Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Thursday, December 20, 2012

“မေတ္တာလွှမ်းဝေ”



“မေတ္တာလွှမ်းဝေ”

ဘယ်ရှေးရေစက်၊ ဘယ်သဘောရယ်

ဆုံတွေ့လာတယ်၊ လောကအလယ်…။

တွေ့ဆုံကြုံကွဲ၊ ဖြစ်ပျက်မလွဲ

ခိုင်မြဲမေတ္တာ ရှိကြပါကွယ်..။

ဘ၀တစ်ကွေ့၊ ခဏတွေ့တယ်

ဒေါသအမုန်း၊ ပျောက်ဆုံးသို့လေ

ရင်၌တည်စေ မေတ္တာတွေ….။


ရှင်သန်ချိန်ခါ၊ လူ့ဘုံဝမှာ

အမြတ်အရှုံး၊ တွက်မသုံးနဲ့

ပျက်သုဉ်းသွားမှာ..မေတ္တာရယ်ပါ….။

လာခြင်းခဏ၊ မိတ်ပေါင်းသဟာ

ဆုံမက်ပျက်မယွင်း၊ မေတ္တာတွေသာ

ထားနိုင်စေရာ လွန်ချမ်းသာ..။

မေတ္တာပျက်ယွင်း၊ ကိုယ်စိတ်မရှင်း

ရွှင်မြူးကြည်သာ… အဘယ်မှာ

ဖွေရှာခက်ရ ဝေဒနာ….။


နေခြည်သစ်နွယ်(ပြည်)

No comments: