Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Wednesday, December 26, 2012

“လမင်းသာတဲ့ညက….ငိုကြွေးတမ်းတချစ်သ၀ဏ်လွှာ”

“လမင်းသာတဲ့ညက….ငိုကြွေးတမ်းတချစ်သ၀ဏ်လွှာ”
ကောင်လေးရေ…ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ အလိုလိုလွမ်းတသသစိတ်တွေက ကောင်မလေးရဲ့ရင်ကို ပူလောင်စေခဲ့ပါတယ်၊ ဒါပေမယ့်လေ အလွမ်းတွေကိုပဲ ကျေနပ်စွာနဲ့ခံယူနေမိတယ်…တိတ်ဆိပ်တဲ့ဆောင်းညမှာ ကောင်မလေးကတစ်ယောက်တည်း.. လမင်းကြီးကို မော့ကြည့်နေမိခဲ့တယ်၊ လမင်းကြီးရဲ့ဘေးမှာ..ကြယ်ဖြူလေးနှစ်လုံးရှိနေတယ်။ အရင်ညတွေကလောက် ကြယ်တွေမစုံခဲ့ပေမယ့် လမင်းကိုကြည့်ရင်း ကောင်မလေး ပြုံးနေခဲ့မိတယ်…ကောင်လေးရော..ငေးကြည့်နေမလားဟင်..။
(၅၂၈)ချစ်ခြင်းရဲ့ကောင်းကင်အောက်မှာ ကောင်လေးနဲ့ကောင်မလေးဟာ သုခုမလိပ်ပြာနှစ်ကောင်အဖြစ် တောင်ပံခတ်သံတွေက နာရီမှန်စည်းချက်တွေနဲ့အတူ ဟာမိုနီစီးမျောဖွဲ့ဆိုခဲ့ရင်း..တဒင်္ဂအချစ်တွေက အထင်ကရအချစ်တွေနဲ့ တိုးလို့သာနေခဲ့ပြန်ပါတယ်၊ မြန်မာပြည်ကြီးရဲ့တစ်နေရာမှာ ကောင်လေးရယ်…ကောင်မလေးရယ် ဆုံဆည်းခဲ့ကြပေမယ့်…မရေမရာအလွမ်းတွေက အချိန် တိုင်း တမ်းတမိရပါတယ်။ ကောင်လေးချစ်တဲ့ ပင်တိုင်စံကောင်မလေးက တစ်နေ့နေ့မှာ မေ့မသွားခဲ့ပါဘူး…အချိန်တိုင်း သတိရနေ ခဲ့တာမို့ ကောင်လေး ထာဝရ၀မ်းသာနေရမှာပါ….။
ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ ဖြူစင်ခြင်းအချစ်တွေရဲ့ ပန်းချီကားတစ်ချပ်ရဲ့တန်ဘိုးကို ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ နှလုံးသားပြတိုက်မှာ မော်ကွန်းထိုးခဲ့လိုက်ပါပြီ…ရင်ခုန်သံစစ်စစ်တွေနဲ့…လမင်းသာသောညတစ်ညမှာ ကုမဒြာပန်းလေးတွေက လမင်းရဲ့အလင်းရောင်ကို ခံယူလို့….လမင်းဖြူက ကုမုဒြာတို့ရဲ့ရနံ့ကို ကောင်းကင်ကနေ ခေါင်းငုံ့နမ်းရှိုက်လို့..ကောင်းကင်နဲ့မြေ လွှာ နေရာချင်းမနီးစပ်ပေမယ့် လမင်းနှင့်ကုမုဒြာတို့ရဲ့ ရှင်သန်မှုမှာ ထိတွေ့ခွင့်မနီး..ပေါင်းစည်းခွင့်မကြုံ…ခိုင်မြဲသောသစ္စာနဲ့ ဝေးကွာသောနီးစပ်မှုတွေက ကမ္ဘာတည်စေခဲ့ပြီလေ…။

“စာတစ်လုံး…ဘုရားတစ်ဆူ”တဲ့ ကောင်လေးရေ…ဤစာမျက်နှာထက်မှသည် ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ ချစ်မေတ္တာတွေ ထာဝရခိုင်မြဲနိုင်ပါစေနော်…လတစ်လရဲ့နောက်ဆုံးရက်တွေဟာ ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ ဆုံဆည်းခြင်းအစပေါ့.. ငွေကြေး တန်ဘိုးမမြင့်မားပေမယ့်..နှလုံးသားရဲ့တစ်နေရာမှာတော့ ထာဝရခမ်းနားထည်ဝါနေခဲ့ပါတယ်..ခမ်းခမ်းနားနားမဟုတ်ခဲ့ တဲ့ ဒိုင်ယာရီစာအုပ်လေးနဲ့အတူ ဟောင်းနွမ်းနေခဲ့ပေမယ့်..တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်လေးတွေက ကောင်လေးနဲ့ကောင်မလေး တို့ရဲ့ နှစ်ဦးကြားကသံယောဇဉ်တွေပေါ့…နေတွေပူနေပါစေ..မိုးတွေရွာနေပါစေ…အချမ်းတွေဘယ်လောက်ပိုပို..အနွေးဓါတ်လုံခြုံ စေခဲ့တဲ့ဦးထုပ်လေးက..ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ကိုယ်ပွားပေါ့…။
တမ်းတမ်းတတရှိခဲ့တဲ့ ညလေးတစ်ည…ငိုရှိုက်သံတွေ…အပြုံးတွေရောထွေးနေခဲ့တဲ့နေ့ရက်တွေတိုင်းဟာ..ရင်ထဲမှာတသသပဲပေါ့ ကောင်လေးရေ…အလွမ်းတွေပြည့်နှက်နေတဲ့ ဒီဆောင်းတစ်ညမှာ လမင်းကြီးကသာနေတယ်…မဝေးသောအချစ်တွေက လမင်းကြီးဆီမှာ…ထာဝရအပ်နှံထားကြရတယ်…ကမ္ဘာကြီးမှာ လမင်းကြီးမကွယ်ပျောက်သရွေ့တော့ ကောင်လေးနဲ့ကောင်မလေး တို့ရဲ့ ချစ်ခြင်းအလင်းရောင်သည်လည်း ထာဝရထွန်းလင်းတောက်ပနေအုံးမှာပါ…။ နောက်ဆုံးနှစ်သစ်ရဲ့ နောက်ဆုံးဒီဇင်ဘာမှာ တောင်းဆုတွေပြုကြရအောင်…နီးစပ်မှုမရှိနိုင်တဲ့…မဝေးသောချစ်ခြင်းတွေဟာ..နှစ်သစ်ရဲ့စတင်ခြင်းများနဲ့အတူ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း…နွေးထွေးခြင်းမေတ္တာတရားတွေနဲ့ ကမ္ဘာတည်သရွေ့ ခိုင်မြဲစွာ ချစ်ကြိုးတွေ သီနိုင်ရပါလိုပါ၏ဟု..အလွမ်းတွေကို တစ်ခန်းရပ်အဖြစ်ကနေ နှုတ်ဆက်လိုက်ကြပြီး မပြီးသေးသောပန်းချီကားတစ်ချပ်ကို ဆက်လက်အသက်သွင်းရေးဆွဲလိုက်ကြရ အောင်နော်….
နှလုံးသားမှာ…မေတ္တာတွေရှိနေသရွေ့…
သစ္စာပန်းတွေဟာ..နွမ်းကြွေလို့မသွားပါဘူး…
အလွမ်းညရဲ့…တမ်းတရခက်တဲ့
ကုမုဒ္နြာပန်းလေးဟာ…
တကယ်တော့..လမင်းနဲ့အပြိုင်လှနေပါတယ်…။
ပေါင်းစည်းခွင့်မရှိပေမယ့်..
နီးစပ်မှုရှိတဲ့…နှလုံးသားတစ်စုံဟာ
ဝေးမသွားတဲ့ ချစ်ခြင်းတွေနဲ့..
ထာဝရလန်းဆန်းရှင်သန်နေမှာပါ…။
ကံကြမ္မာတရားကြောင့် ဝေးခဲ့ကြပေမယ့်
နှောင်ဖွဲ့ထားတဲ့သံယောဇဉ်ကြိုးလေးဟာ
ဖြတ်တောက်လို့မရတဲ့…ရေစီးကြောင်းလေးနဲ့အတူ
တသွင်သွင်စီးဆင်းနေအုံးမှာပါ…။
လမင်းကြီးရှိနေသရွေ့…
တို့နှစ်ဦး၏ချစ်ခြင်းအလင်းရောင်သည်လည်း
ကမ္ဘာတည်သရွေ့ထွန်းလင်းတောက်ပနေတော့မှာပါ….။

No comments: