Naychi

“ကဗျာ” ဆိုတာ... နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ခံစားမှုပဉ္စလက်နဲ့ ခဲရာခဲဆစ်တူးဖော်ရရှိတဲ့ ကိန်းဂဏန်းမဲ့ တန်ဘိုးအရှိဆုံး ကျောက်မျက်အက္ခရာလေးတွေပါနော်... ဒီကျောက်မျက်အက္ခရာလေးတွေကို နှစ်ဦးသားရင်ခုန်သံ မျှဝေစီခြယ်ရင်း... ထပ်တူညီနှလုံးသားအမြွှာရဲ့ အမှတ်တရ “ အနုပညာမှတ်တိုင် ” အဖြစ် သက်ဝင်လှပစေခဲ့ပါပြီ....။ ထာဝရကမ္ဗည်းတင်...ရှင်သန်ပါစေသား.....။

“ချစ်သူကဗျာ”၀ဘ်ဆိုဒ်ကို (၁၂-၈-၂၀၁၂)တနင်္ဂနွေနေ့တွင် “ရွှေမြို့တော်”http://www.shwemyotaw.com “ကိုငြိမ်း” မှ လှူဒါန်းထားပါသည်။

Friday, June 29, 2012

ရွှေမြို့တော် ရသစုံ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ၀ယ်နိုင်သည့်ဆိုင်များ


ချစ်ခင်လေးစားရသော စာရေးသူများနှင့် မန်ဘာများအပေါင်းတို့ခင်ဗျာ…
ရွှေမြို့တော် ရသစုံ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်နေပြီဖြစ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရန်ကုန်မြို့တွင် အောက်ပါ ဆိုင်များတွင် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၂)ရက်(တနင်္လာနေ့)တွင် စတင်ရောင်းချပေးမည်ဖြစ်ပါသည်-
(၁) စာပေလောက(၅) ပန်းဆိုးတန်းလမ်း
(၂) အမေ့အိမ်           ပန်းဆိုးတန်းလမ်း
(၃) ပညာရွှေတောင်   ပန်းဆိုးတန်းလမ်း


မန္တလေးမြို့တွင် ဖြန့်ချိမည့်နေရက်နှင့် အရောင်းဆိုင်များကို ထပ်မံ ကြေညာပေးပါမည်။
ပါဝင်ရေးသားသူများအတွက် စာမူခနှင့် မေတ္တာလက်ဆောင်စာအုပ်ကို တစ်ပတ်အတွင်း ပေးပို့ပါမည်။
စာအုပ်များဝယ်ယူဖတ်ရှုပြီးပါက စာဖတ်သူများအနေဖြင့် လိုအပ်သော အကြံဥာဏ်များကို ရွှေမြို့တော် ဆိုဒ်မှ အက်မင်များထံ ဖြစ်စေ၊ အောက်တွင် မှတ်ချက်ရေးရန်နေရာတွင် ဖြစ်စေ ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြုနိုင်ပါသည်။ နောင်ထုတ်ဝေမည့် စာအုပ်အတွက် ပြုပြင်သင့် သည်များကို ပြုပြင်သွားပါမည်။
ဝယ်ယူဖတ်ရှုသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ကြိုတင်ပြောကြားလိုပါသည်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်

ထပ်ဆင့်တင်ပြသူ
နေခြည်သစ်နွယ်(ပြည်)

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/profiles/blogs/akt41?xg_source=activity#ixzz1zBP4gbsZ

No comments: