Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, December 1, 2012

“ငါ့ရင်ခွင်”



ဗလာကျင်းတဲ့ ငါ့ရင်ခွင်ဟာ

သစ်ရွက်လေးတစ်ရွက် ကြွေကျရင်တောင်

ကြေမွမတတ်နှလုံးသားတွေဟာ

ယိုင်နဲ့နဲ့ဖြစ်သွားနိုင်တယ်။

ခံစားချက်မရှိတဲ့ ငါ့နှလုံးသားဟာ

လေပွေရိုင်းတစ်ချက် ဝှေ့လာရင်တောင်

ပြိုလဲမတတ် ဖြစ်ခဲ့ပြန်တယ်။

ဥပေက္ခာမဲ့တဲ့ နှလုံးသားဟာ

ကျောက်စိုင်တွေ ပြိုလဲခဲ့ရင်တောင်

နေသားတကျဖြစ်နေလျက်ပါကွယ်။

မုဒိတာအပွားခက်တဲ့

အချစ်ဒဿန နှလုံးသားဟာလည်း

တကယ်တော့..

အပြီးတိုင်အဆုံးသတ်စေခဲ့ပါပြီ။ 


နေခြည်သစ်နွယ်(ပြည်)

No comments: