အော်ဟစ်ပြောပြလိုက်ချင်သည်…သူ့မျက်နှာကို ရှေ့တည့်တည့်မှကြည့်… ရင်ချင်း အပ်ကာ
မျက်ဝန်းမှ နှလုံးသားတစ်စုံကို မြင်နိုင်အောင်ကြည့်လိုက်ချင်သည်..ထို့နောက်တွင်မှ သူမ
ပြောချင်ခဲ့ သော အလွမ်းလေးတွေအကြောင်းကို အပ်ကြောင်းထပ်နေအောင် ပြောခဲ့ချင်မိသည်…သူမရင်ထဲက
ချစ်စကား လေးတွေကို သူ မြင်နိုင်ပါ့မလား…နားလည်နိုင်ပါ့မလားလို့ ဆွံ့အအတွေးတို့က သူမတစ်ယောက်တည်း
အထီး ကျန်စွာ…ယောင်လည်လည်ပင်ဖြစ်နေတော့ပါသည်…။
လေးလေးနက်ချစ်ခဲ့ရတဲ့
သူ့ကို သူမ အပြစ်တွေရှိခဲ့သည်ဟု ကိုယ်တိုင်ခံစားမိသည်..သူကရော သူမကို ချစ်နိုင်မည်တဲ့လား၊
သူ့ကို သူမ၏စိတ်တို့မှ မယုံရဲစွာ… “ချစ်မှချစ်ပါ့မလား”ဆိုသည့် စိုးရိမ်စိတ်မျက်လုံးကလေး
များမှလည်း မျက်ရည်များဖြင့် စို့နင့်ကြေကွဲနေခဲ့သည်…“အခြားကောင်မလေး”တွေကိုများ ချစ်သွားလေမလား..
သူမထက်ပင် ပိုချစ်သွားနိုင်မလားဆိုသည့် စိုးရိမ်စိတ်တွေက သူမအတွက်တော့…
“သူ့ကို
နောက်ထပ်မချစ်တော့ပါဘူး”ဆိုသည့် ဆုံးဖြတ်ချက်လေးပင် ချလိုက်မိဟန်တူပါသည်..သူကတော့ ရိပ်မိဟန်မတူပါဘူး…
“သူ…အခြားမိန်းကလေး”တစ်ယောက်ကို
ချစ်သွားပြီဆိုသည့် နာကျင်စွာနဲ့ ကြားခဲ့ရတဲ့ စကားလုံးတွေအတွက် သူမရဲ့ နားတွေထက်..
နှလုံးသားမှ ၀မ်းနည်းကြေကွဲမှုတွေကိုရော သူသိနိုင်မှာလား…သူမ ရရှိလာခဲ့တဲ့ အချစ်တွေ..သူမရရှိခဲ့တဲ့
နာကျင်စရာကောင်းတဲ့ဝေဒနာတွေအတွက်..သူမ လျော်ကြေးတောင်းဆိုချင်မိ တယ်…။
“သူ”နားမလည်နိုင်ခဲ့တာလား..သူမကို
တကယ်ပဲမချစ်တော့လို့လားဆိုသည့် မေးခွန်းမျိုးတွေ သူမစိတ်ထဲမှာ တဖွဖွနဲ့ဆိုသလို မေးမြန်းနေခဲ့မိသည်..“တော်ပါပြီ”ဆိုသည့်စကားတွေ…“အချစ်ကိုကြောက်သွားပါပြီ”ဆိုသည့်
စကားတွေကိုလည်း အကြိမ်ကြိမ်အောင်ပါပဲ…။
“သူမ”ဆိုတဲ့
မိန်းကလေးတစ်ယောက်ဟာ တကယ်တော့လည်း သူ့ကိုချစ်နေခဲ့တယ်ဆိုပေမယ့် သူမရဲ့အချစ် တွေကို
တိတ်တိတ်လေးပဲရုတ်သိမ်းခဲ့ချင်မိနေတော့တယ်..အချစ်၏နားလည်ယုံကြည်ခြင်း…သစ္စာရှိခြင်းဆိုတဲ့..
ကာရံတွေပါတဲ့စကားတွေကြားမှာ သူမရဲ့နှလုံးသားတွေကို နစ်မြုပ်နိုင်စွမ်းအားမရှိခဲ့တော့လို့ပါ..
ထို့ကြောင့်… သူမနှင့်အတူ…သူမ၏နှလုံးသားလေးသည်လည်း အထီးကျန်ဆန်စွာဖြင့်…အချစ်ဆိုသည့်အရာကို
ကျောခိုင်းခဲ့ လေပြီ…………..။
(စိတ်ကူးနှင့်ဘ၀ အနုပညာကိုတန်ဘိုးထားပုံဖော်သည်။)
နေခြည်သစ်နွယ်(ပြည်)
No comments:
Post a Comment