Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Saturday, December 29, 2012

“ဆန့်ကျင်ဘက်နှလုံးသား”

“ဆန့်ကျင်ဘက်နှလုံးသား”
ငါဟာ lawyerတစ်ယောက်ဖြစ်ပေမယ့်
ငါ့နှလုံးသားက..နူးညံ့သိမ်မွေ့ပါတယ်။
ခက်ထန်နေတဲ့…စံပုံစံယူနီဖောင်းဝတ်ခဲ့ပေမယ့်
ငါ့ရဲ့စိတ်ဓါတ်ကတော့…
ဖော့ဖယောင်းလို…ပျော့ပျောင်းနေခဲ့ပါတယ်…။
ရုံးတော်မှာ Instructionတွေ…အကြိမ်ကြိမ်ယူခဲ့ပေမယ့်
ငါ့ရဲ့ကိုယ်ရေးကိုတောင်…
ငါကိုယ်တိုင်ပြန်မရေးကြည့်မိသေးပါဘူး။
ရုံးတော်မှာ စွဲချက်တွေတင်ခဲ့ပေမယ့်
ငါ့နှလုံးသားက မယုတ်မာခဲ့ပါဘူး….။
လျှောက်လဲချက်တွေပေးခဲ့တာဟာ
အမှားကို တိမ်းရှောင်ခဲ့ခြင်းမဟုတ်
ပြစ်ဒဏ်ကို…သက်သာစေဖို့ပါ….
ဒါပေမယ့်…ငါ..ဆင်ခြေမပေးတတ်ပါဘူး။
ရုံးတော်မှာ…ထောင်ဒဏ်တွေချမှတ်ခဲ့ပေမယ့်
အပြစ်မရှိဘဲ…ငါ…မရက်စက်တတ်ခဲ့ပါဘူး…။

ရုံးတော်မှာ..အမိန့်ချခဲ့တာဟာ
အမုန်းတရားရှိလို့.မဟုတ်ခဲ့ပါဘူ
ပြစ်မှုဆိုင်ရာတရားဥပဒေအရပါ…
ငါ့ရဲ့နှလုံးသားကလည်း….ဒီဥပဒေသလိုပါပဲ….။
လွှတ်တော်မှာ အယူခံဝင်နိုင်ပါတယ်
ကာလစည်းကမ်းသတ်တစ်ခုအထိပေါ့…
ငါ့ရဲ့…လျှောက်လဲချက်တစ်ခုကောင်းခဲ့ရင်တော့..
မူလအမိန့်ကို ဖျက်သိမ်းပေးလိုက်မှာပါ…
ငါ့နှလုံးသားကလည်း…ဒီလိုပါပဲ
စာနာတတ်တဲ့လျှောက်လဲချက်တွေကိုရေးဖို့..
တစ်ညလုံး..အိပ်ပျက်ခံစဉ်းစားရင်
နှလုံးသားလွှတ်တော်မှာ..အယူခံဝင်နိုင်ဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့ရတယ်…
ဖြူစင်မြင့်မြတ်တဲ့…လျှောက်လဲချက်တွေကြောင့်
ငါ့နှလုံးသားရဲ့..အယူခံလွှာဟာ
နှလုံးသားလွှတ်တော်ကနေ….အနိုင်နဲ့ ပြန်လာခဲ့ရတယ်…
ဒါဟာ….Lawyerတစ်ယောက်ရဲ့…
ရုံးတော်တံခါး၏..ဆန့်ကျင်ဘက်နှလုံးသားတည်ရှိရာ…။

နေခြည်သစ်နွယ်(ပြည်)

No comments: